အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ မွေးနေ့အလှူ

0
177

အကယ်ဒမီ ဒါရိုက်တာ စင် ရော်ရော် မောင်မောင်ရဲ့ မွေးနေ့ အလှူမင်္ဂလာပွဲကို အောက်တိုဘာလ ၁၇ရက်နေ့ မနက် ၉နာရီက ဗဟန်း မြို့နယ် ၊ နန္ဒဝန်လမ်းရှိ  မဟာဝိသုဒ္ဓါ ရုံ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းတိုက်တွင် မွေးနေ့ အလှူအဖြစ် သံဃာတော်အပါး  ၁၄၃ ပါးကို နေ့ဆွမ်းနဲ့ သင်္ကန်းတို့ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ မွေး နေ့အလှူနဲ့ ပတ်သက်ပြီး မွေးနေ့ရှင် ဒါရိုက် တာ စင်ရော်မောင်မောင်က …အကယ်ဒမီ ဒါရိုက်တာ စင် ရော်ရော် မောင်မောင်ရဲ့ မွေးနေ့ အလှူမင်္ဂလာပွဲကို အောက်တိုဘာလ ၁၇ရက်နေ့ မနက် ၉နာရီက ဗဟန်း မြို့နယ် ၊ နန္ဒဝန်လမ်းရှိ  မဟာဝိသုဒ္ဓါ ရုံ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းတိုက်တွင် မွေးနေ့ အလှူအဖြစ် သံဃာတော်အပါး  ၁၄၃ ပါးကို နေ့ဆွမ်းနဲ့ သင်္ကန်းတို့ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

မွေး နေ့အလှူနဲ့ ပတ်သက်ပြီး မွေးနေ့ရှင် ဒါရိုက် တာ စင်ရော်မောင်မောင်က … “ဒီနေ့က တိုက်ဆိုင်တယ်လေ။ “ထာဝရ အမေ” ဇာတ်ကားကလည်း Presentation  တင်တယ်။ ကိုယ့်ရဲ့ မွေးနေ့လည်း လုပ်တယ်။ မင်းသန့်လေးကိုလည်း Video Call နဲ့ခေါ် ပြီး တိပိဋက ယောဆရာတော်ကြီးကို ကန်တော့ ခိုင်းတယ်။ ဆရာတော်ကြီးက ဆုပေးတယ်။ ကျွန်တော်လည်း ဆရာတော်ကြီးကို အကြိမ် ကြိမ် လျှောက်ထားခဲ့တယ်။ ဒီပွဲလေး အတွက်။ ပြီးတော့ ဒီမွေးနေ့မှာ “မဇ္ဇျိမအလင်း” ဘာသာ ရေး ဇာတ်ကားလည်း ပြီးဆုံးသလောက် ဖြစ်နေတယ်။ တရားလည်း ချီးမြင့်ပေးပါဦး ဆိုတော့ ဆရာတော်ကြီးက တစ်နာရီကျော် ကြာ ချီးမြင့်တယ်။ ဟောကြားတဲ့တရားက လည်း တအားကောင်းတယ်။ ကျွန်တော်တအား ဝမ်းသာပါတယ်။ ကျွန်တော် ဒီနေ့ နေ့ဆွမ်းနဲ့ သင်္ကန်းဆက်ကပ် လှူဒါန်းတာပါ။ ကျွန်တော် တို့က ရာသက်ပန်လှူဒါန်းနေတာ ကြာပြီလေ။ ဆယ်နှစ်ကျော်ပြီ။ ပီတိကတော့ နောင်သံသရာ အတွက် ပါသွားဖို့က ဒါနသီလပဲလေ။ အဲဒီ တော့ ဒါကိုအဓိကထားပြီး လုပ်တာပေါ့။ အဓိက ကလည်း  မဇ္ဇျိမအလင်း ဇာတ်ကားကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးချင်တာပေါ့ လေ”လို့ ပြောပြခဲ့ပါတယ်။  သူ့ရဲ့ မွေးနေ့အလှူပွဲကို သူငယ်ချင်းများ၊ ဆွေမျိုးမိတ်ဆွေ များစွာတို့ တက်ရောက်ခဲ့ကြပြီး အဲဒီနေ့မှာ သူ့ရဲ့ အဒေါ်နဲ့ ညီအစ်ကိုမောင်နှမ များကို ဝါကျွတ်အခါသမယမှာ ကန်တော့ခဲ့တဲ့ မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here