ပြတင်းပေါက်ကို
ဖြတ်သန်းတိုက်ခတ်လာတဲ့
လေနုအေးအေးလေးဟာ
ငါ့အတွက် အဖော်မွန်တွေပါ ။
မာယာကောင်းကင်က
ကြယ်တွေရေတွက်ရင်း
ကြယ်ကြွေဆုတောင်းခဲ့ကြတဲ့
ငါတို့နှစ်ယောက်ရဲ့ အတိတ်
အနားယူအိပ်စက်သွားခဲ့တာ ကြာပေါ့
ဘယ်တော့မှ မနိုးနိုင်တဲ့
အိပ်စက်ခြင်း ကြိုးတွေဟာ
ငါ့ရဲ့ မျှော်လင့်ခြင်းအိပ်မက်မှာ
လာရစ်နှောင်ထားတယ်။
ဟိုအေဝး လေရာင္မႈန္ပ်ပ်
လွှမ်းခြုံထားတဲ့
ငါ့ရဲ့ အိပ်မက်ညနက်ထဲမှာလည်း
နင့်ပါးပြင်က သနပ်ခါးနံ့တွေ
သင်းနေတုန်း
နင်ပြုံးလိုက်တိုင်း လန့်နိုးတတ်တဲ့
အိပ်မက်ညဟာ
အချိန်ကြာလေ အသက်ဝင်လာလေ မာယာ
မာယာရေ………………..
နင်ဖန်ဆင်းပေးခဲ့တဲ့ ငါ့ရဲ့ပန်းချီကား
နင်မရှိချိန် နောက်ပိုင်းကာလတွေမှာ
အရောင်မှိန်မှိန်ဆေးသားက
လွင့်ပြယ်စပြုနေပြီ။
ခွင့်မတောင်းဘဲ
နင်နားခိုသွားတဲ့ ငါ့ရင်ခွင်ဟာ
နင့်ရဲ့ ပုံရိပ်လှလှလေးတွေ
ထာဝရမြင်တွေ့နိုင်ဖို့
မျှော်လင့်ခြင်းစုတ်တံနှင့်
မှုန်းခြယ်မိဆဲပါ မာယာ။
မင်းမြတ်သွေး(ဖောင်းပြင်)