သီချင်းခွေ အမြန်ဆုံး ထွက်လာပါတော့မယ် စိုင်းစိုင်းခမ်းလှိုင်

0
254

“ဒီနှစ်ထဲမှာ ကျွန်တော်တို့ Frenzo က Artist တွေအနေနဲ့ သီချင်းအသစ်တွေထွက်ဖို့ပြင်ဆင်နေကြ ပါပြီ။G-Fatt လည်း စီးရီးခွေထွက်မယ်။ Snare လည်း စီးရီးခွေထွက်မယ်။ ပြီးတော့ ကျွန်တော့် စီးရီး ခွေလည်း ထွက်ပါမယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။ ပြီခဲ့တဲ့ ကာလတွေမှာ SAI Cosmetix အတွက် အချိန်ပေးဖြစ်နေတဲ့အတွက် အနုပညာဖန်တီးမှုပိုင်းတွေမှာ အားလျော့သွားခဲ့ကြောင်းဆိုတဲ့ စိုင်းစိုင်းက “ကျွန်တော့်အနေနဲ့ ပရိသတ်ကို အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံး မှာ ကျွန်တော့်ဘက်က တစ်နှစ်လုံးလုံး အနုပညာနဲ့ ပတ်သက်လို့ ခါတိုင်း ကျွန်တော် တစ်နေ့မှာ ၁ဝနာရီ၊ ၁၂နာရီလုပ်တယ်ဆိုရင် ကျွန်တော် ကုမ္ပဏီလုပ်ငန်း၊ စီးပွားရေးလုပ် ငန်းကို တွဲဖက်လုပ်ကိုင်ရတဲ့ အတွက် ကျွန်တော့်ဘက်က အချိန်တွေ အများကြီး လျော့သွားခဲ့တာလည်း မှန်ပါတယ်။ ကျွန်တော် ဝန်လည်း ဝန်ခံပါတယ်။ တောင်းလည်း တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ကျွန်တော် သီချင်းရေးတဲ့ အပိုင်း၊ ရုပ်ရှင်ရိုက်ကူးတဲ့အပိုင်းမှာ အချိန်ပေးခဲ့တဲ့အပိုင်းမှာ လျော့နည်းခဲ့ပါ  တယ်။

ဒီနှစ်ထဲမှာတော့ ကျွန်တော် အနုပညာကို အချိန်ပြည့် အားစိုက်ပြီးတော့ ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ဆိုပါတယ်။ မကြာမီထွက်ရှိလာတော့မယ့် သူ့ရဲ့  တေးစီးရီးခွေအသစ် အကြောင်းကို လည်း စိုင်းစိုင်းက “သီချင်းခွေအမြန်ဆုံးထွက်ရှိ လာပါတော့မယ်။ ကျွန်တော့် သီချင်းတွေက တီးပြီးသွားပြီ။Chorus တွေဆိုပြီးနေပြီ။ တစ်ပုဒ်ကတစ်ပိုဒ်လောက်ရေးဖို့ပြီးနေပြီဆိုရင် တစ်ပုဒ်က စာသားရေးဖို့ကျန်နေတယ်။ အဲဒီတော့ ကျွန်တော့်သူငယ် ချင်းတွေက နောက်တယ်။ သီချင်း တစ်ပုဒ်ပြီးဖို့မှာ တီးတဲ့သူကလည်း တီးပြီးသွားပြီ။ ရေးတဲ့အပိုင်းပဲ ကျန်နေတယ်ဆိုတာ ဘယ်သူ့အပြစ်လဲပေါ့။ ဟုတ်ပါတယ်ကွာ။ ငါ့အပြစ် ပါပေါ့။ ကျွန်တော် အဲဒါလေးလည်း အမြန်ဆုံး ပြီးစီးအောင်လို့ ကျွန်တော် လုပ်ပါမယ်ခင်ဗျ လို့ ပြောပါတယ်။ ဇာတ် ကားရိုက်ကူးမှုတွေ အနေနဲ့ ဒါရိုက်တာ မီး ပွားနဲ့အတူ ရုပ်ရှင် ဇာတ် ကား ၂ကား ရိုက် ကူးဖို့ရှိကြောင်းလည်း စိုင်းစိုင်းခမ်းလှိုင် က ပြောပြခဲ့ပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here