ရုပ်ရှင်ရိုက်ကူးရင်း Miss တစ်ယောက်ရဲ့ စတိုင်တွေပြောင်းလဲသွားတဲ့ ဟန်သီ

0
206

Miss Suparnational 2014 Winner ဆုရှင်ဟ န်သီက အခုလတ်တ လောမှာ ကြော်ငြာတွေ ရိုက်ကူးနေပြီ ဖြစ်ပြီး ကျောင်းတက်နေတာကြောင့် ဇာတ်ကား ကမ်းလှမ်းမှုကိုငြင်းပယ်ထားတယ်လို့ သိရပါတယ်။ Miss တစ်ယောက်ဖြစ်တဲ့ အတွက် ရုပ်ရှင် ရိုက်ကူးတဲ့အခါ အခက်အခဲတွေကိုတော့ ဟန်သီက……………………….

  “ဟန်သီ အလွမ်းဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရတာ အရမ်းခက်ခဲတယ်။ ကိုယ်က Miss ဆိုတော့ လမ်းလျှောက်ရင်လည်း Miss တစ်ယောက်လျှောက်သလို လျှောက်တော့ အပြောခံရတယ်။ အမူအကျင့် အများကြီးကို ပြောင်းလဲ ရတယ်။ အခုဆိုရင် Miss တစ်ယောက်လို လမ်းလျှောက်ခိုင်းရင် သိပ် မလျှောက်တတ်ဘူး။ အရမ်းပေါ့ပေါ့ပါးပါးဖြစ်သွားတယ်”လို့ ပြောပါ တယ်။  မြန်မာပြည်မှာ အခုနောက်ပိုင်း Miss တွေများလာတာကိုလည်း ဟန် သီက  “အခုနောက်ပိုင်း Miss တွေ အရမ်းများလာတယ်။ ဒီလိုမျိုး များ လာတာက ကောင်းသလို၊ မကောင်း တာတွေလည်း ရှိတယ်။ အကုန်လုံးက မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တွေဖြစ်ကြတဲ့ အတွက်ကိုယ့်မြန်မာ နိုင်ငံအတွက်ကို အကောင်းဆုံး ကြိုးစားစေချင် တယ်။ ကိုယ်ကြိုးစားမှကိုယ်ရတာပဲလို့ယုံကြည်တယ်”လို့ ဟန်သီ က ပြောပါတယ်။  ဟန်သီက သီချင်းခွေထုတ်ဖို့ရှိပြီး ဒီဇင်ဘာလမတိုင်ခင် သီချင်းတစ်ပုဒ်ကို Online ကနေတင်ပြီးဖြန့်ဖြစ်မယ်လို့လည်း သိရပါ တယ်။

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here