သားနှစ်ယောက်ဖခင် ဖြစ်တော့မယ့် R ဇာနည်

0
139

အဆိုတော် R ဇာနည်က မကြာ ခင်မှာ သားနှစ်ယောက် ဖခင် ဖြစ် တော့ မှာ ဖြစ်ပါတယ်။မကြာခင်မှာ မွေးဖွားတော့မယ့် သားငယ်လေးနဲ့  ပတ်သက်ပြီး  R ဇာနည်က  “ကလေးကအစက မယူတော့ ဘူးနေပြီးမှ ဖစ်ဖစ်တုန်လေးကလည်း အဖော်လိုချင်တာမျိုးဖြစ်တယ်။ပြီးတော့သူလည်းတစ်ယောက်တည်း ဖြစ်နေမှာစိုးတယ်။ ဆော့ရင်လည်း သူကတစ်ယောက်တည်း ဆော့နေရတယ် ပေါ့။ နောက်ထပ် သူ့ရဲ့သွေးသားရင်းတစ်ယောက် ရှိလာပြီဆိုရင် သူ့ အနေ နဲ့ဘာပဲပြောပြောတစ်ချိန်ကျရင်တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ရမယ်။ ငဲ့ညှာ တတ်တဲ့ စိတ်ထားမျိုးတွေလည်းရှိလာတာပေါ့။ကျွန်တော် တို့ အနေနဲ့ လည်း နောက်ထပ်ကလေးလေး သေးသေးလေး တစ် ယောက်ထပ် ပြီးလိုချင် တယ်။ ထပ်ချစ်ချင်သေးတော့ ယူဖြစ်သွားတာပါ” လို့  R ဇာနည်ကပြောပါ တယ်။

 Rဇာနည်ကသားနှစ်ယောက် ဖခင်ဖြစ်လာပြီဖြစ်တဲ့အတွက်သူ့ သားလေးတွေအပေါ်မှာသူ့အနေနဲ့သူတို့ဖြစ်စေချင်တာကိုပံ့ပိုးပေးသွားမယ် လို့ဆိုပါ တယ်။”ကျွန်တော့်အနေနဲ့ ဖစ်ဖစ်တုန် ကိုလည်း ဘယ်လိုဖြစ်စေချင်သလဲ ဆိုရင် သူဖြစ်ချင်တာကို ဖြစ်သင့် ဖြစ်ထိုက်တယ်ဆို/ရင် အကောင်းမွန်ဆုံးပံ့ပိုး ပေးမှာပေါ့။ ကျွန်တော် တို့ ခုကြိုးစားနေတယ်၊ ရုန်းကန်နေ တယ်ဆိုတာလည်း တစ်ချိန်ကျရင် သူတို့ အတွက်ပါပဲ” လို့  R ဇာနည်က ပြောပါတယ်။

Rဇာနည်က နိုဝင်ဘာလ အတွင်းမှာလည်း ဇော်ဝင်းထွဋ်၊ဝေလတို့နဲ့အတူ ဂီတဖျော်ဖြေပွဲတစ်ခုဖျော်ဖြေဖို့ရှိပြီးသူတို့သုံးယောက်ပေါင်းကာ စီးရီး တစ်ခွေလည်း ထွက်ရှိလာဖို့ ရှိတယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here