ပရိသတ်တွေ အတွက် တာဝန်မကျေသလို ခံစားနေရတဲ့ ခရစ္စတီးနား

0
116

သရုပ်ဆောင် ခရစ္စတီးနားက ကိုယ်ပိုင်သီချင်း တွေ သီဆိုသွားဖို့ အစီအစဉ်ရှိပြီး အခုလောလော ဆယ်မှာတော့ သီချင်းတွေကို အားမရသေးတဲ့အတွက် အခွေမထုတ်ဖြစ် သေးဘူးလို့ ဆိုပါတယ်။ အနုပညာ အလုပ်တွေ ခပ်ကြဲကြဲပဲလုပ်နေတာ ဘာကြောင့်လဲဆို တာကိုတော့ “ခရစ်လောလောဆယ်က ဇာတ်ကားတွေ ကို ကိုယ်တိုင် မရိုက်ဖြစ်တာလည်း ပါတယ်။ ခရစ်ရဲ့ personal ကိစ္စတွေ၊ မိသားစုကိစ္စတွေ၊ နောက်ပြီး ခန္ဓာကိုယ်ပိုင်းက နည်းနည်းလေး ပြည့်လာတယ်။ film  တွေထဲမှာဆိုရင် အားမလိုအားမရ ဖြစ်တယ်။ အိုက် တင်ပိုင်းတွေကိုလည်း ဝမ်းစာတွေ ထပ်ဖြည့်နေပါတယ်။ သေသေချာချာ အားရတဲ့အခါကျရင် ဇာတ်ကားတွေ စိစစ်ပြီးရိုက်ကူးသွားမှာပါ” လို့ဆိုပါတယ်။
လောလောဆယ်မှာ လက်ထပ်ဖို့ထိ ရည်ရွယ်ထား တဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီး အပူမရှာသေးဘဲ တစ် ယောက်တည်း နေသွားဖြစ်မယ် လို့ဆိုတဲ့ ခရစ္စတီးနား က “အချစ်ရေးအနေနဲ့ကတော့ တစ်ကြိမ်တစ်ခါ တော့ လက်ထပ်ဖို့ ထိစဉ်းစားခဲ့တဲ့ ချစ်သူရှိခဲ့တာပေါ့။ အခုတော့ လမ်းခွဲလိုက်ပါပြီ။ လောလောဆယ်မှာတော့ တစ် ယောက်တည်းပဲ နေသွားတော့မယ်လို့ စဉ်း စားထားပါတယ်။ ချစ်သူတွေမှာ အဆင်မပြေမှုတွေကတော့ အများကြီး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ လည်း အများကြီး လိုအပ်ပါတယ်။ အဲဒါကြောင့် လော လောဆယ်မှာ တစ်ယောက်တည်းနေရတာ အအေး ချမ်းဆုံးပဲ။ ငြိမ်းချမ်းတယ်။ ဘာမှ မပူလောင်တော့ဘူး။ လောလောဆယ်မှာ ကိုယ်လုပ်ချင်တဲ့ အနုပညာ ကိုယ့်ရဲ့ မိသားစုနဲ့ အေးအေးချမ်းချမ်း ပဲနေချင် တော့တာပါ။ အချစ်ကိုကြောက် သွားတာတော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။ အခုဆိုရင် သူ့ရဲ့ အနုပညာသက်တမ်း ၁၁ နှစ်လောက်ရှိပြီ ဖြစ် ပြီး  ပရိသတ်တွေအတွက် တာဝန်မကျေသေး သလို ခံစားနေရတယ်လို့ ဆိုပါတယ်။ ရှေ့ဆက် ပြီး အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး ပရိသတ် တွေအကျိုးရှိမယ့် ပရဟိတအလုပ်တွေ လုပ် သွားမယ်လို့ ခရစ္စတီးနားက ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here