ခေတ်ရှေ့လည်း မပြေးနဲ့ နောက်လည်း မကျန်ခဲ့စေနဲ့  မင်းသမီးကြီး ဒေါ်ခင်လေးဆွေ

0
243

အသက် ၈၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်း သမီးကြီး ဒေါ်ခင်လေးဆွေက အခုလက်ရှိ အချိန်မှာတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု တွေ မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ အရင် တုန်းက ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေ ကတော့ ထွက်ရှိဖို့ ကျန်နေသေးတယ်လို့ သိရ ပါတယ်။

“ပရိသတ်တွေကတော့ အမေနဲ့ တွေ့ တာနဲ့ ပြောကြတယ်။ အမေက ကျန်းမာရေး ကောင်းတာပဲ။ အမေ့မြင်ရတာ စိတ်ချမ်းသာ လိုက်တာ။ အမေကားရိုက်ဦးနော်။ အဲဒီတော့ ပြန်ပြောရတယ်။ အမေက ကျန်းမာရေးချို့ တဲ့လာပြီ။ ပရိသတ်တွေကလည်း ပြောပြန် တယ်။ အမေကလည်း ဇာတ်ကားတွေရိုက်ပါ။ ကျန်းမာရေးကောင်းနေတာပဲဟာဆိုပြီး ပြော ကြတယ်။ အေးဒါဆိုငါလည်း ရိုက်ကူးဖို့ ကြိုး စားဦးမယ်ဆိုပြီး ပြန်ပြောရတယ်။ ပရိသတ် တွေကတော့ ဇာတ်ကား တွေရိုက်ကူးစေချင် ကြတာကိုး။ အမေတို့လို အမေတွေကို အား လုံးက အားပေးကြပါတယ်။ ဒါပေမဲ့ ကျန်းမာ ရင်တော့လည်း ရိုက်ဖြစ်ရင်လည်း ရိုက်ဖြစ် ဦးမှာပေါ့လေ။ အနု ပညာစိတ်လေးကတော့ ရှိနေတာပဲလေ” လို့ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးစေချင်ကြတဲ့ ပရိသတ်တွေရဲ့အကြောင်းကို  ဒေါ်ခင်လေးဆွေက ပြန်လည်ပြောပြပါတယ်။ မင်းသမီးကြီး ဒေါ်ခင်လေးဆွေက အသက်၁၈နှစ် အရွယ်ကတည်းက အသံတိတ်ခေတ်ကာလမှာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ တော်တော်များများကလည်း ပရိသတ်ရင်ထဲကို ငြိတွယ်စေတဲ့ ဇာတ်ကားတွေကြီးပါပဲ။ အခု အချိန်မှာတော့ သူအနေနဲ့ အိမ်မှာပဲအနားယူနေ လျက်ရှိနေပါတယ်။ အခုခေတ် လူငယ်တွေအပေါ် သူ့ရဲ့ အကြံပြုချက်ကတော့..

“ပရိသတ်တွေက ထမင်းရှင်ဖြစ်တဲ့အတွက် ပရိသတ်တွေကို လေးစားပါ။ ဂါရဝတရားထားပါ။ သူ့အခန်းနဲ့သူ အံဝင်ခွင်ကျ လုပ်ဆောင်ပါ။ ခေတ်လည်းရှေ့မပြေးနဲ့ နောက်လည်း မကျန် ခဲ့စေနဲ့” လို့ ပြောပြပါတယ်။  အသက်၈၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း မေးတဲ့အခါမှာတော့”ကျန်းမာရေးအခြေ အနေကတော့ နား နည်းနည်းလေးလာတယ်။ ဒူးမကောင်းဘူး။ တစ်ခြားတော့ ကောင်းပါ တယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here