တတိယမြောက် တစ်ကိုယ်တော်စီးရီးခွေကို ‘အတ္တမြို့ တော်’ လို့ အမည်ပေးလိုက်တဲ့ ဝတီ

0
134

တေးသံရှင်ဝတီရဲ့ တတိယ မြောက် ‘အတ္တမြို့တော်’ တေးစီးရီး မိတ်ဆက်ပွဲ အခမ်းအနားကို အောက် တိုဘာလ ၂ဝ ရက်နေ့ကOrchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ စီးရီးခွေမှာ သီချင်း၁၄ပုဒ် ပါဝင်ပြီး တေးရေးဆရာ မောင်တင်မင်း၊ နော နော်၊ ညီမင်းခိုင်၊ ကောင်းဆက်တို့အ ပြင် အခြားတေးရေး ဆရာတို့ကရေးပေးထားပါတယ်။

 ဒီစီးရီးခွေပြင် ဆင်မှုအပိုင်းအနေနဲ့ အဆို တော်ဝတီက       “ဒီစီးရီးခွေကို ၃နှစ်လောက် ပြင်ဆင်ခဲ့ရတယ်။ သီချင်းတွေလည်း အကောင်းဆုံးပြင်ဆင်ပြီးတော့ စိတ် တိုင်းကျတဲ့အချိန်မှ ထွက်ဖြစ်တာ။ အရင် စီးရီးခွေတွေနဲ့ လုံးဝမတူအောင် လုပ် ထားတယ်။ ဒီစီးရီး Title ကိုလည်း အရင်ကအခွေတွေမှာ အချစ်ခေါင်း စဉ်လေးတွေပဲ ပေးဖြစ် တယ်။ ဒီတစ်ခါတော့ ဒဿနဆန်ဆန်ပေးဖြစ် တယ်။ ပြန်ဆိုတေး နှစ်ပုဒ်တော့ ပါမယ်”လို့ ပြောပါတယ်။  ဝတီရဲ့ ‘အတ္တမြို့တော်’ သီချင်းတွေဟာ Rock ဆန်ဆန်လေးတွေ နားထောင် ရမှာဖြစ်ပြီး ဗကိငသ။ဃီ အခွေကို တော့အောက်တိုဘာလ ၂၅ရက် နေ့က The Sun Music မှ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here