လူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြု လုပ်ငန်း တစ်ခုလောက်တော့လုပ်မှ လူဖြစ်ရကျိုးနပ်မှာပါ ဦးကျော်သူ

0
296

ရုပ်ရှင်မင်းသား တစ်ဦး အနေနဲ့ ပရိသတ်က အားပေးချစ်ခင်ခဲ့ကြသလို လူသားအကျိုးပြု ပရဟိတ လုပ်ငန်းတွေ လုပ် တဲ့အခါမှာလည်း ပြည်သူလူထုကအားပေး ချစ်ခင်အားကိုးမှုကို ရရှိထားသူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူပဲ ဖြစ်ပါတယ်။ ပရ ဟိတနဲ့ ပတ်သက်ပြီး သူခံယူ ထားတာက…”လူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြုလုပ် ငန်း တစ်ခုလောက်တော့ လုပ်မှ။ ဒါမှ လူဖြစ်ရကျိုးနပ်မှာ။ လူတိုင်း လူတိုင်း မှာ အဲဒီအသိတရားတွေ ရှိဖို့လိုတယ်။ လူသားတွေရဲ့ ဖြစ်လာတဲ့ ဒုက္ခတွေကို ကိုယ်နိုင်တဲ့ဘက်ကနေ ကူညီရမှာ ပဲ” လို့ ဦးကျော်သူက ပြောပါတယ်။

ဦးကျော်သူတို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အနေနဲ့ လူသားချင်းစာ နာစိတ်ဖြင့် လူမျိုး၊ ဘာသာမရွေး အခမဲ့နာရေး ကူညီမှုတွေပြုလုပ်ပေးနေသလို သုခအလင်း ပညာဒါနကျောင်း၊ သုခကုသိုလ်ဖြစ် ဆေးခန်း၊ သုခကျောက်ကပ် သွေးသန့်စင်ဌာန၊ K-Ambulance အရေးပေါ်ကယ် ဆယ်ရေးဌာန၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) သီးသန့် မီးသတ်တပ်ဖွဲ့၊ ကျော်သူပရဟိတကွန်ရက်၊ ကိုယ့်အမှိုက် ကိုယ်ရှင်း အဖွဲ့စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်နေတယ် ဆိုတာလည်း အများပြည်သူ သိပြီးသားမို့ ပြောစရာတောင် လိုတော့မယ် မထင်ပါဘူး။

ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အတွက်အရာရာ အေးချမ်းကြောင်းကိုလည်း ဦးကျော်သူက…”ကျွန်တော် ဘာသာရေး လုပ်တယ်။ အဓိဌာန် ပုတီးစိပ်တာတွေ၊ သ မထပိုင်း တွေလုပ်တယ်။ ပရဟိတကို လုပ်တဲ့အချိန်မှာ ဘာတွေလဲ ဆိုတော့ မူးယစ်ဆေးစွဲတာတို့၊ အရက်စွဲတာတို့ထက် အများအကျိုးသယ်ပိုးတဲ့ ပရဟိတက တကယ်စွဲစေတယ်။ ပရဟိတကို တကယ် စိတ်ပါလက်ပါနဲ့ တကယ့် နှလုံးသားထဲကလုပ်မယ် ဆိုရင် အရာအားလုံးက အေးချမ်းပါတယ်|လို့ဆိုပါတယ်။ ရုပ်ရှင်မင်းသားတစ်ဦး အနေနဲ့ ပရိသတ်က အားပေးချစ်ခင်ခဲ့ကြသလို လူသားအကျိုးပြု ပရဟိတ လုပ်ငန်းတွေ လုပ် တဲ့အခါမှာလည်း ပြည်သူလူထုကအားပေး ချစ်ခင်အားကိုးမှုကို ရရှိထားသူကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူပဲ ဖြစ်ပါတယ်။

ပရ ဟိတနဲ့ ပတ်သက်ပြီး သူခံယူ ထားတာက…”လူ့လောကထဲ ရောက်လာတယ်ဆိုတာ လူသားအကျိုးပြုလုပ် ငန်း တစ်ခုလောက်တော့ လုပ်မှ။ ဒါမှ လူဖြစ်ရကျိုးနပ်မှာ။ လူတိုင်း လူတိုင်း မှာ အဲဒီအသိတရားတွေ ရှိဖို့လိုတယ်။ လူသားတွေရဲ့ ဖြစ်လာတဲ့ ဒုက္ခတွေကို ကိုယ်နိုင်တဲ့ဘက်ကနေ ကူညီရမှာ ပဲ” လို့ ဦးကျော်သူက ပြောပါတယ်။ ဦးကျော်သူတို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အနေနဲ့ လူသားချင်းစာ နာစိတ်ဖြင့် လူမျိုး၊ ဘာသာမရွေး အခမဲ့နာရေး ကူညီမှုတွေပြုလုပ်ပေးနေသလို သုခအလင်း ပညာဒါနကျောင်း၊ သုခကုသိုလ်ဖြစ် ဆေးခန်း၊ သုခကျောက်ကပ် သွေးသန့်စင်ဌာန၊ K-Ambulance အရေးပေါ်ကယ် ဆယ်ရေးဌာန၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) သီးသန့် မီးသတ်တပ်ဖွဲ့၊ ကျော်သူပရဟိတကွန်ရက်၊ ကိုယ့်အမှိုက် ကိုယ်ရှင်း အဖွဲ့စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်နေတယ် ဆိုတာလည်း အများပြည်သူ သိပြီးသားမို့ ပြောစရာတောင် လိုတော့မယ် မထင်ပါဘူး။

ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အတွက်အရာရာ အေးချမ်းကြောင်းကိုလည်း ဦးကျော်သူက…”ကျွန်တော် ဘာသာရေး လုပ်တယ်။ အဓိဌာန် ပုတီးစိပ်တာတွေ၊ သ မထပိုင်း တွေလုပ်တယ်။ ပရဟိတကို လုပ်တဲ့အချိန်မှာ ဘာတွေလဲ ဆိုတော့ မူးယစ်ဆေးစွဲတာတို့၊ အရက်စွဲတာတို့ထက် အများအကျိုးသယ်ပိုးတဲ့ ပရဟိတက တကယ်စွဲစေတယ်။ ပရဟိတကို တကယ် စိတ်ပါလက်ပါနဲ့ တကယ့် နှလုံးသားထဲကလုပ်မယ် ဆိုရင် အရာအားလုံးက အေးချမ်းပါတယ်|လို့ဆိုပါတယ်။ ဦးကျော်သူအနေနဲ့အင်္ဂလန်နိုင်ငံက မြန်မာတွေချီးမြှင့်တဲ့ “ပြည်သူ့ဘက်သား အနုပညာ သမားဆု”၊ အမေရိကန်နိုင်ငံက မြန်မာတွေချီးမြှင့်တဲ့ “ပြည်သူ့ဂုဏ် ရည်ဆု”၊ ဧမာနွေလဘုရားကျောင်းက ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့၊ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ချီးမြှင့်တဲ့ “မေတ္တာရှင် ပရဟိတဆု”၊ ရုပ်ရှင် အစည်းအရုံးကချီးမြှင့်တဲ့ “ရုပ်ရှင်သူရဲကောင်းဆု” ၊ ဒီပိုးအဖွဲ့ကချီးမြှင့်တဲ့ဆု၊ ဖိလစ်ပိုင်နိုင်ငံသမ္မတက ချီးမြှင့်တဲ့ “ရာမွန်မက်ဆိုင်း ဆိုင်းဆု”တွေကိုလည်း အများအကျိုးသယ်ပိုး တဲ့အတွက် ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ နောက်ထပ် ပြောပြချင်တာကတော့ ပြည်မြို့တစ်ဖက်ကမ်းမှာ ဦးကျော်သူ တည်ထားတဲ့ မဟာပဏီ တပရဟိတ စေတီတော်အကြောင်းပါ။ ဘုရားထီးတော်တင်ဖို့အတွက်အချိန်အနည်းငယ်လိုအပ်နေသေးပေမယ့် အနယ်နယ် အရပ်ရပ်က ဘုရားဖူး လာရောက်ကြတဲ့ သူတွေနဲ့ စေတီတော်ကြီးက စည်းကား လို့နေပါတယ်။ ထီးတော်ကို ဘယ်ကာလလောက် တင်ဖြစ်မလဲလို့ ဦးကျော်သူ ကိုမေးတော့ “ထီးတော်တင်ဖို့ ကိစ္စက ကျွန်တော် မဆုံးဖြတ်နိုင်သေးဘူး။ ကျွန် တော် ကြည်သာအေးမြ ဆရာတော်ရဲ့ သြဝါဒအတိုင်း ကျွန်တော်တို့ လုပ်နေ တယ်။ ဘုရားကုန်းတော်ပေါ်မှာ ကျွန်တော် ထပ်ချဲ့ဖို့တွေရှိတယ်။ အမိကိုယ်စား ပြုရယ်၊ အဖကိုယ်စားပြုရယ်စေတီ ၂ ဆူကတည်ဖို့ ရှိသေးတယ်။ ဘုရားကုန်း တောင်ကုန်းပေါ်မှာ ရှိတဲ့ သာသနာ့ အဆောက်အဦတွေ၊ စေတီပုထိုးတွေ အား လုံးကျွန်တော့် စိတ်တိုင်းကျဖြစ်သွားပြီ ဆိုတော့မှပဲ ထီးတော်တင်ဖို့ ဆုံးဖြတ် မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here