ရေခဲတောင်မှာ ရိုက်ကူးမယ့် ဒို့ပိုင်တဲ့မြေ ဇာတ်ကားအကြောင်း ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ပြောပြ

0
136

ဒါရိုက်တာညွှန့်မြန်မာညီညီ အောင်က “ဒို့ပိုင်တဲ့မြေ” လို့ အမည် ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ရေခဲတောင်မှာ သွားရောက်ရိုက်ကူး ဦးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကား ကိုတော့ လက်ရှိအနုပညာလောကထဲ က သရုပ်ဆောင်များနဲ့ မရိုက်ကူးဘဲ သရုပ်ဆောင်တက်သစ်စ လူငယ်များ ကို ရွေးချယ် သွားမယ်လို့ ညွန့်မြန်မာ ညီညီအောင်က ဆိုပါတယ်။ ရေခဲ တောင်မှာ ဇာတ်ကားရိုက်ကူးဖို့ အိပ်မက်မက်ခဲ့တာပါလို့ဆိုတဲ့ ညွှန့် မြန်မာညီညီအောင်က ဒါရိုက်တာညွှန့်မြန်မာညီညီ အောင်က “ဒို့ပိုင်တဲ့မြေ” လို့ အမည် ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ရေခဲတောင်မှာ သွားရောက်ရိုက်ကူး ဦးမယ်လို့ သိရပါတယ်။

ဒီဇာတ်ကား ကိုတော့ လက်ရှိအနုပညာလောကထဲ က သရုပ်ဆောင်များနဲ့ မရိုက်ကူးဘဲ သရုပ်ဆောင်တက်သစ်စ လူငယ်များ ကို ရွေးချယ် သွားမယ်လို့ ညွန့်မြန်မာ ညီညီအောင်က ဆိုပါတယ်။ ရေခဲ တောင်မှာ ဇာတ်ကားရိုက်ကူးဖို့ အိပ်မက်မက်ခဲ့တာပါလို့ဆိုတဲ့ ညွှန့် မြန်မာညီညီအောင်က  “ကျွန်တော်ဒီလိုဇာတ်ကား ရိုက်ကူးဖို့က ကျွန်တော့်အိပ်မက်ပါ။ ကျွန်တော်တို့နိုင်ငံ မှာလည်း သဘာဝ အလျောက် ရေခဲတောင်တွေ ရှိတယ်။ အရင်ကတည်းက ကျွန်တော်ရေခဲတောင် တက်ခဲ့တယ်။ ၂ဝဝ၂ ခုနှစ်တုန်းက တစ်ခါ၊ ၂ဝဝ၄ ခုနှစ်တုန်းက တစ်ခါ ရိုက်ကူးဖို့ ရေခဲတောင်တွေ သွားကြည့်ခဲ့ဖူးတယ်။ ရိုက်ကူးဖို့ စီစဉ်တာတွေလေည်း ရှေ့မှာ အဆင်မပြေခဲ့ဘူး။ အခုတော့ ဒီဇာတ်ကားလေးကို သရုပ်ဆောင် သစ်လေးတွေ နဲ့ ရိုက်ကူးဖို့ စီစဉ်ထားတယ်။ ဒါကြောင့် ၂ဝ၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာ သရုပ်ဆောင်သစ်လေးတွေ ရွေးချယ် သွား မယ်။ ယောက်ျားလေးရော၊ မိန်းကလေး တွေရော အသစ်တွေ ရွေးမယ်။ အဖွဲ့ ပုံစံလေးတွေက ကြော်ငြာရိုက်ကူးတဲ့ အဖွဲ့၊ ခြေလျင်တောင်တက် အဖွဲ့၊ ဒေသခံတိုင်းရင်းသား အဖွဲ့ဆိုပြီး အဖွဲ့ ၄ ဖွဲ့ကို အခြေခံရိုက်ကူးမှာပါ။ သရုပ်ဆောင် အဟောင်းတွေနဲ့ မရိုက်ကူးဖြစ်တာက ဒီဇာတ်ကားက အချိန်လည်းပေးရမှာဖြစ်တဲ့ အတွက် သရုပ်ဆောင်ဟောင်းတွေက အချိန်မပေးနိုင်မှာ စိုးလို့ပါ။ ကျန်းမာရေးကောင်းဖို့လည်း လိုတယ်။ ဒါကြောင့်လူငယ် သရုပ်ဆောင် အသစ်လေးတွေ ကို Training ပေးပြီး အချိန်ယူ သင်ကြားပေးသွားမှာပါ” လို့ ပြောပါတယ်။ “ဒို့ပိုင်တဲ့မြေ” အတွက် သရုပ် ဆောင်သစ်များကိုလည်း အချိန်ယူ လေ့ကျင့်သင်ကြားမှုတွေ၊ ကျန်းမာရေးလေ့ကျင့်မှုတွေ အကြောင်းကိုတော့… “သရုပ်ဆောင်သစ်လေးတွေကို လည်း သေသေချာချာ အဆင့်ဆင့် ရွေးချယ်သွားမှာပါ။ အဲဒီအထဲက ရွေးချယ်ခံ ရသူတွေကို ကျန်းမာရေး ပိုင်းနဲ့ ပတ်သက်ပြီးခံနိုင် ရည်ကောင်းအောင် လေ့ကျင့်ပေးရမယ်။ ဥပမာ – ဆူးလေဘုရားကနေ မင်္ဂလာဒုံလောက် လမ်းလျှောက်တာမျိုး၊ အချိန် ယူလေ့ကျင့်ရမယ်”လို့ ညွှန့် မြန်မာညီညီအောင်က ပြောပြပါ တယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here