တစ်ဦးကမေတ္တာ၊ တစ်ဦးက စေတနာ ပြည်သူနှင့်အတူ ရပ်တည်ကြသော အနုပညာရှင်များ

0
135

အနုပညာအလုပ်၊ အနုပညာ ရှင်အဖြစ် ရပ်တည်ဖို့ ဆိုတာ ပရိ သတ်ရှိမှသာ မိမိရဲ့အနုပညာ အလုပ် တွေကို ချပြခွင့်နဲ့ အနုပညာ လောကမှာ ရပ်တည်ခွင့်တွေ ရတာပါ။ ငွေရှိတိုင်းလည်း ပရသတ် ချစ်တဲ့ အနုပညာသမား တစ်ဦးတော့ ဖြစ်မလာနိုင်ပါ။ ကိုယ်တိုင်ကြိုးစား မှုတွေနဲ့ အတူ ပရိသတ်ရဲ့ အားပေးမှု တွေနဲ့သာ အနုပညာရှင်ဟာ ရပ် တည်ရမှာဖြစ်ပါတယ်။ ဒီလို အား ပေးမှုတွေနဲ့ ရပ်တည်ကြတဲ့ အနု ပညာရှင်တွေ ဟာလည်း ပရိသတ် ပြည်သူတွေ အခက်အခဲ၊ အကြပ် အတည်း တစ်စုံတစ်ရာတွေ့လာတဲ့ အခါမှာလည်း ကိုယ်စွမ်း နိုင်ရာ နေရာကနေ ပရဟိတ စိတ်ဓာတ် အပြည့်နဲ့ ပါဝင် ကူညီကြတာကိုလည်း မြင်တွေ့နေရပါတယ်။ အပြန်အလှန် ထားရှိတဲ့ ချစ်ခြင်းတရား တွေလို့ လည်း ဆိုနိုင် ပါတယ်။ မြင်သာ ထင်သာပြောရပါ က ၂ဝဝ၈နာဂစ် မုန်တိုင်း တိုက်ခတ် အပြီး မုန်တိုင်း ဒဏ်သင့်ပြည်သူ တွေအတွက် အနုပညာသမား တို့ ကိုယ်တိုင် ကိုယ်ကျသွားရောက်ပြီး လှူဒါန်းခဲ့ ကြတာတွေက အနုပညာ သမားတို့ရဲ့ ပြည်သူအပေါ် ချစ်ခြင်း တွေပဲဖြစ်ပါ တယ်။ ဒါ့အပြင် သဘာဝဘေး အန္တရာယ်တွေကျ ရောက်လာ တိုင်းမှာလည်း အနု ပညာသမား တွေဟာလိုအပ်တဲ့ နေရာတွေဆီ အရောက်သွားကာ သွားရောက် လှူဒါန်းကြတာ တွေ့ရပါတယ်။ ဒါ့ အပြင်ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှု အပြင် အလှူအတွက် လှုံ့ဆော်ရေး တွေကိုလည်း အ နုပညာရှင်တို့က လုပ်ကြပါတယ်။

ဇူလိုင်လ အတွင်းက ဖြစ်ပွား ခဲ့တဲ့ပခုက္ကူ မြို့ နယ်ထဲက စေတီ တစ်ဆူရေထဲပြိုကျမှုနဲ့ ကျေးရွာတွေ အပေါ် ရေ လွှမ်းမိုးတဲ့ ဘေးအန္တရာယ် ကြုံစဉ်က သွားရောက် လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် အလှမယ် ခင်ဝင့်ဝါ က… ဒီဘုရား ပြိုကျတုန်းက လူမှုကွန်ရက် မှာ ကမ်းပါးနားမှာ တည်ထားတယ် ဆိုပြီး အားလုံးက ထင်ကြတယ်။ တကယ်တမ်းက ဒါဟာ ရွာလယ်မှာ တည်ထားတယ်။ ရေတိုက်စားရင်း တဖြည်းဖြည်းနဲ ကမ်းပါးထိရောက် လာတာကို ဒီကဒေသခံတွေ ပြောမှ သိရတယ်။တချို့က မသိဘဲ ပြောကြတဲ့အခါ ဒီကရွာသား တွေအနေနဲ့ လည်း ခံစား ရတာတွေရှိ တယ်။ အဲဒီအတွက် ညီမတို့လည်းသတင်းအမှန်ကိုအား လုံးသိအောင် မျှဝေပေးပါတယ်။ အခြား အလှူရှင်တွေလည်းပါဝင် လှူဒါန်းနိုင်အောင် လှုံ့ဆော်ပေးပါ တယ်”လို့ ပြောပါတယ်။အနုပညာအလုပ်၊ အနုပညာ ရှင်အဖြစ် ရပ်တည်ဖို့ ဆိုတာ ပရိ သတ်ရှိမှသာ မိမိရဲ့အနုပညာ အလုပ် တွေကို ချပြခွင့်နဲ့ အနုပညာ လောကမှာ ရပ်တည်ခွင့်တွေ ရတာပါ။ ငွေရှိတိုင်းလည်း ပရိသတ် ချစ်တဲ့ အနုပညာသမား တစ်ဦးတော့ ဖြစ်မလာနိုင်ပါ။ ကိုယ်တိုင်ကြိုးစား မှုတွေနဲ့ အတူ ပရိသတ်ရဲ့ အားပေးမှု တွေနဲ့သာ အနုပညာရှင်ဟာ ရပ် တည်ရမှာဖြစ်ပါတယ်။ ဒီလို အား ပေးမှုတွေနဲ့ ရပ်တည်ကြတဲ့ အနု ပညာရှင်တွေ ဟာလည်း ပရိသတ် ပြည်သူတွေ အခက်အခဲ၊ အကြပ် အတည်း တစ်စုံတစ်ရာတွေ့လာတဲ့ အခါမှာလည်း ကိုယ်စွမ်း နိုင်ရာ နေရာကနေ ပရဟိတ စိတ်ဓာတ် အပြည့်နဲ့ ပါဝင် ကူညီကြတာကိုလည်း မြင်တွေ့နေရပါတယ်။ အပြန်အလှန် ထားရှိတဲ့ ချစ်ခြင်းတရား တွေလို့ လည်း ဆိုနိုင် ပါတယ်။ မြင်သာ ထင်သာပြောရပါ က ၂ဝဝ၈နာဂစ် မုန်တိုင်း တိုက်ခတ် အပြီး မုန်တိုင်း ဒဏ်သင့်ပြည်သူ တွေအတွက် အနုပညာသမား တို့ ကိုယ်တိုင် ကိုယ်ကျသွားရောက်ပြီး လှူဒါန်းခဲ့ ကြတာတွေက အနုပညာ သမားတို့ရဲ့ ပြည်သူအပေါ် ချစ်ခြင်း တွေပဲဖြစ်ပါ တယ်။ ဒါ့အပြင် သဘာဝဘေး အန္တရာယ်တွေကျ ရောက်လာ တိုင်းမှာလည်း အနု ပညာသမား တွေဟာလိုအပ်တဲ့ နေရာတွေဆီ အရောက်သွားကာ သွားရောက် လှူဒါန်းကြတာ တွေ့ရပါတယ်။ ဒါ့ အပြင်ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှု အပြင် အလှူအတွက် လှုံ့ဆော်ရေး တွေကိုလည်း အ နုပညာရှင်တို့က လုပ်ကြပါတယ်။

“အနုပညာရှင်တို့ အနေနဲ့ ပြည် သူတွေရဲ့ အားပေးမှုကြောင့် ရပ် တည်ခွင့်ရသလို ပြည်သူတွေရဲ့ အ ခက်အခဲတွေ အပေါ်မှာလည်း တတ် အားသရွေ့ ပါဝင်ဖြစ်ပုံအကြောင်း ကို ပရဟိတလုပ်ငန်းတွေလည်း လုပ်ကိုင် လျှက်ရှိတဲ့ အဆိုတော် သားစိုးက…  “အနုပညာသမား ဆိုတာ ပြည်သူအားပေးလို့ ဖြစ်လာတာပါ။ပိုက်ဆံရှိတိုင်လည်း ဖြစ်မလာနိုင်ပါ ဘူး။ ငွေရှိတိုင်း အနုပညာသမား လုပ်လို့မရပါဘူး။ ပြည်သူတကယ် ချစ်မှ အနုပညာသမား ဖြစ်နိုင်တာပါ။နှစ်ပေါင်း ဆယ်စုနှစ် တစ်ခုနီးပါး ကြာမှ  အနုပညာသမား တစ်ယောက် ရဲ့ အောင်မြင်မှု ဘယ်လောက်ရှိလာ လဲဆိုတာ သိရတာပါ။ ပြည်သူက လည်း ကိုယ့်ကို ချစ်သလို အနုပညာ သမားတွေကလည်း ပြည်သူကို ပြန်ချစ်သင့်ပါတယ်။ကျွန်တော်တို့ တိုင်းပြည်က ဆင်းရဲပါတယ်။ ကျွန် တော်တို့လည်း နယ်ဘက်တွေ သွား တဲ့အခါ ပိုသိလာရပါတယ်။ကျွန် တော်တို့တိုင်းပြည်မှာ အခက်အခဲ တွေ အများကြီးရှိပါတယ်။ ကျွန်တော် ဆိုလည်း လုပ်နိုင်သလောက် ဝိုင်း လုပ်ပေးကြပါတယ်။ကျွန်တော့် အ နေနဲ့လည်း ၂ဝ၁၁ လောက်ကစပြီး မှော်ဘီဘက်မှာ ကလေးတွေကို ကျောင်းထားပေးတယ်။ ပြီးတော့ ဒ လဘက်မှာလည်း ကလေးတွေကို ကျောင်းထားပေးတယ်။ အဲဒီလို ထား ရင်းနဲ့ သူတို့အနေနဲ့ရေ အခက်အခဲ ဖြစ်တာ တွေ့တဲ့အခါ ဒလ ဘက်မှာ ရေဗတွ လှူပါတယ်။တုံကင် အခု ၅ဝ ကျော် အပြင် အုတ်ကန် တွေလည်း လှူပါတယ်။ အခြားအနုပညာရှင် တွေလည်း အများကြီး ပါကြပါတယ်။ ကျွန်တော်က နိဗ္ဗာန်ဆော် အနေနဲ့ လည်း လှုံ့ဆော်ပါတယ်။ ရေတွေ အရေးပေါ် လိုလာတဲ့အခါ လှောင် ထားလို့ရအောင်လည်း စီစဉ်ပေးပါ တယ်။ ဒါကြောင့် ဒီနှစ်မှာဆိုရင် ရေ အတွက် သိပ်စိတ်မပူခဲ့ရပါဘူး။ နည်း နည်းပဲ လှူရတန်းရပါတယ်။ ကြိုတင် စီစဉ်ထားခဲ့တဲ့ အတွက်ဒီနှစ် အတွက် ဒလမှာ ရေအတွက်တော့ အဆင်ပြေ ခဲ့ပါတယ်” လို့သားစိုး ကပြောပါ တယ်။

တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ ဆိုသလို ပြည်သူတွေက ပေးတဲ့ မေတ္တာနဲ့အတူ အနုပညာ အလုပ်တွေနဲ့ ပရိသတ်ကို ဖျော်ဖြေ ကြသူတို့ဟာ ပြည်သူတွေ အခက်အခဲ ကြုံလာချိန်မှာလည်း စေတနာသဒ္ဒါ တရားတွေနဲ့ နိုင်ရာနေရာက လှူကြ တန်းကြ ဝိုင်းကြဝန်းကြတာကို မြင် တွေ့ရတာဟာ မင်္ဂလာရှိတဲ့ အရာတစ် ခုပဲဖြစ်လို့ နေပါတယ်။ ဆက်လက် ပြီးလည်း ပြည်သူနဲ့အတူ တစ်သား တည်း ရပ်တည်ကြတဲ့ အနုပညာသ မားတို့ အတွက် မုဒိတာပွားလျှက်ပဲ ရှိနေပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here