အလှမယ်တစ်ဦးဖြစ်သလို မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ ထက်ထက် ထွန်းကတော့ လက်ရှိမှာ စီပွားရေးကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး မျိုး ဆက်သစ် အနုပညာရှင်များအတွက် Model Museum Myanmar မော်ဒယ် သင်တန်းတစ်ခုလည်းဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ သူမရဲ့ Model Museum Myanmar မော်ဒယ်သင်တန်းနဲ့ ပတ်သက်ပြီး “သင်တန်းတက်မယ့် သူတွေ က တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေကြတာများတယ်။ အဲဒါကြောင့် သူတို့ကို စောင့်နေတာလည်းပါတယ်။ သင်တန်းအပ်တာကတော့ လက်ခံနေပါပြီ။
မော်ဒယ်သင်တန်း ဖွင့်ဖြစ်တာကတော့ထက် မော်ဒယ်လုပ်လာခဲ့တဲ့ သက်တမ်း တစ်လျှောက် အဲဒီလိုသင်တန်းမျိုးဖွင့်ဖို့ ဆိုတာထက်ရဲ့ စိတ်ကူးယဉ် အိပ်မက်လေးတစ်ခုပါ။ ထက် တစ်နေ့ကျရင် ခုလိုသင်တန်းလေးတစ်ခု ဖွင့်ပြီး ထက်လို ဝါသနာပါတဲ့ သူတွေကို လမ်းကြောင်းမှန်လေးတစ်ခု ရောက် အောင်လုပ်ပေး ဖို့စဉ်းစားထားတာပါ။ ခုအချိန်မှာ ထက်က လည်း ထိုက်သင့်တဲ့ အနုပညာ ဝမ်းစာလည်း ရှိလာပြီ။ ကိုယ်မှာလည်း Image လေးတစ်ခု ရှိလာပြီလို့ ယုံကြည်တာကြောင့် ဒီသင်တန်းလေး ဖွင့်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းမှာ အခြား Trainers တွေအနေနဲ့ မော် ဒယ်သရုပ်ဆောင် နှင်းယမှုံဦးပါတယ်။ နောက်ပြီးထက်ရဲ့ လက်ဦးဆရာဖြစ်တဲ့ မမေစံပယ်ပါတယ်။ ယောင်္ကျားလေးဆိုရင် ပိုင်တံခွန်၊ ခါရာ၊ ထွန်ကိုကို တို့လည်းပါတယ်။ ဒီ သင်တန်းကတော့ မော်ဒယ်တွေ၊ Master တွေဖြစ်ချင်တဲ့ သူမှမဟုတ်ပါဘူး။ သာမန် လူတွေ၊ ရုံးသမားတွေအတွက်ပါ တစ်နေ့တာ စမတ်ကျကျ နေထိုင် နိုင်ဖို့အတွက်လည်း သင်ပေးတာလည်ရှိပါတယ်။ အဲဒီလိုမျိုး တက်ချင်တဲ့ သူတွေကိုလည်း သီးသန့်သင်ပေးပါတယ်။ နောက်ပြီ သင်တန်းပြီးသွားရင် သင်တန်းသား သင်တန်းသူတွေကို ခြောက်လတစ်ကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်ပေးပါမယ်။ ပြီးတော့ တစ်နှစ်တာ သင်တန်းဆင်းသွားတဲ့ သူတွေထဲက Master&Miss Model Museum ရွေးချယ်ပွဲကိုလည်း တစ်နှစ်တစ်ကြိမ် လုပ်သွားဖို့ရှိ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ သူမကတော့ Miss Unverse Myanmar 2016 အလှမယ်တစ်ဦးအဖြစ်Miss Universe 2016 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ-ဇော်ဝင်းအောင်