မီးဘေးသင့် ကလေးငယ်အားMedia 7 နဲ့ အနုပညာရှင်များ သွားရောက်အားပေးလှူဒါန်း

0
168

Media 7အဖွဲ့မှ အလှူရှင်များနဲ့ အနုပညာရှင်များက နေပြီးတော့ တနိုင်းမြို့ ဆေးရုံကနေ ရန်ကုန်မြို့ရှိ ဟယ်လ်ပင် ကလေး ဆေးရုံသို့ ဆေးကုသမှုခံယူဖို့ ရောက် ရှိနေတဲ့ ၂ရက်သားအရွယ်  မီးဘေး သင့် ကလေးငယ် ဆေးကုသစရိတ် အတွက် အောက်တိုဘာလ ၂၄ရက် နေ့ က အလှူငွေ ၂,၃၆ဝ,ဝဝဝ ကျပ်တိတိကို သွားရောက်လှူဒါန်း ခဲ့ပါတယ်။ အလှူရှင်များကတော့ ကိုဝေမင်း မောင် ( Myanmar Media 7 ) – ကျပ် ဆယ်သိန်း၊ မော်ဒယ် နန္ဒာလွင် – ကျပ်နှစ်သိန်း၊ မစ္စတာမာအိမာစာ ယိုရှီ ‘ မခိုင်မဉ္ဇူ လတ် သမီးမာအိအာ ယူမီ – ကျပ် နှစ်သိန်း၊ သရုပ်ဆောင် ပိုင်ဇေရဲထွန်း + မဇင်သဲနိုင်- ကျပ်တစ်သိန်း၊ သရုပ် ဆောင် ကောင်းခန့်- ကျပ်တစ်သိန်း၊ အဆိုတော် မြကြာ ညို-ကျပ်တစ်သိန်း၊  ကိုမြင့်မြတ်( The Sky Media ) – ကျပ်တစ်သိန်း၊ မဟေသီလင်း – ကျပ်တစ်သိန်း၊ မသန့်သီရိသက်- ကျပ် တစ်သိန်းခွဲ၊ မကြည်ပြာ- ကျပ်တစ် သိန်း၊ မရည်မွန်( JCGV )- ကျပ်ငါး သောင်း၊ ကိုကျော်စွာမင်း+မရတနာလင်း သား မောင်ရှိုင်းဝေယံလင်း- ကျပ်ငါးသောင်း၊ မမို့မို့အေး- ကျပ်ငါးသောင်း၊ အဆိုတော် အဂ္ဂမိုး – ကျပ်သုံးသောင်း၊ အဆိုတော် ခင် ဆုသျှင်- ကျပ်သုံးသောင်းတို့ စသည် ဖြင့်အသီးသီး လှူဒါန်းခဲ့ကြကြောင်း သိရ ပါတယ်။

“ကျွန်တော်တို့ Media 7 က လစဉ်အလှူ ရှိတယ်လေ။  လူသိတာ တွေရှိသလို လူမသိဘဲနဲ့ ကိုယ့်ဘာသာ ကိုယ် အသေးအမွှားလေးတွေပဲ လှူလိုက် တာလည်းရှိတယ်။ဒီလကျတော့ ကျွန်တော့် ရဲ့ အသက် ၃ဝပြည့် မွေးနေ့နဲ့လည်း တိုက်နေတော့ ပိုပြီးလှူဖြစ်တယ်။ အွန်လိုင်းပေါ်မှာ ဒီကလေးလေးကို မထင် မှတ်ပဲနဲ့ တွေ့သွားတော့ လှူချင်စိတ်တွေ ဖြစ်သွားတာနဲ့ ဖေ့ဘုတ်ပေါ်ကို တင်လိုက် တယ်။ ကျွန်တော်က ကျပ် ၁ဝသိန်း မတည်လိုက်တယ်။

သူငယ် ချင်းတွေက လည်း ဆက်သွယ်လာ ပြီးတော့ကျပ် ၁၃သိန်း ၆သောင်းလှူတာနဲ့ စုစုပေါင်း ကျပ် ၂၃သိန်း ၆သောင်း သွားလှူလိုက် တယ်။ အဓိကတော့ အနုပညာရှင်တွေပါ လိုက်တဲ့အချိန်မှာ သူတို့ကိုယ်တိုင် ငွေအင် အား မဟုတ်ဘဲနဲ့သူတို့ fan တွေက တစ် ဆင့်တစ်ယောက်စနှစ်ယောက်စ သိအောင် ပေါ့။ ကလေးပိုပြီး အလှူရှင်ပိုရမယ်။ အ လှူငွေပိုရမယ်ပေါ့။ အဲဒီရည် ရွယ်ချက် ကြောင့် အနုပညာရှင်တွေကို ခေါ်သွားဖြစ် တာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here