၆ နှစ်ကျော်ကြာ ပရဟိတအကျိုးပြုမှုတွေ လုပ်ဆောင်နေတဲ့ မေတ္တာသင်္ဂဟအဖွဲ့

0
219

အနုပညာရှင်များနဲ့ စီးပွားရေး လုပ်ငန်းရှင်များတို့ဖြင့် ဖွဲ့စည်းထား တဲ့ မေတ္တာသင်္ဂဟအဖွဲ့ကို ၂ဝ၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့ဖြစ်ပြီး အခုဆိုရင် ၆နှစ်ကျော်ကြာ ခရီးဆက် နေခဲ့ပြီဖြစ်ပါတယ်။ ဒီ ၆ နှစ်ကျော် ကာလအတွင်းမှာ ဘာသာရေး၊ လူမှု ရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေ အတွက် အလှူငွေများလှူဒါန်းခဲ့ပြီး ပြည်သူတွေအတွက် အကျိုးပြုနေတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ တကယ့်ကိုအတိဒုက္ခရောက်နေတဲ့ သူတွေအတွက် ဦးစားပေး လှူဒါန်း သွားမှာ ဖြစ်ကြောင်းကို  မေတ္တာ သင်္ဂဟအဖွဲ့ (ရန်ကုန်-မန္တလေး)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ခန့်စည်သူက  အနုပညာရှင်များနဲ့ စီးပွားရေး လုပ်ငန်းရှင်များတို့ဖြင့် ဖွဲ့စည်းထား တဲ့ မေတ္တာသင်္ဂဟအဖွဲ့ကို ၂ဝ၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့ဖြစ်ပြီး အခုဆိုရင် ၆နှစ်ကျော်ကြာ ခရီးဆက် နေခဲ့ပြီဖြစ်ပါတယ်။ ဒီ ၆ နှစ်ကျော် ကာလအတွင်းမှာ ဘာသာရေး၊ လူမှု ရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေ အတွက် အလှူငွေများလှူဒါန်းခဲ့ပြီး ပြည်သူတွေအတွက် အကျိုးပြုနေတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ တကယ့်ကိုအတိဒုက္ခရောက်နေတဲ့ သူတွေအတွက် ဦးစားပေး လှူဒါန်း သွားမှာ ဖြစ်ကြောင်းကို  မေတ္တာ သင်္ဂဟအဖွဲ့ (ရန်ကုန်-မန္တလေး)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ခန့်စည်သူက  “ရှေ့ဆက်ပြီးတော့ ပရဟိတ အလုပ်တွေဆက်ပြီးလုပ်ကိုင်သွားမှာပါ။ ကျွန်တော်တို့ထဲမှာလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး လှူဒါန်း တာရှိသလို လူမှုရေးနဲ့ ပတ်သက်ပြီး လှူဒါန်းတာလည်းရှိပါတယ်။ ကျန်း မာရေး၊ ပညာရေး၊ ဘက်စုံက လှူ ဒါန်းနိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ မေတ္တာသင်္ဂဟအဖွဲ့သူ အဖွဲ့သားတွေနဲ့ ကျွန်တော်တို့အဖွဲ့ ထဲမှာပါတဲ့ အလှူ ရှင်တွေနဲ့ တခြား အလှူရှင်တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အဖွဲ့သူအဖွဲ့ သားတွေရဲ့ စိတ်အားထက်သန်မှု၊ လှူဒါန်းချင်တဲ့စိတ် ပရဟိတအကျိုး ပြုချင်တဲ့စိတ်တွေကြောင့် မေတ္တာ သင်္ဂဟ အဖွဲ့က ဒီနေ့ဒီနေ့ဒီအချိန် ထိ ခရီးဆက်နိုင်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဘာသာရေး အတွက်ကလည်း လှူဒါန်းပါတယ်။ တခြားဘာသာဝင်တွေအတွက်လည်း လှူဒါန်းခဲ့တာရှိပါတယ်။ ဥပမာ မိဘ မဲ့ကလေး ကျောင်းတွေဆိုလည်း တခြားဘာသာဝင်တွေပါတာပဲ။ အသက်စွန့်သွားတဲ့ ကိုနေဝင်းအတွက် လှူဒါန်းသလို ဦးကိုနီအတွက်လည်း လှူဒါန်းခဲ့တာရှိပါတယ်။ Y8 လေယာဉ် အရေးကိစ္စမှာလည်း သေဆုံးသွားတဲ့ တပ်မတော် သားတွေအတွက် စာနာ ပြီးတော့ လှူဒါန်းတာတွေ ရှိပါတယ်။ ဘာသာရေးကလည်း မိမိဘာသာ တစ်ခုတည်းကိုပဲ မဟုတ်ဘဲ၊ တကယ့် ကို အတိဒုက္ခရောက်နေတဲ့သူတွေ  အ တွက် ဦးစားပေးလှူဒါန်းပါတယ်။ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး တခြားကိစ္စတွေမှာ လည်း အဖွဲ့နဲ့ဆွေးနွေးတိုင်ပင်ပြီး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ လှူဒါန်း ပါတယ်” လို့ ပြောပါတယ်။ မေတ္တာ သင်္ဂဟအဖွဲ့အနေနဲ့ ၆နှစ်ကျော် ကာလအတွင်း ကျပ်သိန်းပေါင်း ၂၆ဝဝ နီးပါး လှူဒါန်းခဲ့ပြီးဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here