မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် နှင့် ကထိန်အလှူဒါန ပွဲတော်အခါသမယ

0
222

သီတင်းကျွတ် အခါသမယ ပြီးဆုံး သွားတဲ့နောက်မှာတော့ ဗုဒ္ဓဘာသာဝင် တို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့က စောင့်ကြိုလို့နေပါတယ်။ တန်ဆောင်မုန်း ရဲ့ လရာသီထဲကို ချင်းနင်း ဝင်ရောက်လာပြီဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ မြို့အသီးသီး၊ နယ်အသီးသီး လမ်းတကာတို့မှာ ကထိန်ခင်းကြဖို့ အတွက် ပဒေသာပင်တွေ အပြိုင်အဆိုင် သီးကြသလို နည်းသည်များသည်ပဓာနမထားဘဲ လှူဒါန်းကြဖို့ မဏ္ဍပ်တွေ ကလည်း နိဗ္ဗာန်ဆော်လို့ နေကြတာဟာလည်း ချစ်စရာကောင်းတဲ့ မြန်မာ့ ရိုးရာပါပဲ။ ဝါတွင်း ၃လလုံး ခရီးဝေးမသွားဘဲ ကျောင်းတိုက်အတွင်းမှာပဲ သီတင်း သုံးကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ တပည့်သားမော် ရဟန်းတော် တို့ကို သင်္ကန်း ပရိက္ခရာ အစရှိတဲ့ လှူဖွယ်ဝတ္ထုတွေနဲ့ ကထိန်ခင်းရတဲ့ မြတ်ဒါနဟာလည်း လွန်စွာ အကျိုးကျေးဇူးကြီးလှပါတယ်။ လတန်ဆောင်တိုင် ကထိန်ပွဲတော် နဲ့ ပတ်သက်လို့ လူသားတွေထဲက လူသားတွေဖြစ်ကြတဲ့ အနုပညာရှင်တွေ အနေနဲ့ သူတို့ ဘယ်လို ဖြတ်သန်းကြမလဲ၊ သူတို့ ဘာအလှူအတန်းတွေ လုပ်ကြမလဲ စတဲ့မေးခွန်းတွေ နဲ့ တန်ဆောင်မုန်းလ အပေါ် သူတို့ရဲ့ခံစားချက်တွေနဲ့ ဖြေတဲ့ အဖြေတွေကို ပေါ်ပြူလာ ပရိသတ်တွေ အတွက် စုစည်း တင်ဆက်လိုက်ပါ တယ်။

ခန့်စည်သူ

ကထိန်ဆိုရင် နှစ်တိုင်းကျွန် တော် မေတ္တာသင်္ဂဟ အနေနဲ့ နှစ် တိုင်းလှူဒါန်းပါတယ်။ ဒီနှစ်အလှူကို လည်း ကျွန်တော်တို့ ရုပ်ရှင်လောက သားတွေ အားလုံး စုံစုံညီညီနဲ့ တက် ရောက်ပေးကြဖို့ ကျွန်တော် ပြောချင် ပါတယ်။ ကျွန်တော်က ရုပ်ရှင် အစည်းအရုံးမှာလည်း CEC မှာ လည်းကျွန်တော်အဖွဲ့ဝင်တစ် ယောက် အနေနဲ့လည်း ပါ ပါတယ်။ အဓိက သရုပ်ဆောင်အလွှာမှာလည်း ဥက္ကဋ္ဌ အနေနဲ့ပါထားတော့ ကျွန် တော်နိုင် တဲ့ဘက်ကနေတစ်တပ်တစ်အား လေး ကူညီပေးတဲ့သဘောပါ။

စိုးပြည့်သဇင်

အလှူကတော့ ဆရာတော်ကို စိုးပြည့် ကိုးကွယ် ဆည်းကပ်လာခဲ့တာ ၁ဝ နှစ်ကျော်လောက် ရှိပြီ။ ဆရာ တော်ဆီမှာ လည်း ကထိန်ခင်းချင် တယ်လို့ လျှောက်ထားဖူးတယ်။ မနှစ်ကတည်း က လျှောက်ထားတာ ပါ။ မနှစ်ကတော့ အလှူရှင်ရှိနေ တာနဲ့ ဒီနှစ်တော့ စိုးပြည့်ဆန္ဒလေး ပြည့်သွားပါပြီ။ ဒီအလှူလေးကို မဒီးနဲ့အတူ ညီမနှစ်ယောက် လှူဒါန်း ဖြစ် ပါတယ်။ အခုလို လှူဒါန်းရတာ တအားပီတိ ဖြစ်ရပါတယ်။ ပျော် လည်း ပျော်ရွှင်ရပါတယ်။ စိုးပြည့် ဗုဒ္ဓဘာဝင် တစ်ယောက် အနေနဲ့ ကိုယ့် ရဲ့ ဗုဒ္ဓဘာသာ သာသနာအတွက် မွန် မြတ်တဲ့ ကုသိုလ်ကို ပြုခွင့် ရတဲ့ အတွက်စိုးပြည့်တအား ဝမ်းသာရပါ တယ်။

ထားထက်ထက်

ညီမတို့ အလှမယ်တွေ ဖွဲ့စည်း ထားတဲ့ Miss Mayamar Charity Group ကမနှစ်က ဆိုရင် ကထိန်ခင်း ခဲ့တယ်။ ဒီနှစ်လည်း ကထိန်ခင်းဖို့ အတွက် စီစဉ်နေကြတယ်။ ဒီနှစ် ရုပ်ရှင် အစည်းအရုံး ကထိန်မှာတော့ ပါဝင်ဖြစ်တယ်။ ဒီနှစ် မှာတော့ သေ ချာလေးလှူဒါန်းဖြစ်တယ်။ ဒီရာသီ လေးမှာ ကထိန်ခင်းရတာက တအား ကို မွန်မြတ်လှပါတယ်။ ထားထက် တို့ အရင်တုန်းက ဆိုရင်တော့ ကျောင်း တွေမှာ အလှူ အတန်းလုပ်တာ၊ လှူဒါန်းဖြစ်တာ တွေရှိတယ်။ အခု ချိန်မှာ အလှမယ် အဖွဲ့အတူ ကိုယ် တိုင်ရေစက်ချ လှူဒါန်းခွင့်ရတဲ့ အ တွက်တအားကို ပီတိဖြစ်ရပါ တယ်။ ညီမတို့ ကထိန်ခင်းတာက တကယ့်ကို ဝေးလံတဲ့နေရာ၊ လိုအပ် တဲ့ နေရာ တွေမှာ လှူဒါန်းဖြစ်တာပါ။ တကယ့် ကိုပီတိဖြစ်ရပါတယ်။ ဒီလို အချိန် ခါမှာ နိဗ္ဗာန် ဈေးတွေလည်း ရှိတော့ အရင်တုန်းကတော့ သွားစားဖြစ်ပါ တယ်။ ကိုယ်နေတဲ့ နေရာမှာ မရှိ တော့တခြားနေရာ သွားစားဖြစ်တယ်။ တအားကိုပျော်ဖို့ကောင်းပါတယ်

ယဉ်လက်

ငယ်ငယ်တုန်းကတော့ ကထိန် ဆိုရင် အလှူအတန်းတွေ လုပ် ကြ တယ်။ ပဒေသာပင်တွေ သီး ကြ တယ်။ သံဃာတော်တွေကို လှူဒါန်း ကြတယ်။ ကထိန်သင်္ကန်းဆိုတာက တစ်နှစ်မှတစ်ခါသာ လှူဒါန်းခွင့်ရတဲ့ မြတ်သောအလှူဒါနပါ။ တန်ဆောင် မုန်းလဆိုတာ တကယ့်ကို ပျော်စရာ ကောင်း တဲ့ ပွဲတော် အခါသမယပါပဲ။ ပြီးတော့ တန်ဆောင်တိုင်မှာ မယ် ဇလီဖူးသုပ်တွေစားကြတယ်။ ဆေး ပေါင်းခတဲ့ ညပေါ့နော်။ အခုကျ တော့ကားရိုက် တွေရှိနေတဲ့အခါကျ တော့ ဘယ်မှ သွားဖြစ်မှာ မဟုတ်ဘူး။ ဒီထဲကို စိတ်နှစ်ထားတော့လေ။ ရှုတင် မှာပဲရှိနေမှာ။ လပြည့်နေ့မှာတော့ ဘုရားသွား၊ မိဘတွေကိုကန်တော့၊ ကထိန်အလှူဒါန တစ်ခုခုကို လုပ်ရင်း ဖြတ်သန်းဖြစ်ပါမယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here