ဒုတိယစီးရီးအတွက် သီချင်းသစ်တွေ စုဆောင်းနေတဲ့ ဆန်းသစ်လ

0
233

ဆန်းသစ်လက သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ ‘မေမေ့ရဲ့ အောက်စီဂျင်’ တစ်ကိုယ်တော် အခွေကို စက်တင်ဘာလအတွင်း ပရိ သတ်လက်ထဲ ထည့်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီစီးရီးခွေအတွက် ပြင်ဆင်နေချိန်မှာ မိခင်ဖြစ်သူတေးသံရှင်မေရွက်ဝါရဲ့ ပံ့ပိုးမှုတွေလည်း များစွာပါဝင်ခဲ့ ပြီး ပရိသတ်တွေ လက်ခံအားပေးတဲ့အတွက်လည်း ထပ်ပြီးကြိုးစားဖို့ အားတွေ ဖြစ်ရတယ်လို့ ဆန်းသစ်လကဆိုပါတယ်။ ဆန်းသစ်လရဲ့ အသံနဲ့ လိုက် ဖက်အောင် သီချင်းအချိုလေးတွေပဲ ရွေးချယ်ထည့်သွင်းထားတဲ့ ဒီအခွေ အပေါ် ပရိသတ်တွေရဲ့ တုံ့ပြန်မှု အနေအထားအကြောင်းကို ဆန်းသစ်လက “ဒီအခွေလေးအတွက်တော့ ရွှေလ အချိန် ၂ နှစ်နီးပါး ပြင်ဆင်ခဲ့ပါတယ်။ အခုတော့ ကြိုးစားပြင်ဆင် မှုတွေနဲ့ ပရိသတ်လက်ထဲကိုလည်း ထည့်နိုင်ပြီ။

ဒီအခွေလေးအပေါ် ပရိသတ်တွေရဲ့ တုံ့ပြန်မှု ကတော့ရွှေလကို သိကြတဲ့ ပရိသတ်တွေက သီချင်းလေးတွေကို သဘောကျ တယ်။ အားပေးကြတယ်။ သီချင်းအဟောင်း ၃ပုဒ်ကိုလည်းထည့်ထားပြီးသီချင်း အသစ် ၈ပုဒ် အပါအဝင်မှာ ပရိသတ်တွေက “မောင်ရေအချစ်ရေ” ဆိုတဲ့ သီချင်းကိုတော့ တော်တော်လေးအားပေးကြတယ်။ FM တွေမှာလည်း မ ကြာခဏသီချင်းတောင်းကြတဲ့အတွက်လည်းရွှေလက ကျေးဇူးတင်ပါ တယ်။ ဒီအခွေလေး ဖြစ်လာဖို့ဆိုတာက ရွှေလမေမေရဲ့ပံ့ပိုးမှုတွေ အများကြီးပါပါတယ်။ ညီမလည်းအချိန်တွေအများကြီးပေးပြီး ပြင်ဆင် ခဲ့တဲ့အတွက် ဒီအခွေလေး ထွက်ရှိလာတာဟာ ညီမရဲ့ မျှော်လင့် ချက်တွေပြည့်ဝလာသလိုပါပဲ” လို့ ပြောပါတယ်။

 နောက်ထပ် ထွက်ရှိမယ့် ဒုတိယ အခွေအတွက် သီချင်းသစ်တွေ ထပ်မံစုဆောင်းနေတယ်လို့လည်း ဆန်းသစ်လကဆိုပါတယ်။ဆန်းသစ် လကသရုပ်ဆောင်ပိုင်း၊ သီချင်းပိုင်းတွေ ပြုလုပ်ရင်း မထင်မှတ်ဘဲ အစီ အစဉ်တင်ဆက်သူအနေနဲ့လည်း အဆိုပြိုင်ပွဲ တစ်ခုမှာပါဝင်ပြုလုပ်ဖြစ်ခဲ့ ပါတယ်။ ပထမဆုံး ဃြ အနေနဲ့ ပြုလုပ်ရတဲ့အပေါ်ဆန်းသစ်လ ကြုံတွေ့ခဲ့ရတာတွေက ” ရွှေလကGalaxy Star ပရိုဂရမ်အတွက် မထင်မှတ်ဘဲနဲ့ MCလုပ်ဖြစ်ခဲ့တယ်။ ဒီအစီအစဉ်ရဲ့ တာဝန်ရှိသူ တစ်ဦးနဲ့ Game Show တစ်ခုမှာသိပြီး သူတို့ဘက်က ကမ်းလှမ်းတာနဲ့ပဲ ဃြ အလုပ်ကို လက်ခံခဲ့တာပါ။ ရွှေလက MC အတွေ့အကြုံကတော့ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်းအားလုံးရဲ့သင်ပြမှုတွေနဲ့အတူ ရွှေလက လည်းကြိုးစားတဲ့အတွက် အခက်အခဲတွေ အများကြီးတော့ မရှိဘူး။ ပရိသတ်တွေလည်း သိပ်အပြစ်မပြောပဲ ချစ်ခင်အားပေးတဲ့အတွက် ရွှေလ ဘက်ကလည်း ဝမ်းသာရပါတယ်ရှင်” လို့ပြောပြပါတယ်။ဆန်းသစ်လက အောက်တိုဘာလလောက်မှာ အိမ့်ချစ်၊ ရွှေထူးတို့နဲ့အတူ စင်္ကာပူကို သွား ရောက်ဖျော်ဖြေခဲ့ပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here