အိမ်ထောင် ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ… နန်းမြတ်ဖြိုးသင်း

0
207

နိုဝင်ဘာလထဲမှာ ချစ်သူ ကိုတာတာမျိုးနဲ့ မင်္ဂလာလက်ထပ်ပွဲတွေ ဆင်နွှဲသွားမယ့် နန်းမြတ်ဖြိုးသင်းက မင်္ဂလာ ဆောင်ပွဲ နီးနေ ပေမယ့်လည်း အနုပညာအလုပ်တွေမရပ်နားသေးဘဲ ဆက်လုပ်ဖြစ်နေပါတယ်။  နိုဝင်ဘာလထဲမှာ ချစ်သူ ကိုတာတာမျိုးနဲ့ မင်္ဂလာလက်ထပ်ပွဲတွေဆင်နွှဲသွားမယ့် နန်းမြတ်ဖြိုးသင်းက မင်္ဂလာ ဆောင်ပွဲ နီးနေ ပေမယ့်လည်း အနုပညာအလုပ်တွေမရပ်နားသေးဘဲ ဆက်လုပ်ဖြစ်နေပါတယ်။  “နန်းမြတ် ‘ပင်လယ်လုပွဲ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ချောင်းသာမှာ ရိုက်ကူးခဲ့ပါတယ်။ ပြီးတော့ ကြော်ငြာ တွေ ရိုက်ကူးဖို့ရှိတယ်။ သီချင်းဆိုဖို့ ရှိတယ်။ နောက်လထဲမှာတော့ နန်းမြတ်မင်္ဂလာပွဲ တွေရှိတယ်။ အဲဒီကြားမှာလည်း အလုပ်တွေက ရှိနေတော့ ကြိုကြားကြိုကြား လုပ်သွားမှာပါ” လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

အနုပညာကိုချစ်မြတ်နိုးတဲ့ နန်းမြတ်ဖြိုးသင်းက ဒီအလုပ်ကို သေချာအချိန်ပေးပြီး လုပ်ခဲ့တာဖြစ်တဲ့အတွက် အိမ်ထောင်ကျသွားရင်လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာဖြစ်ကြောင်းကိုလည်း “အနုပညာအလုပ်တွေက တော့ အိမ်ထောင်ကျသွားလည်း ဆက်လုပ်သွားမှာပါ။ ကိုယ်သေချာ တည်ဆောက်ထားတဲ့ အလုပ်တစ်ခု၊ အချိန် တွေ အများကြီးပေးဆပ်ခဲ့ရတယ်။ အဲဒီအတွက် ဆက်ပြီးတော့လည်း ကြိုးစားသွားမယ်။ ဒါပေမဲ့ အနုပညာရှင်ဖြစ်တဲ့အတွက် ပရိသတ်တွေ အနုပညာမောင်နှမတွေက နေရာပေးမယ်ဆိုရင်တော့ အကောင်းဆုံးဆက်ပြီး ကြိုးစားသွားမှာပါ။ ပရိသတ်ကြီး အားလုံးက နန်းမြတ်ကို နားလည်ပေးတယ်။ သူတို့ ဆက်ပြီး ချစ်ပေးမယ် ဆိုတာလည်း နန်းမြတ်တွေ့ရတယ်။ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ပရိသတ် တွေအားပေးရကျိုးနပ်မယ့် အနုပညာရှင်ကောင်း တစ်ယောက်ဖြစ် အောင် ပိုပိုပြီး အားစိုက်ပြီးကြိုး စားသွားပါ့မယ်” လို့ ပြောပါတယ်။  နန်းမြတ်ဖြိုးသင်းက မင်္ဂလာလက်မှတ်ထိုးပွဲကို ချောင်းသာကမ်းခြေမှာ နိုဝင်ဘာလဆန်းထဲ ပြုလုပ်သွားမှာဖြစ်ပြီး စုလျားရစ်ပတ်မင်္ဂလာပွဲကို နိုဝင်ဘာ ၂၆ရက်နေ့ ဆီဒိုးနားဟိုတယ်မှာနဲ့ မင်္ဂလာညစာစားပွဲကို နိုဝင်ဘာလ ၂၇ရက်နေ့ အင်းယားလိပ်ဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here