မိဘမဲ့ကျောင်း ဆောက်လုပ် လှူဒါန်းမယ့် ခိုင်နှင်းဝေ

0
273

သရုပ်ဆောင် ခိုင်နှင်းဝေက  ၂ဝ၁၄ ခုနှစ်က ရေဘေးအတွက် ကူ ညီလုပ်ကိုင်ပေးရင်းကနေ ပရဟိတ အလုပ်ကို စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဲဒီကနေ မိဘမဲ့ကလေး သူငယ်တွေအတွက် ပရဟိတအလုပ်ကို လုပ်ခဲ့ပါတယ်။ ဒီ လို လုပ်ကိုင် ပေးရင်းကနေ ၂ဝ၁၄ခု နှစ်မှာပဲ United Act မှ က လေးသူ ငယ် လူကုန်ကူးမှု တားဆီးရေး သံတမန်အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပါ တယ်။ ဒီနောက်ပိုင်းမှာလည်း ကလေးငယ်တွေအတွက် ပရဟိတလုပ် ငန်းများကို စွမ်းစွမ်းတမံကြိုးစား လုပ်ကိုင်ပေးရာကနေအခုဆိုရင်လှည်းကူးမြို့နယ်မှာ ကလေး တွေ အတွက် မိဘမဲ့ဂေဟာ ဆောက်လုပ်သွားတော့မှာ ဖြစ်ပါတယ်။

မိဘမဲ့ဂေဟာ ဆောက်လုပ်ဖြစ်ပုံကိုတော့ ခိုင်နှင်းဝေက… “ကလေးတွေအတွက်မိဘမဲ့ဂေဟာ ဆောက်လုပ်လှူဒါန်းဖို့ အ တွက် အစ်မလုပ်နေတယ်။ အခုအဲဒါကတော့ မိုးကုန်ရင်အုတ်တံတိုင်း စဆောက် မယ်။ အစ်မကအမှန်တကယ်တော့ ဒီလိုမျိုးဖွင့်ချင်တာ ကြာပြီ။ ကိုယ်က အများကြီးလည်း ပိုက်ဆံမတတ်နိုင်ဘူးလေ။ မိဘမဲ့ကလေးဂေဟာ ဖွင့်ချင်တယ်။ ဒါပေမဲ့လို့ ကိုယ့်မှာမြေနေရာမရှိတာနဲ့ တချို့ကျနယ်ကနေကိုယ့်ကို ဖုန်းဆက်ပြီး အကူညီလှမ်းတောင်းတာတွေရှိတယ်။ ဘယ်နေရာမှာ ကလေး စွန့်ပစ်သွားလို့  ဘယ်နေရာမှာ ဘယ် လိုဖြစ်လို့ ကူညီပေးပါလား ဆိုတော့ အစ်မတို့က တခြားကျောင်းတွေကို လက်လွှဲပြီး ပို့ပေးတာတွေ ရှိတယ်။ ကိုယ့်ရင်ထဲမှာကျအော် ဒီကလေး လေးကံဆိုးတယ် ငါမွေးချင်လိုက် တာ မွေးစားချင်လိုက်တာဆိုတဲ့ စိတ်ရှိပေမဲ့ ကိုယ်ကကျတော့ ဒီလိုကလေးတိုင်း ကို လိုက်မွေး စားဖို့မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ မိဘမဲ့ကလေး ကျောင်းဂေဟာလေး ဆောက်ပေးချင်တဲ့ စိတ်ရှိနေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် လှည်းကူးဘက်မှာပဲ ဆရာတော်တစ်ပါးရဲ့အကူအညီ နဲ့မြေနေရာအလှူရှင် ပေါ်ပေါက်လာတယ်။ မြေအလှူရှင် ပေါ်ပေါက်လာတော့ ဒီကျောင်း လေးဆောက်မယ်ပေါ့နော်။ အခုတော့ ယာယီ ကျောင်းလေး ဆောက်ထားတယ်။ ကလေး အယောက်၅ဝ လောက်တော့ ရှိမယ်။ အဲဒီကျောင်း ရော စာသင်ကျောင်းရောဆောက် ဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ပိုက်ဆံတော့ မရှိသေးဘူးပေါ့ နော်။ အဲဒီတော့လှူထားတဲ့ မြေကွက်ကို အုတ်တံတိုင်းအရင်ခတ်မယ်။ မြေဖို့မယ်။ ပြီးရင် ကျောင်းဆောက်မယ်။ အဲဒီအတွက်ကိုလည်း အနုပညာရှင်တွေရော အပြင်ကအလှူရှင် တွေ ရောလှူထားတာ များပါတယ်။ မိုးကုန်ရင် စဆောက်မယ်။ ဘယ်တော့အပြီးဆိုတာကို တော့ မခန့်မှန်းနိုင်သေးပါဘူး”လို့ ပြောပြ ပါတယ်။

ရုပ်ရှင်မင်းသမီး တစ်ယောက်အနေနဲ့ ဒီပရဟိတအလုပ်ကို ဝါသနာပါတာကြောင့် ကလေးတွေ အတွက် လုပ်ဆောင် ပေးဖြစ်ရင်းကနေ မိဘမဲ့ ကျောင်း ဆောက်လုပ် လှူဒါန်းပေးနိုင် တော့မယ့်အပေါ် ရင်ထဲက ခံစားချက်ကို ခိုင်နှင်းဝေက အခုလို ပြောပြခဲ့ပါတယ်။    “အရင်တုန်းက လုပ်တာထက်စာရင်တော့ အများကြီးဝမ်းသာတာပေါ့။ ကိုယ့်ရဲ့ ရည်မှန်းချက်  ကလေး တွေလည်း တဖြည်းဖြည်းနဲ့ ပြည့်ဝလာတယ်။ စေတနာအကျိုးပေးတယ် လို့ပဲ ပြောရမှာပေါ့လေ။ ဖြည်းဖြည်း ချင်းစီလည်း လုပ်သွားရမယ်။ အမြန် ဝုန်းဒိုင်းကြီးတော့ လုပ်လို့ မရဘူးပေါ့။ ကိုယ့်ရဲ့စေတနာ အကျိုးပေးသလို အခုလိုမျိုး လမ်းစလေး ပေါ်လာပြီ ဆိုတော့ ဝမ်းသာတယ်။ ပျော်တယ်။ အစ်မကတော့ ဒီအလုပ်ကို လုပ်နိုင် သရွေ့တော့ လုပ်သွားမှာပဲလေ။ ဘာလို့လည်းဆိုတော့ ခြေလှမ်းတစ် လှမ်းက လှမ်းပြီးပြီဆိုရင် အစ်မ အတွက်ကတော့ နောက်ပြန်ဆုတ်ဖို့ မရှိဘူး။ ကလေးတွေ အတွက် ဂေဟာ ဆောက်ပေးသွားမှာ ဆိုတော့ဒီဂေဟာ ရှိနေသရွေ့ကတော့ လုပ်သွားမှာ ပါ” လို့ ပြောပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here