အလှမယ် အေးချမ်းမိုး အနေနဲ့ အမှားအယွင်းမရှိ တာဝန် ကျေပွန်စွာ ယှဉ်ပြိုင် နိုင်တဲ့အတွက် ကျေနပ်မှု ရှိ ပါတယ် ဒေါ်စိုးယုဝေ

0
188

အလှမယ်အေးချမ်းမိုး အနေနဲ့ Miss Grand Internaitonal 2017  ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမယ့် အမှား အယွင်းမရှိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မှုရှိတယ်လို့  National Director ဖြစ်သူ ဒေါ်စိုးယုဝေက ပြောပါတယ်။ အလှမယ်အေးချမ်းမိုး အနေနဲ့ Miss Grand Internaitonal 2017  ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမယ့် အမှား အယွင်းမရှိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မှုရှိတယ်လို့  National Director ဖြစ်သူ ဒေါ်စိုးယုဝေက ပြောပါတယ်။

“ပြင်ဆင်ချိန် ၃ရက်ပဲရတယ်။ ၁ရက်နေ့မှာ သူ့ကိုအသိပေးပြီး  ၅ရက်နေ့မှာ သွားပြိုင်ရတယ် ဆိုတော့ ကြားထဲမှာ ၃ရက်အတွင်းမှာ ဘာမှ ထူးထူးခြားခြားပြင်ဖို့ အချိန်မရဘူး။ သွားရောက် ယှဉ်ပြိုင်တဲ့အပေါ်မှာ လည်း သူ့အနေနဲ့ လုံးဝအမှားအယွင်း မရှိဘူး။ သူ့ဘက်ကနေ အကောင်းဆုံး တာဝန်ကျေစွာနဲ့ ကြိုးစား ယှဉ်ပြိုင်ခဲ့တာ တွေ့ရတဲ့ အတွက် ကျေနပ်ပါတယ်။ ဆုရတာ မရတာထက် ပွဲပြီးတဲ့အထိ ကိုယ် လည်း နာမည်ပျက်မရှိဘူး။ အမှား အယွင်းလည်း မရှိဘူး။ တခြား နိုင်ငံကလာတဲ့ ပြိုင်ပွဲဝင်တွေကြား မှာလည်း ကိုယ့်ကိုယ်ချစ်ကြတယ် ခင်ကြတယ်။ ကောင်းသတင်းကျော် ဇောတယ်။ အဲဒီလိုမျိုး ယှဉ်ပြိုင်လာနိုင်တယ် ဆိုတည်းက ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်တာ အောင်မြင်မှုတစ်ခု ပေါ့။ ဆုရတာ မရတာထက် ကိုယ့် ထက် အင်အားကြီးတဲ့  USA တို့ ဒီလိုမျိုး နိုင်ငံတွေတောင်မှ ဆုရဖို့က မလွယ်ဘူး ဆိုတော့ဆုကတော့ ထပ် ပြီးကြိုးစားဖို့ လိုသေးတာပေါ့။ နောက်နှစ်တွေမှာ အချိန်ယူပြီး သေချာပြင်ဆင်ရင် သိပ်တော့ မဝေး ဘူးထင်ပါတယ်။ အခုက အချိန် လည်းနည်းတယ်။ ပြိုင်ဆိုင်မှုက လည်း တော်တော်လေး ပြင်းထန် လာ တယ်။ Asia နိုင်ငံတွေ အချင်းချင်း မှာလည်း ပြိုင်ဆိုင်မှုက ပြင်းထန် လာတာ တွေ့ရတယ် ဆိုတော့ ဆုရ တာမရတာ ပြဿနာ မဟုတ်ပါဘူး” လို့ ဒေါ်စိုးယုဝေက ပြောပါတယ်။

ဒီလို သွားရောက် ယှဉ်ပြိုင်တဲ့အခါမှာ အရင် သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင် ထားတဲ့ အလှမယ်ရဲ့ ဝတ်စုံကို ဝတ် ဆင်တာကြောင့် ဝေဖန်မှုတွေ များ စွာရှိခဲ့တဲ့ အပေါ် ဒေါ်စိုးယုဝေက “Miss Grand Myanmar  က ဘယ်သူဖြစ်ခြင်းမဖြစ်ခြင်းထက် သွားပြိုင်မယ့်လူကိုပဲ ပေးတာဖြစ် တဲ့အတွက် နဂိုချုပ်ပြီးသားထဲက ပေးလိုက်တယ်။ သူအဆင်ပြေတာကို ဝတ်တယ်ပေါ့။ ဒါကတော့ သေချာ နားမလည်တာကြောင့် ဝေဖန်တာ လည်း ပါပါတယ်။ ဝတ်စုံက ဒီဇိုင် နာပိုင်တာလေ။ သူပိုင်တဲ့ ဝတ်စုံ ဖြစ် တဲ့အတွက် ဘယ်သူ့ကို မဆို ဆင် မြန်းပိုင်ခွင့်ရှိတဲ့ အတွက် ဒါကို သေချာနားမလည်လို့ ဝေဖန်ကြတာ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။  ပြိုင်ပွဲနီးကပ်ချိန်မှ အလှမယ် အ ပြောင်းအလဲ ဖြစ်သွားခဲ့တာကြောင့် ပြဿနာ အနည်းငယ်ဖြစ်သွားတဲ့ အတွက် နောက်ပိုင်းမှာ အလှမယ် တွေနဲ့  organization  ကြားမှာ စည်းကမ်းချက်တွေ နဲ့ ရှင်းလင်းစွာ ပြောဆိုရမယ့် ကိစ္စတွေ ပိုများသွား မှာဖြစ်ကြောင်း ဒေါ်စိုးယုဝေ က ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here