မဇ္ဈိမလူမှု ကယ်ဆယ်ရေးအသင်းတည်ထောင်ပြီး ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေတဲ့ လူရွှင်တော်အောင်သော်

0
190

မဇ္ဈိမ လူမှုကယ်ဆယ်ရေးအသင်းကို တည်ထောင်ထားတဲ့ Five Star အဖွဲ့မှ လူရွှင်တော် အောင်သော်က ပြည်သူတွေကို သူတတ်နိုင်တဲ့ ဘက်ကနေ ကူညီလုပ်ဆောင် ပေး နေလျက်ရှိပါ တယ်။ သူ့ရဲ့ မဇ္ဈိမ လူမှု ကယ်ဆယ်ရေး အသင်းအနေနဲ့ အခြေခံ လူတန်းစားတွေ အတွက် အခ မဲ့စနစ် အနေနဲ့ ၂၄နာရီလူနာတင် ယာဉ်ပြေးဆွဲပေး နေတာပဲဖြစ်ပါ တယ်။ ပြည်သူတွေကို ပိုမိုကူညီနိုင်ဖို့အတွက် လူနာတင်ယဉ်တွေ ထပ်မံ တိုးပွားလာအောင် သူ့အနေနဲ့လည်း ကြိုးစားနေ ပါတယ်။မဇ္ဈိမ လူမှုကယ်ဆယ်ရေးအသင်းကို တည်ထောင်ထားတဲ့ Five Star အဖွဲ့မှ လူရွှင်တော် အောင်သော်က ပြည်သူတွေကို သူတတ်နိုင်တဲ့ ဘက်ကနေ ကူညီလုပ်ဆောင် ပေး နေလျက်ရှိပါ တယ်။ သူ့ရဲ့ မဇ္ဈိမ လူမှု ကယ်ဆယ်ရေး အသင်းအနေနဲ့ အခြေခံ လူတန်းစားတွေ အတွက် အခ မဲ့စနစ် အနေနဲ့ ၂၄နာရီလူနာတင် ယာဉ်ပြေးဆွဲပေး နေတာပဲဖြစ်ပါ တယ်။ ပြည်သူတွေကို ပိုမိုကူညီနိုင်ဖို့အတွက် လူနာတင်ယဉ်တွေ ထပ်မံ တိုးပွားလာအောင် သူ့အနေနဲ့လည်း ကြိုးစားနေ ပါတယ်။ “ကျွန်တော့် အနေနဲ့ကလည်းကျွန်တော့်မှာ ရှိတဲ့ငွေကြေးလေးရယ် လှုတန်းကြ တဲ့ငွေကြေး လေးရယ် အားလုံးပေါင်းပြီးတော့ လုပ်ကြရတာပါ။ ဘတ်ဂျက်ကလည်း တောင့်တင်း တဲ့အသင်း မဟုတ်ပါဘူး။ အလှုရှင် များရဲ့အလှုငွေများနဲ့ပဲ လည်ပတ်နေတဲ့ အသင်းဆိုတော့ ကြိုးစားရမှာပါ” လို့ အသင်းနဲ့ ပတ်သက်လို့ကို အောင်သော်ကပြောပါတယ်။

အသင်းရဲ့ရေရှည် ဏူညေကတော့  ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုဖြစ် အောင် ရည်မှန်းထားတယ်လို့သိရပါတယ်။ “နောက်ပိုင်းမှာလည်း ကျွန်တော့်အနေနဲ့ ကျွန်တော် တို့ကို အားပေးတဲ့ ပရိသတ်တွေ ကျွန်တော်တို့ ထမင်းရှင်တွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီ ပံ့ပိုးပေးသွားပါမယ်။ ကျေးဇူးပြန်ဆပ်သွားပါမယ်” လို့ ကိုအောင်သော်က ပြောပါတယ်။
လက်ရှိမှာလည်း အသင်းအနေ နဲ့ ပြည်သူတွေရဲ့အခက်အခဲတွေကို ကူညီပေးနေလျက်ရှိပြီး လူရွှင်တော် အောင်သော် ကိုယ်တိုင်လည်း

တစ်တပ်တစ်အား ပါဝင်လုပ်ဆောင်ပေး နေတာကို လည်း တွေ့နေရပါတယ်။ ဒါ့အပြင်သူတို့ five star အဖွဲ့အနေ နဲ့လည်း တစ်ဦးချင်းအနေနဲ့ကော အဖွဲ့လိုက် အနေနဲ့ပါ အလှူအတန်းတွေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင် နေလျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here