ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးရဲ့ စိန်ရတု မန္တလာ ဖျော်ဖြေပွဲကို မန္တလေးတွင် ပြုလုပ်မည်

0
255

မြန်မာသံ ဂန္တဝင်တေးသံရှင်ကြီး  ဒေါ်မာမာအေးရဲ့ စိန်ရတုမန္တလာလို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ လ၁၆ရက်နေ့ မန္တလေးမြို့၊ အမျိုး သားဇာတ်ရုံ မှာပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ မြန်မာသံ ဂန္တဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးက သူအောင် မြင် ကျော်ကြားခဲ့တဲ့ တေးသီချင်းများကို သီဆို ဖျော်ဖြေတင်ဆက်သွား မှာဖြစ် ပြီး တေးသရုပ်ဖော်များကိုလည်း ထည့်သွင်း တင်ဆက်သွားမှာဖြစ် တယ်လို့ သိရပါတယ်။ တေးသရုပ် ဖော်များကိုတော့ ဒါရိုက်တာအနေနဲ့ သဘင်မင်းသားကြီးဦးနန်းဝင်းက  ဖန်တီးပုံဖော် ရိုက်ကူးသွားမှာဖြစ်ပြီး ဒီပွဲမှာ သူကိုယ်တိုင်လည်းသီချင်းတွေ သီဆိုသွားမယ်လို့ပြောပါတယ်။

“တေးသရုပ်ဖော်ကကြတော့ အန်တီဒေါ်မာမာအေးက သီချင်း တွေဆိုမယ်။ အဲဒါကိုသရုပ်ဖော် ကပြ မယ်ပေါ့။ သရုပ်ဆောင်တွေကတော့ မန္တလေးကအနုပညာရှင်တွေနဲ့ပဲ တင်ဆက်ဖို့ လုပ်ထားပါတယ်။ဦးက သူ့ရဲ့ခရေဇီလေ။ အန်တီ ဒေါ်မာမာ အေးရဲ့ သီချင်းတွေတော်တော် များများ ၃ပုံပုံ၂ပုံကို အလွတ်ရတယ်။ ကိုယ်သိပ်ကြိုက်ခဲ့တဲ့ အဆိုတော်ကြီး ရဲ့ပွဲမှာ ပါဝင်ကူ ညီပေးရမှာဆိုတော့ သိပ်ကို ကြည်နူးရပါတယ်။ ဦးက ဒါရိုက်တာအပြင်ကို အန်တီ ဒေါ် မာမာအေးနဲ့လည်း သီချင်းတွေတွဲ ဆိုမယ်” လို့ ပွဲနဲ့ပတ်သက်ပြီး ဦးနန်း ဝင်းကပြောပြပါတယ်။ မြန်မာသံ ဂန္တဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးရဲ့ ဂီတဖျော်ဖြေပွဲကို တော့ မန္တလေးမှာ ပြုလုပ်ပြီးသွားရင် ထပ်ပြီးတော့ ရန်ကုန်မှာလည်း ပြု လုပ်သွားဦးမှာဖြစ်တယ်လို့ သိရပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here