မြန်မာ့ ရုပ်ရှင် နှစ် ၁ဝဝ သမိုင်းစာအုပ်ကို ရေးသား ပြုစုနေတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း

0
130

ဒါရိုက်တာ ကြည်စိုးထွန်း စတင်ရိုက်ကူးခဲ့တဲ့ ကက်ဆက် ဇာတ် လမ်းတွဲတွေက စတင်ပြသတဲ့ အချိန် ကနေစပြီး လက်ရှိအချိန် အထိ ပရိ သတ်တွေအနေနဲ့ အပတ်စဉ် စောင့် ကြည့်နေရသလို နှစ်ခြိုက်အား ပေး မှုတွေလည်း ရှိကြပါတယ်။ ခံစားချက် ရသတွေပေးစွမ်း နိုင်ခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းတွဲတွေ နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ပြောစရာ မှတ်ချက် တစ်ခုခုရှိမလား လို့ ဆိုတော့…ဒါရိုက်တာ ကြည်စိုးထွန်း စတင်ရိုက်ကူးခဲ့တဲ့ ကက်ဆက် ဇာတ် လမ်းတွဲတွေက စတင်ပြသတဲ့ အချိန် ကနေစပြီး လက်ရှိအချိန် အထိ ပရိ သတ်တွေအနေဲ့ အပတ်စဉ် စောင့် ကြည့်နေရသလို နှစ်ခြိုက်အား ပေး မှုတွေလည်း ရှိကြပါတယ်။ ခံစားချက် ရသတွေပေးစွမ်း နိုင်ခဲ့တဲ့ ကက်ဆက် ဇာတ်လမ်းတွဲတွေ နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ပြောစရာ မှတ်ချက် တစ်ခုခုရှိမလား လို့ ဆိုတော့… “ဆရာ စရိုက်ကူးတာကတော့ မြန်မာ့အသံ ကနေ ထုတ်လွှင့်တဲ့ဇာတ် လမ်းတွေပါ။ ဇာတ်လမ်းလေးတွေက အကျိုးရှိ တယ်။ ရသလည်းပါတယ်။ အဲဒီခေတ်က ပုဂ္ဂိုလ်ကြီးတွေက သိပ် စကားပြောကောင်းတယ်။ အဲဒါကို ကြိုက်လို့ လုပ်ရင်းလုပ်ရင်း ကနေ ကက်ဆက် ဇာတ်လမ်းတွေဆီ ရောက် သွားတယ်။ ကက်ဆက် ဇာတ်လမ်း တွေဆီရောက်သွားတော့ လည်း ပရိ သတ်က အားပေးကြတယ်။ ဒီ နောက်ပိုင်း ကကျတော့ ဆရာနည်း နည်းနောက်ကို ဆုတ်လိုက်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တပည့်တွေက လည်း လုပ်တတ်သွားပြီလေ။ သူ့ ကျောင်းသားတွေနဲ့ သူဟန်ကျနေပြီ ဆိုတော့လေ။ ဒါပေမဲ့ တစ်ခုတော့ ပြောထားတယ်။ ပရိသတ် အတွက် သိပ်ပြီးတော့ အဆိပ်အတောက်ဖြစ် စေမယ့်၊ အန္တရာယ်ဖြစ်စေမယ့် ဇာတ် လမ်းမျိုးကိုတော့ မလုပ်နဲ့လို့။ အဲဒါပါပဲ” လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

ဦးကြည်စိုးထွန်းအနေနဲ့ ရုပ်ရှင် နဲ့ ပတ်သက်လို့ စာတွေလည်း ရေး ဖြစ်နေတော့ သူရေးသားဖြစ်နေတဲ့ စာအုပ်တွေ အကြောင်းကိုလည်း မေးဖြစ်ခဲ့ပါတယ်။ “အဓိက ရေးနေတာကတော့ မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ သမိုင်းပေါ့ နော်။ အဲဒါလေးတွေက နည်းနည်းကွဲ လွဲချက်လေးတွေ ရှိနေတော့ စာအုပ် တွေ အများကြီးဖတ်နေရတယ်။ အခု လောလောဆယ် ထွက်ရှိတဲ့ စာအုပ် က သရုပ်ဆောင် လေ့ကျင့်ခန်း စာ အုပ်ထွက်တယ်။ နောက်တစ်ခုက ရုပ်ရှင် အကြောင်း အခြေခံသင်ရိုး ညွှန်းတမ်းစာအုပ် မကြာခင် ထွက်ရှိ တော့မယ်။ နောက်တစ်ခုက Editing ကိုရေးနေ တယ်။ နောက်ထပ် ရေးဖို့ အစီအစဉ်ရှိ တာက ဇာတ်ညွှန်းရယ်၊ ဒါရိုက်တာ ရယ်ပေါ့။ ရုပ်ရှင်နှစ် ၁ဝဝပြည့် မထွက်ခင် အဲဒါလေးလည်း ထွက်ချင်တယ်။ နှစ် ၁ဝဝပြည့်သမိုင်း ကတော့ အဓိက အရေးကြီးတာပေါ့” လို့ဦးကြည် စိုးထွန်းကပြောခဲ့ပါ တယ်။ လာမယ့် ဒီဇင်ဘာ ၉ရက်နေ့ မှာ အသက် ၇၂နှစ်ပြည့်မယ့် ဦးကြည်စိုး ထွန်းက သူနေထိုင်ရာ မြောက်ဒဂုံမြို့ နယ်ရှိ အိမ်မှာပဲ နှစ်စဉ်ကျင်းပနေကျ အတိုင်း မွေး နေ့ပွဲလေးကို ပုံမှန်ကျင်းပပြု လုပ် သွားမှာဖြစ်ပြီး မိတ် ဆွေတွေ အနေ နဲ့ လာရောက်ခဲ့ကြဖို့လည်း ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here