အနုပညာနဲ့ ပတ်သက်လို့ ပိုမိုကြိုးစားသွားမယ့် ဧကရီစုစံ

0
434

ရုပ်ရှင်အစည်းအရုံးသရုပ်ဆောင်သင်တန်းဆင်းတစ်ဦးဖြစ်တဲ့ ဧကရီစုစံက အခုအချိန်မှာတော့ ဗီဒီယိုဇာတ်ကား ပေါင်း ၃ဝကျော်လောက် ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့လည်း ၄ကားလောက် ရိုက်ကူးပြီးခဲ့ပါပြီ။ သူရဲ့အနုပညာသက်တမ်းကတော့ ၅နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး ခေါင်းဆောင်မင်း သမီးနေရာကနေ ဗီဒီယိုဇာတ်ကား အတော်များများကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ တချို့ဇာတ်ကားတွေ မှာတော့ စီနီယာမင်းသမီးတွေနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေလည်းရှိပြီးသူ့အနေနဲ့ကတော့သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေတိုင်းမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။

“တချို့ ပရိသတ်တွေကကျတော့ နာမည်သိတယ်။ လူတော့မမြင်ဖူးကြဘူး။ တချို့ကျတော့လည်း လူနဲ့နာမည်ကို မတွဲမိကြပြန်ဘူး။ အဲဒီလိုတွေတော့ရှိတယ်။ ဒါကြောင့်ညီမအနေနဲ့လည်း ပရိသတ်တွေပိုမိုသိလာအောင် ကြိုးစား သွားမှာပါ။ ဒါပေမဲ့ အခုကဗီဒီယိုလောကကလည်း သိပ်မကောင်းတော့ စိတ်ထဲအားငယ်မိတာတော့အမှန်ပဲ။ ညီမ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေရှိပါတယ်။ ဇာတ်ကားတွေထွက်ရှိလာရင် ပရိသတ်တွေအားပေးကြပါဦး” လို့ ဧကရီစုစံက ပြောပါတယ်။ သူဟာကြော်ငြာတွေလည်း ရိုက်ကူးထားပြီး ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင် ထားပါသေးတယ်။ အရင်ကတော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ စာချုပ်ချုပ်ရိုက်ကူခဲ့တာမျိုး ရှိခဲ့ပေမယ့် အခုအချိန် မှာတော့ စာချုပ်သက်တမ်းပြည့်သွားပြီဖြစ်တဲ့အတွက် ဘယ်ထုတ်လုပ်ရေးနဲ့မဆို ရိုက်ကူးလို့ ရပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ==အရင်ကတော့ ဇာတ်လမ်းတွေဘာတွေရွေးတယ်။ အခုတော့ မရွေးဖြစ်တော့ဘူး။ ဂျီးမများတော့ ဘူး” လို့ လည်းသူကဆိုပြန်ပါတယ်။ သူကနယ်ပရိသတ်တွေနဲ့ နီးစပ်ဖို့အတွက်လည်း နယ်တွေမှာသီချင်းတွေလိုက် ဆိုဖြစ်နေပါသေးတယ်။ ဂီတပိုင်းကိုလည်းဝါသနာတဲ့သူ့အနေနဲ့ နောက်ပိုင်းမှာလည်းတစ်ကိုယ်တော်အ ခွေထွက် ဖို့အစီစဉ်ရှိတယ်လို့လည်း သိရပါတယ်။ တစ်ကိုယ်တော်အခွေ ထွက်ဖို့အတွက်ကတော့အနည်းငယ်  ကြာဦးမှာဖြစ်ပြီး ဒါကလည်း အဆိုပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ပိုမို ကောင်းမွန်အောင်လေ့ လာကြိုးစားသွား ဦးမှာဖြစ်တာကြောင့်ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

လင်းအက္ခရာ 


LEAVE A REPLY

Please enter your comment!
Please enter your name here