တရုတ် ပြည်မှာ မယ်ကမ္ဘာပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် အိကျော့ခိုင်

0
239

Miss Myanmar World 2017  Winner ဆုရှင် အလှမယ် အိကျော့ခိုင် က 67 th Miss World 2017 ပြိုင်ပွဲ ကြီးကို နိုဝင်ဘာလ ၁၈ ရက်နေ့ကျရင်  တရုတ်နိုင်ငံ Sanya မြို့မှာ သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အလှမယ်အိကျော့ခိုင်ဟာ ပြိုင်ပွဲ မဝင်ခင် တင်မိုးလွင်၊ Mr.Brain Jeremiah တို့နဲ့အတူ Cat-WalK Traning rsm;? Personality Training , Make up Training များ လေ့လာသင်ယူနေတာ ဖြစ်ပြီး ပြိုင်ပွဲဝင်ဖို့အတွက် စိတ်လှုပ် ရှားနေတာ ဖြစ်ကြောင်းကိုတော့ “ညီမ အရမ်းစိတ်လှုပ်ရှားနေ ပါတယ်။ ဒါပေမဲ့ ညီမအကောင်း ဆုံး ကြိုးစားသွားမှာပါ။ Personal Knowledge မှာ Traning နဲ့ English Training ကို  ဘန်ကောက်မှာ သွားရောက်သင်ယူမှာပါ။

Talent အ ပိုင်းကို တော့ ပလွေမှုတ်ခြင်းနဲ့ ဝင်ရောက်ယှဉ် ပြိုင်မှာဖြစ်ပြီးDance of the World ပြိုင်ပွဲအတွက် ဦးရွှေရိုးနဲ့ဒေါ်မိုးအကကို လည်း သင်ယူခဲ့ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။Miss World 2017 ပြိုင်ပွဲမှ Titleဆုများကတော့Miss World Beauty With A PurPose, Miss World Fashion-Top Model, Miss World Top Fitness / Spots, Miss World Head To Head Challenge, Miss World Talent, Miss World Dances Of The World တို့အပြင် Winner 1st Runner Up , 2nd Runner Up ဆုတို့ဖြစ်ပြီး အလှမယ် အိကျော့ခိုင်က အောက်တိုဘာလ ၂ဝ ရက်နေ့က တရုတ်ပြည်ကို ထွက်ခွာသွား ပြီဖြစ်ကြောင်းသိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here