လင်းလင်း နဲ့ ချစ်သုဝေ တို့ ရဲ့ Soccer House ကော်ဖီဆိုင်သစ်ဖွင့်

0
170

အဆိုတော် လင်းလင်းနဲ့ ချစ်သု ဝေတို့နှစ်ဦးရဲ့ Soccer House ဆိုင်ဖွင့်ပွဲကို အောက် တိုဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်း က ဆိုင်တည်ရှိရာ သင်္ဃန်းကျွန်းမြို့ နယ်၊ဝေဇယန္တာလမ်း၊ သုဝဏ္ဏအမျိုး သား ဘောလုံးအကယ်ဒမီဝန်း အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လင်းလင်းတို့ရဲ့  Soccer House ကတော့ မိတ်ဆွေတစ်ဦးနဲ့အတူ ပူးပေါင်း ဖွင့်လှစ်တာဖြစ်ပြီး ကော်ဖီ၊  အအေးမျိုးစုံနဲ့ အစားအသောက် မျိုးစုံရရှိနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ “ဒီဆိုင်က ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက်နဲ့ပေါင်း ဖွင့်တာပေါ့။ အဲဒီလို ဖွင့်မယ်လုပ် တော့ ထရီဇာနဲ့လည်း တိုင်ပင်၊ သူငယ်ချင်း နဲ့လည်း တိုင်ပင်ပြီး ဒီလို ဘောလုံးနဲ့ ပတ်သက်တဲ့ အမှတ်တရ လေးတွေလည်း ရှိမယ့် ဆိုင်မျိုး လေးကို ဘောလုံးကွင်းဘေးမှာ လုပ်ဖြစ်သွားတာပါ။ တတ်နိုင်သ လောက် ဘောလုံး နဲ့ပတ်သက်ပြီး ဂုဏ်ပြုချင်တာလည်း ပါတာပေါ့။ ဘောလုံးရွှေခေတ် ၁၉၅ဝ/၆ဝ/၇ဝ က ဆရာကြီးတွေကို အမှတ်တရ အနေနဲ့ သူတို့ရဲ့ အမှတ်တရ ပစ္စည်း တွေကိုပါ ပြသွားဖို့ရှိတယ်။ ဒါက အားကစားနယ်မြေ လည်းဖြစ်တဲ့အခါ လူငယ်မျိုးဆက်သစ် တွေ လာထိုင်ကြ တဲ့အခါမှာလည်း သူတို့ အတွက် Motivate ဖြစ်စေမယ်။ ဒါတွေကို ကြည့်ပြီး အမှတ်တရ အချိန်တွေ ကိုလည်း ပြန်ကြည့်လို့ရတာပေါ့။ ပြီးတော့ ဘောလုံးကန် ဖိနပ်လေး တွေလည်း တင်ရောင်းမယ်။ အဲဒါကို မှ သိန်းကျော်တန် ဖိနပ်တွေ မတင် ဘူး။ သိန်းကျော်တန် ဖိနပ်တွေ စီးနိုင် တဲ့သူကျတော့ နိုင်ငံခြား ခဏခဏ သွားနိုင်တယ်။ ဝယ်နိုင်တယ်။ အဲ့ဒီ အတွက် လူငယ်တွေလည်း အဆင် ပြေဖို့အတွက် သောင်းဂဏန်း လောက်နဲ့ Brand ရှိတဲ့ ဖိနပ်တွေကို လည်းတင်ပေးထားပါတယ်” လို့ လင်းလင်း က ပြောပါတယ်။

လင်းလင်းတို့ရဲ့ Soccer House မှာတော့ အစားအသောက် မျိုးစုံကို ရရှိနိုင်ပေမယ့် အယ်လ်ကို ဟောနဲ့ ပတ်သက်တာ ကိုတော့ မရောင်းဘူး လို့လည်း သိရပါတယ်။ ဒီအကြောင်းကိုလည်း လင်းလင်း က “ဒီနေရာက ဘီယာတို့  အရက်တို့  တင်ရောင်းမယ် ဆိုလည်း အဆင်ပြေ မယ့်သဘောရှိတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က လည်း ဒီလို ဘီယာတို့၊ အရက်တို့ ရောင်းပြီး စီး ပွားမရှာချင်ဘူး။ တခြားဘယ်လို စိတ် ကူးမှတော့မရှိပါဘူး။ အစား အစာကို တော့ ကောင်းကောင်းရောင်းမယ်။လက်ဘက်ရည်ကောင်းကောင်း လည်းကျွန်တော်က ကြိုက်တတ် တော့လက်ဘက်ရည် ကိုလည်း အညာလက်ဘက်ရည် လိုမျိုး လည်း ရှိမယ်။ အစုံပေါ့။ အအေးဆိုလည်း အစုံရမယ်။အစားအစာတွေလည်း စုံ  အောင်ရောင်းနိုင်ဖို့စီစဉ်ထားပါ တယ်”လို့ လင်းလင်းက ပြောပါတယ်။

လင်းလင်း တို့ရဲ့ဆိုင်မှာ ကော်ဖီဆိုင် အပြင် ပွဲလမ်းသဘင် အခမ်းအနား တွေလည်း ပြုလုပ်နိုင်ဖို့ စီစဉ် ထားတယ်လို့ သိရပြီး အဲဒီအခမ်းအနား တွေကနေ ရရှိတဲ့ ဝန်ဆောင်ခများကိုလည်း သက်ကြီးရွယ်အို အားကစားသမား ဟောင်းကြီးတွေအတွက် ကူညီထောက်ပံ့ သွားဖို့ရှိတယ်လို့ သိရပါတယ်။ “မွေးနေ့ တွေ၊တွေ့ ဆုံပွဲတွေ။ စာနယ်ဇင်း မိတ်ဆက်ပွဲတွေလည်း လုပ်နိုင်ဖို့စီစဉ်ထားပါတယ်။ ဒီမှာ လွတ်လွတ်လပ်လပ်လည်း ရှိပါတယ်။ ရရှိတဲ့ ဝန်ဆောင်ခတွေကိုတော့ သက်ကြီးရွယ်အို အားကစားသမား ဟောင်းကြီးတွေကို နိုင်သလောက် ထောက်ပံ့သွားမှာပါ” လို့လည်း လင်းလင်းက ပြောပြခဲ့ပါတယ်။

ရဲရဲ၊ 

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here