အခွေရောင်းချတဲ့အခါ အမြတ်ဆိုတာ မမျှော်လင့်ပါဘူး မနော

0
228

အဆိုတော် မနောရဲ့ ‘ချမ်းမြေ့ပါစေ …. အမေ’ တေးစီးရီး MTV  စီးရီးခွေ မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ကOrchid Hotel  မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီတေးစီးရီးထဲမှာ ပါဝင်တဲ့ သီချင်းများမှာ Audio အနေနဲ့ထွက် ထားရှိတဲ့ ပရိသတ်နဲ့ ရင်းနှီးပြီးသား သီချင်းများ ဖြစ်ပြီး အခု MTV အ နေနဲ့ ထွက်ရှိတာလည်း ဖြစ်ပါတယ်။

  ဒီတေးစီးရီးမှာ ပါဝင်တဲ့ သီချင်းများမှာ မြန်မာသံစဉ် လိုပြောကြပေမယ့်လည်း မြန်မာသံစဉ်ကနေ မြူးမြူး ကြွ ကြွခွဲထွက်နေတဲ့Music တစ်မျိုးကိုလည်း တွေ့ရပါ တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်တို့က မြန်မာသံဆို ပေမယ့်လည်း မတူကွဲလွဲတဲ့ ပုံစံနဲ့ပဲ သွားထားတာပါ။ ဘာလို့ အဲဒီလိုလုပ် ဖြစ်လဲဆိုရင် နိုင်ငံခြားသီချင်တွေကြိုက်တဲ့ လူငယ်တွေလည် လက်ခံ နိုင်ရမယ်။ ဟိုးရှေ့ခေတ်က တွံတေး သိန်းတန် သီချင်းတွေကြိုက်ခဲ့တဲ့ လူကြီးတွေလည်း လက်ခံနိုင်မယ် ပေါ့။ ကျွန်တော်တို့ဖန်တီးထားတာက ပရိသတ် ရင်ဘတ် နဲ့မဝေးတဲ့ ဂီတပဲဖန်တီးထားတာပါ။ ပရိသတ် နားထောင် ဖို့ ဖန်တီးကတည်းက မရမ်းမဆူတဲ့ ပရိသတ် နားထောင်လို့ ရတဲ့ သီချင်းတွေပဲ ဖန်တီးထားပါတယ်”လို့ ပြောခဲ့ပါတယ်။ ခေတ်ကာလ အနေအထားမှာ Copy အခွေတွေ ရှိနေတာကြောင့် အဆိုတော်တစ်ယောက် အနေနဲ့ တေးစီးရီးထုတ် တဲ့အခါ အရှုံးအမြတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ “ဒီအခွေ ရောင်းချရတဲ့ အပေါ်မှာ ကျွန်တော် အနေနဲ့ အမြတ်ဆိုတာ မမျှော် လင့်ပါဘူး။ အခွေထုတ်တာက ကျွန်တော်တို့လို တေးသံရှင်တွေ အတွက်ဆိုရင်တော့ အရှုံးပါ။ တေးသံသွင်းတွေအနေနဲ့ ဆိုရင် တော့မပြောတတ်ပါဘူး။Copy ခွေထွက်တယ် ဆိုတာတွေကလည်း Master အခွေက နေရာ တိုင်းမှာ မရှိဘူး။  Master အခွေရောင်းမှ အဆိုတော် တစ်ယောက် ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော် တို့ နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ အဘက်ဘက်က ဖွံ့ဖြိုးတိုး တက်ဖို့ လိုသေးပါတယ်။ အဲဒီလို လိုအပ်ချက်တွေရှိနေသရွေ့ Copy အခွေဆိုတာရှိနေဦးမှာပဲ” လို့ အဆိုတော် မနောက ပြောပြခဲ့ပါ တယ်။

သတင်း၊ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here