ဘဝ တစ်လျှောက်လုံးမှာ ကြုံခဲ့ရတဲ့ အရာတွေကို ရေးလို့ မကုန်သေးဘူး J.Fire

0
164

ဝဝတုတ်တုတ်ပုံသဏ္ဍာန်ကနေ ပိန်ပိန်ပါးပါး ဖြစ်သွားအောင် လေ့ကျင့်လိုက်တဲ့ ဟစ်ဟော့ပ် အဆိုတော် J.Fireက နောက်ထပ်လည်း ပရိသတ် ကို အံသြသွားအောင် လုပ်ပြဦးမယ်လို့ ဆိုပါတယ်။ “သူတို့တွေ ဆက်ပြီးတော့ အံ့သြရဦးမှာပေါ့နော်။ ဒါကကျွန်တော့်အခွေပြီးသွားတဲ့အချိန်မှာ ကျွန်တော့်ရဲ့ Plan ချလိုက်တဲ့ အစိတ်အပိုင်းတွေ များစွာထဲကမှ Weight လျှော့ခြင်းတစ်ပိုင်းလေးကိုပဲ ထုတ်ပြတာပေါ့နော်။ တချို့တွေက ဝတာကနေ ပိန်သွားလို့ရှိရင် အနုပညာသမားတွေ ဘာလုပ် တယ်၊ ညာလုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိ တယ်ပေါ့နော်။ အဲဒီအတွက်ကို ကျွန်တော် က Training တွေအရင် သင်ပြီးမှ ဒီ အားကစားလုပ်တဲ့Life ကို ပရိသတ် ကို ချပြတာပေါ့နော်။ အခုက Weight ချပြတာပဲရှိပါသေး တယ်။ နောက်ကွယ်မှာ ကျွန်တော် ဖန်တီးနေတဲ့ အရာ တွေ အကြီးကြီးတွေ ရှိပါသေး တယ်။ ပရိသတ်တွေ အံသြရဦး မယ်။ ထပ်လည်းလုပ်ထားပါတယ်”  လို့ ပြော ပါတယ်။

သီချင်းတွေအနေနဲ့ ပိုပို၊ နန့် ချစ်နဒီဇော် စတဲ့အဆိုတော် တွေနဲ့လည်း တွဲပြီးဖန်တီးဖြစ် နေတဲ့ J.Fire ကို သူ့ရဲ့ သီချင်းအသစ်တွေ ဘယ်လိုထွက်ရှိလာမလဲဆိုတဲ့အပေါ်ကိုလည်း မေးမြန်းဖြစ်တဲ့အခါ “ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ ကြုံခဲ့ရတဲ့ အရာတွေကို ရေးလို့မကုန်သေးဘူး။ အဲဒီအရာတွေကိုပဲ ခေတ်အဆက်ဆက်က အနုပညာသမားတွေရဲ့ ခံစားချက်အတိုင်း၊ သူတို့ ပုံဖော်ထားတဲ့ အနုပညာပုံဖော်မှုတွေအတိုင်း ပုံဖော်ပြီးတော့ ထပ်ပြီးတော့ လုပ်နေပါတယ်။ အခွေကတော့ နည်းနည်းကြာဦးမယ်ဗျ။ ကျွန်တော်လုပ်ထား တဲ့ သီချင်းတွေကို တစ်ပုဒ်ချင်းစီပဲ လိုင်းပေါ် ပြေးဖို့ ရှိတယ်ဗျ။ ၈ပုဒ်လောက် ကျွန်တော် အားရအောင် တင်ပြီးတော့မှ ကျွန်တော့် အယ်ဘမ်အတွက်ကို ထပ်ပြီးတော့မှ စဉ်းစား တော့မှာပါ” လို့ပြောပြခဲ့ပါတယ်။

  မျိုးမောင်၊ ဓာတ်ပုံ- J.Fire ဖေ့စ်ဘုတ်မှ   


LEAVE A REPLY

Please enter your comment!
Please enter your name here