ရိုးရာတွေ ပျောက်ကွယ်မှာစိုးရိမ်သူ မြန်မာပြည် ကျောက်စိမ်း

0
285

မြန်မာပြည်ကျောက်စိမ်းက သဘင်ပညာရှင်များအစည်း အရုံး(ဗဟို)ရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင် လျက်ရှိပါတယ်။ ဒါ့အပြင်သူဟာ ဆိုင်းပညာရှင်တစ်ဦးဖြစ် တဲ့အတွက် ဆိုင်းစည်းကမ်းထိန်းသိမ်းရေးနဲ့ ပညာရပ်မြှင့်တင် ရင်းကော်မတီမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်ပေးနေလျက်ရှိပါတယ်။ သဘင်အစည်းအရုံး(ဗဟို)မှ ဆိုင်း ပညာရပ်နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်း ၁ဝချက်ထုတ်ပြန် ချက်အပေါ်မှာတော့ ဆိုင်းပညာရှင်တစ်ဦးဖြစ်တဲ့သူအနေနဲ့ အထူးတလည်ပြောစရာမရှိဘဲ ဒီစည်းကမ်းချက်တွေကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ တတ်သိနားလည်တဲ့ဆိုင်းပညာရှင်ကြီးတွေရဲ့ သြဝါဒကို ခံယူပြီးမှသာလျှင် သူတို့ရဲ့ဆန္ဒကို ပြန် လည်ဖော်ထုတ်ပေးရတာပဲဖြစ်ကြောင်း၊ ဒါကလည်းရိုးရာယဉ် ကျေးမှုတွေ ပျောက်ကွယ်မှာလည်း စိုးရိမ်ခြင်းကြောင့်ဖြစ် ကြောင်း၊ မြန်မာပြည်ကျောက်စိမ်းကပြောပါတယ်။

“အခုကကျွန်တော်တို့ရဲ့ ရိုးရာတွေကို တီးချိန်ကနည်းလာ တယ်။ ခေတ်ဆန်တယ်ဆိုတာကလည်း ဆန်သင့်သလောက်တော့ ဆန်ရမှာပေါ့။ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနဲ့ ပရိသတ်တွေ ကို ဖျော်ဖြေရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့မိရိုးဖလာတူရိယာ ပစ္စည်းတွေက ပျောက်ကွယ်လုဖြစ်ပြီးတော့ တိုင်းတစ်ပါးပစ္စည်း တွေက အပေါ်ကိုရောက်နေတယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးနောက်မှာ အတိုအပြတ်တွေနဲ့လေ။ အခုဟာကအ နောက်မှာတောင် မဟုတ်တော့ဘူး။ ဆိုင်းရှေ့ကိုတိုးလာပြီ။ အဲဒါမျိုးလေး တွေဖြစ် လာတယ်။ အဲဒီတော့ ကျွန်တော်တို့ ရိုးရာတွေပျောက်မှာ စိုးလို့ ကြာရင်လည်းတကယ်လည်း ပျောက်ကွယ်တော့မယ်။ မဟာဂီတ သီချင်းကြီးတွေဆိုတာက ပြတိုက်ထဲ ရောက်တော့မယ်။ အဲဒီလို ဖြစ်နေတယ်။သီချင်းတွေလည်းလေ့လာမှု အားလည်းနည်းလာ တယ်။ ကြာရင် လုံးဝကိုပျောက်ကွယ် သွားတော့မယ်လို့ ယူဆပါ တယ်။ ဒါကြောင့်အစ်ကိုတို့အနေနဲ့ တစ်ဖက်တစ်လမ်းကနေ  အုတ်တစ်ချပ်သဲတစ်ပွင့်ထိန်းသိမ်းရမယ့် အချိန်ကာလလည်းဖြစ် တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု မပျောက် ပျက်အောင်ထုတ်ပြန်တဲ့ စည်းကမ်း(၁ဝ)ချက်ကို အားလုံး လိုက်နာနိုင်မယ်လို့ ထင်ပါတယ်” လို့ ဆိုင်းပညာရပ်နဲ့ပတ်သက်လို့ မြန်မာပြည်ကျောက်စိမ်းကပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here