ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ်တိုင် ထိန်းသိမ်းဖို့ လိုတယ် ဘဘဗိုလ်ကလေး တင့်အောင်

0
175

အသက် ၉၆နှစ်ကျော် ၉၇နှစ်တိုင် သက်ရှည်ကျန်းမာစွာ ရှိနေတဲ့ ဘဘဗိုလ်က လေးတင့်အောင် နဲ့တွေ့ဆုံခိုက် ဘဘအနေနဲ့ လက်ရှိအသက် အရွယ်တိုင် ကျန်းကျန်း မာမာရှိနေတဲ့အပေါ်ဘယ်လိုမျိုးထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ရလဲဆိုတဲ့ မေးခွန်း ကို မေးဖြစ်ခဲ့ပါတယ်။ “ကျန်းမာရေးက တော်တော်လေးကို ကောင်းပါတယ်။ အဲဒါက တော့ကိုယ်တိုင် ထိန်းသိမ်းဖို့လိုတယ်။ ကျန်းမာရေး ဆိုတာ ကိုယ်ကအရင် သိတာ။ ဆရာသမားတွေက နောက်မှသိတာ။ ကိုယ်ကသိရင် ကိုယ့်ကျန်းမာ ရေးကို ကိုယ် အရင်လုပ်။ ကိုယ်မှ တစ်ပါး အားထားစရာမရှိ။ “အတ္တာဟိ အတ္တန္နောနာထော” လို့ ခေါ်တယ်။ ကိုယ့်ကိုယ်ကိုယ် သိရင် ကိုယ့်ကိုယ် ကိုယ်ကြိုးစားရမယ်။ ဘဘ အခုကြိုးစားလာတယ်။ မတည့်တာမစားဘူး။ မသွားသင့်တာ မသွားဘူး။ အစစအရာရာ ခြိုးခြိုးခြံခြံ နေခဲ့တဲ့ အတွက် ဘဘအခုလို သက်ရှည် ကျန်းမာစွာ နေရတယ်လို့ ပြောချင်ပါတယ်။ အများ သတ္တဝါအပေါင်း ကိုလည်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာ ရွှင်လန်းစေချင်ပါတယ်။ အဲဒီအတွက် ကိုယ့်ကိုယ့်ကိုယ် ဆင်ခြင်ကြပါ။ စောင့်ရှောက် ကြပါ”လို့ ဘဘဗိုလ်ကလေးတင့် အောင်ကပြောပါတယ်။

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ဖို့ ကလည်း သိပ်မလိုတော့တဲ့ ကာလမှာဆိုတော့ မြန်မာ့ရုပ်ရှင် နဲ့ ပတ်သက်ပြီး ဘဘရဲ့ သြဝါဒ စကားကိုလည်းသိချင်ပါတယ်လို့ဆိုတော့ “ရုပ်ရှင် တာဝန် ကတော့ အများကြီးပါပဲ။ ရုပ်ရှင်သမားတွေက ရုပ်ရှင် အလုပ်ကို လုပ်ရမှာ။ ကျန်တဲ့သူတွေက ဝိုင်းဝန်းကြတာ။ အနုပညာရှင်၊ အတတ် ပညာရှင်တွေ ရှိတယ်။ ဝါသနာရှင်တွေက ဝိုင်းဝန်း ပြီးတော့ တို့ရဲ့ ရုပ်ရှင်လုပ်သား တွေက ကိုယ့်ရဲ့ ဦးတည်ရာကို ဆောင် ရွက်ကြရမယ့် သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူတိုင်း လူတိုင်းက မပေါ့မဆဘဲနဲ့ အကျိုးရှိရာ ရှိကြောင်း ကို လုပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါ တယ်” လို့ ဘဘ ဗိုလ်ကလေး တင့်အောင် ကပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here