သွန်းဆက် ရဲ့ ဝိတ်ချနည်းက ဘာလဲ

0
393

သွန်းဆက်ပထမဆုံး ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ ‘မယားကြောက်ရွာ’ဇာတ်ကားကတော့ မကြာမီ ရုံတင်ပြသတော့မှာဖြစ်ပြီး ပရိသတ်တွေကလည်း ပြ သချိန်မှာတင် အားပေးမှုများစွာ ရှိခဲ့ပါတယ်။ နောက်ပြီး ဇာတ် ကားရိုက်ကူးတဲ့အခါ ဘဝဆန်တဲ့ ဇာတ်ရုပ်တွေနဲ့ အပြင်အဆင် ပိုင်းတွေကို သဘာဝအကျဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ သွန်းဆက်က ဆိုပါတယ်။

“သွန်းဆက်ကလေ ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ လက်ခံပြီဆိုရင် ဒီဇာတ်ကားမှာကိုယ်က အဓိက နေရာက ဖြစ်မှတို့၊ မင်းသမီးဖြစ်မှတို့ ဆိုတဲ့ စိတ်မရှိပါပဲ။ ဗီဒီယိုပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကားကြီးပဲဖြစ်ဖြစ်၊ ကိုယ့်အတွက် ကာရိုက် တာ ကောင်းကောင်းရှိတယ်ဆိုရင်၊ လုပ်ခွင့်ရမယ်ဆိုရင် တော့ သွန်းဆက်ရိုက်ကူးပါတယ်။သွန်းဆက်ကို ရုပ်ရှင် ဇာတ်ကားကြီးအနေနဲ့ ပိတ်ကားထက်မှာ မြင်ချင်ကြတဲ့ ပရိ သတ်တွေအတွက်လည်း သွန်းဆက်ပထမဆုံး စရိုက်ကူး ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ‘မယားကြောက်ရွာ’လည်း ရုံတင်ပြသဖို့ ရှိပါတယ်” လို့ သွန်းဆက်က ပြောပြပါတယ်။

သွန်းဆက်က ဇာတ်ကားရိုက်ကူးမှုအတွက်ရော၊ ကိုယ့် ကိုယ်ကိုယ်ဝလာပြီလို့ထင်တဲ့အတွက် ခန္ဓာကိုယ်အလေးချိန်ကို ပြန်ထိန်းနေတယ်လို့ ဆိုပါတယ်။အစားအစာ စားသောက်မှုပုံစံကိုပါ ပြန်ထိန်းပြီး ဆင်ဆင်ခြင်ခြင် နေတယ်ဆိုတဲ့ သွန်းဆက်ရဲ့ ဝိတ်ချ နည်းက “အခုတလောတော့ သွန်းဆက် က ထမင်းသိပ်မစားဖြစ်ဘူး။ မစား တာများတယ်။ တစ်နေ့လုံးမှ တစ်နပ်လောက်ပဲ စားဖြစ်တာတွေ လည်း ရှိတယ်။ ဒါကြောင့်လည်း ဝိတ်ကျသွားတယ်လို့ ထင်ပါတယ်။ နောက်ပြီး Gym လည်း ဆော့ဖြစ်တယ်။ တအားကြီး Heavy ဖြစ် အောင်တော့ နေ့တိုင်းမသွားဖြစ်ဘူး။ ကားရိုက်တွေ လည်းရှိနေ တာကြောင့်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်း ဝလာပြီလို့ထင်တဲ့အ တွက် ဝိတ်ချဖြစ် တာပါ။ ဇာတ်ကားရိုက်ကူးဖို့အတွက်လည်း ပါတာပေါ့။ ဘယ်လောက်ထိ ကျမှရယ်လို့ဆိုပြီး ဝိတ်ချတာမျိုးတော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here