အောင်ရဲလင်းရဲ့ပြောင်းလဲလာမှုက ဘာလဲ

0
298

ဒီနှစ်ပိုင်းမှာ ဆိုရင် အောင်ရဲလင်းအနေနဲ့ ဇာတ်ကားရိုက်ကူးမှု တွေမှာ ဇာတ်လမ်းများကို သေချာစိစစ်ရွေးချယ်ပြီး ရိုက်ကူးနေပါတယ်။ ဒီလို စိစစ်ရွေးချယ် ရိုက်ကူးမှုတွေကြောင့် ထွက်ရှိလာမယ့် ဇာတ်ကား တိုင်းဟာ ထူးခြားမှုတွေ ရှိနေမှာဖြစ်သလို အနုပညာနဲ့ ပတ် သက်ပြီး သူ့ရဲ့ပြောင်းလဲလာမှုတွေ အကြောင်းကို အောင်ရဲလင်းက…

“အနုပညာနဲ့ ပတ်သက်ပြီး ထူးထူးခြား ခြား အစီအစဉ်ရယ်လို့တော့ ကျွန်တော့်မှာ ခံယူထားတာ မရှိပါဘူး။ ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းအမြဲတမ်းအကောင်းဆုံး ဇာတ် ကားတစ်ကားဖြစ်အောင်ကြိုးစားပါတယ်။ ပြီးတော့ ထူးထူးခြားခြား အနေနဲ့က တော့ ဒီဇာတ်ကားတွေ ထွက်ရှိလာတဲ့အခါမှာ ထူးထူးခြားခြား ဖြစ်လိမ့်မယ်လို့ ယုံကြည် ပါတယ်။ ပြောင်းလဲတာကတော့ အဓိက တော့ ကျွန်တော်ဇာတ်ကားတွေကို အရင် ကထက် စိစစ်ပြီးတော့ ရိုက်ကူးဖြစ်တယ်။ အဲဒီဟာကတော့ ကျွန်တော့်ရဲ့ အဓိက ပြောင်းလဲမှုပါပဲ။ဇာတ်လမ်းတွေကို သေချာ စိစစ်ပြီး ရိုက်ကူးနေလို့ ဇာတ်ကားအရိုက် နည်းလို့ ပရိသတ်နဲ့ အလှမ်းဝေးသွားမှာ ကိုတော့ ကျွန်တော် မကြောက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အရင်တုန်း က သူများပြောတာ ကြားဖူးတယ်။ အလုပ် အများကြီး လုပ်စရာမလိုဘူး။ ဒါပေမဲ့ လုပ်တဲ့ အလုပ်တိုင်း ကောင်းဖို့လိုတယ်။ အဓိကကတော့ ကျွန်တော် လုပ်တဲ့ အလုပ်တွေ မကောင်းမှာပဲ စိုးရိမ်တယ်။ အဲဒီ့တော့ ကျွန်တော်လုပ်တဲ့ အလုပ် တွေ ကောင်းအောင်ပဲ ကျွန်တော် အမြဲ ကြိုးစား သွားမှာပါ” လို့ ပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here