မိန်းကလေး ပီသတဲ့ ကောင်မလေးတွေကို သဘောကျ နှစ်သက်တယ် ဒေါင်း

0
332

သရုပ်ဆောင်ဒေါင်းက ထိုင်းနိုင်ငံက ဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမယ့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားမှာ နိုင်းနိုင်း၊  ဝတ်မှုံရွှေရည်တို့နဲ့အတူ ပါဝင် သရုပ်ဆောင် သွားမှာဖြစ်ပြီး ဓာတ်ပုံ ဆရာတစ်ဦး အနေနဲ့ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ အခန်းနည်းပေမယ့် လက်ခံရိုက်ကူးရခြင်း အကြောင်းကို တော့ ဒေါင်းက…သရုပ်ဆောင်ဒေါင်းက ထိုင်းနိုင်ငံက ဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမယ့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားမှာ နိုင်းနိုင်း၊  ဝတ်မှုံရွှေရည်တို့နဲ့အတူ ပါဝင် သရုပ်ဆောင် သွားမှာဖြစ်ပြီး ဓာတ်ပုံ ဆရာတစ်ဦး အနေနဲ့ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ရတဲ့ အခန်းနည်းပေမယ့် လက်ခံရိုက်ကူးရခြင်း အကြောင်းကို တော့ ဒေါင်းက… “ကျွန်တော် ဒီဇာတ်ကားကို လက်ခံရတဲ့ အကြောင်းရင်းက တစ်ခုပဲ။ ကျွန်တော် အဲဒီဇာတ်လမ်းကို စဖတ်ကြည့်တဲ့ အချိန်မှာ ကျွန်တော့် အခန်းကဏ္ဍ နည်းတယ်။ ဒါပေမဲ့ စိတ်ကိုနက်နဲပြီးတော့မှ  စိတ်နဲ့ သရုပ်ဆောင်ရတာဖြစ်တယ်။ ဒိုင်ယာလော့ခ် နည်းတယ်။ စိတ်ထဲမှာ ရှိတာကို လုပ်ပြလို့ရမယ့် အရာများ တယ်။ အဲဒါကို ကျွန်တော် စိတ်ဝင်စားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော် ကြည့်ခဲ့တဲ့ ဇာတ်ကား တွေထဲမှာ သရုပ်ဆောင် တစ်ယောက်က စိတ်နဲ့ ပြလိုက်ရင် အဲဒါက တစ်သက်လုံး စွဲလန်းသွားတာမျိုးတွေ ရှိခဲ့ဖူးတယ်။ အဲဒီလို ခံစားချက်၊ အဲဒီလို အသိအမြင် အဲဒီလိုအတွေးလေးတွေ ဒီဇာတ်ကားကြည့်ပြီး ရသွားတယ်ဆိုရင် ကျွန်တော် အတွက် perfectပါပဲ”လို့ ပြောပါတယ်။

ဒီဇာတ်ကားအတွက် ကြိုတင် ပြင်ဆင်မှုတွေကိုလည်း လုပ်ထား ကြောင်းကို ဒေါင်းက… “အဲဒီဇာတ်ကောင်အတွက် ဒီဇာတ်ကားကြည့်မယ့် ပရိသတ်တွေ ထူးထူးခြားခြား taste လေး ရစေချင်လို့ပါ။ အဲဒါကြောင့် စီစဉ် ထားတာပါ။ အတွေ့အကြုံအသစ် တွေရပါတယ်။ ဒါဒီမှာ လုပ်လေ့လုပ် ထမရှိတဲ့ ပုံစံမျိုးတွေ မိတ်ကပ်တွေက ထိုင်းက မိတ်ကပ်ဆရာတွေ လိမ်းမှာပါ။ သူတို့ technique အတိုင်း သူတို့ စီစဉ်ထား တယ်။ ကိုယ်က ဘာမှ သိပ်တွေးစရာ မရှိဘူး။ သူတို့အတွက် ယုံကြည် ချက်အပြည့် ထားတယ်။ ကိုယ့် အပိုင်းက သရုပ်ဆောင် တစ် ယောက်အနေနဲ့ ဒီစိတ် ခံစား ချက်ကို အကောင်းဆုံး မက် ဆေ့ခ်ျ ပေးမယ်။ အဲဒီအတွက် ဒီအရာတွေက ကိုယ့်ကိုယ် ပံ့ပိုးပေးတာဖြစ်တဲ့ အတွက် perfect ပါပဲ” လို့ပြော ပါတယ်။    သူကိုယ်တိုင်ယုံကြည် တဲ့ အနုပညာသမား ဆိုတာ ပြည်သူထဲက အနုပညာသမား တစ် ယောက်ဖြစ်အောင် ကြိုးစားမှာဖြစ်ပြီး ပြည် သူတွေထဲမှာ ရှိတဲ့ ဇာတ် ကောင်တွေကို ရွေးချယ်ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သူကပြောပါတယ်။
လတ်တလောမှာ ချစ်သူမရှိ သေးပါဘူးဆိုတဲ့ ဒေါင်းက ယောကျာ်းလေးတစ်ဦး အနေနဲ့ မိန်းကလေး ပီသတဲ့ ကောင်မလေးတွေကို သဘော ကျ နှစ်သက်တယ်လို့ ဆိုပါ တယ်။  “မိန်းကလေး ပီသ တယ်ဆိုတာ ကတော့ ရိုး ရှင်းပါတယ်။ မိန်းကလေး ဆိုတာက မိန်းကလေး သဘာဝ အတိုင်း တန်ဖိုး ထားတတ်တယ်။ စပ်စု တတ်တယ်။ တစ်ခုခု ဆိုရင် အမြဲတမ်း ပြော ချင်တယ်။ ကလေးလေး လိုပဲ။ မိန်းကလေးတွေရဲ့ နူးညံ့သိမ် မွေ့မှုတွေ၊ ရိုး သားမှုတွေ၊ပြီးတော့ မိန်းမ ပီသတယ်ဆိုတဲ့ အရာက တစ်ယောက်ကိုတစ်ယောက် က အပြန်အလှန် နားလည် ပေးမှုကလည်း အရေးကြီး ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ 

ဓာတ်ပုံ-မင်းမင်းထွန်း 


LEAVE A REPLY

Please enter your comment!
Please enter your name here