နာဂလိုဏ်ဂူ ကလေးကျောင်းမှာ ၁၅ကြိမ်မြောက်ကထိန်ခင်းမယ့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး

0
214

မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံးမိသားစုရဲ့ ၁၅ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို မရမ်းကုန်းမြို့နယ် ၊ကမ္ဘာအေးစွယ်တော်လမ်းရှိ “နာဂ လှိုဏ်ဂူ ကလေးဝတောရစာသင် တိုက်” မှာ ကျင်းပပြုလုပ်မှာဖြစ် ပါတယ်။ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အစီအ စဉ်အနေနဲ့ အောက်တိုဘာ ၃၁ရက်၊ နေ့ခင်း ၁နာရီမှာ ပဒေသာပင်များ လှည့်လည်ပြီး “နာဂလှိုဏ်ဂူ ကလေး ဝတောရစာသင်တိုက်” ကျောင်းသို့ ပို့ဆောင်မှာဖြစ်ပါတယ်။ ရေစက် သွန်းချ အမျှပေးဝေမယ့် အလှူ မင်္ဂလာ အခမ်းအနားကိုတော့ နိုဝင်ဘာလ ၁ရက်၊ မနက် ၉နာရီ အချိန် “နာဂလှိုဏ်ဂူ ကလေးဝ တောရစာသင် တိုက်”မှာပဲ ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင် အစည်းအရုံးရဲ့ ကထိန်အလှူပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေး ကြူလေးကမြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံးမိသားစုရဲ့ ၁၅ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို မရမ်းကုန်းမြို့နယ် ၊ကမ္ဘာအေးစွယ်တော်လမ်းရှိ “နာဂ လှိုဏ်ဂူ ကလေးဝတောရစာသင် တိုက်” မှာ ကျင်းပပြုလုပ်မှာဖြစ် ပါတယ်။ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အစီအ စဉ်အနေနဲ့ အောက်တိုဘာ ၃၁ရက်၊ နေ့ခင်း ၁နာရီမှာ ပဒေသာပင်များ လှည့်လည်ပြီး “နာဂလှိုဏ်ဂူ ကလေး ဝတောရစာသင်တိုက်” ကျောင်းသို့ ပို့ဆောင်မှာဖြစ်ပါတယ်။ ရေစက် သွန်းချ အမျှပေးဝေမယ့် အလှူ မင်္ဂလာ အခမ်းအနားကိုတော့ နိုဝင်ဘာလ ၁ရက်၊ မနက် ၉နာရီ အချိန် “နာဂလှိုဏ်ဂူ ကလေးဝ တောရစာသင် တိုက်+မှာပဲ ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင် အစည်းအရုံးရဲ့ ကထိန်အလှူပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေး ကြူလေးက “အစဉ်အလာအရ ကျင်းပ လာတာ အခုဆို ၁၅ ကြိမ်ဖြစ်နေပြီ။ ဒီနှစ်လည်း ခါတိုင်းလိုပဲ လုပ်တာလေ။ အဓိကကတော့ မြို့နယ်ဗီဒီယို အခြေခံအဖွဲ့တွေ ပါဝင်တာပေါ့။ သူတို့အားတွေနဲ့ လောကသား တွေ ရဲ့ အားတွေလည်းပါတာပေါ့။ အလှူ ကတော့အကုန်လှူတယ်။ မင်းသား၊ မင်းသမီးတွေလည်းလှူတယ်။ တော်တော်များများပဲ။ ဒါပေမဲ့သက်ကြီး ပူဇော် ပွဲနဲ့ ကထိန်နဲ့က ရက် ကပ်နေတော့ အလှူငွေ ကတော့ လျော့မှာပေါ့။ ၃ပတ် အတွင်းမှာ ၂ပွဲဆက်နေတော့လေ” လို့ ပြောပါ တယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံးမိသားစုအနေနဲ့ ကထိန်ခင်းမယ့် နာဂလှိုဏ်ဂူကလေးဝ ကျောင်းအပြင် တခြားကျောင်းတွေကိုလည်း ပဒေ သာပင်တွေ လှူဒါန်း သွားဦးမယ်လို့ ဦးအေးကြူလေးကဆိုပါတယ်။

“နာဂလှိုဏ်ဂူကလေးဝ စာသင် တိုက်မှာ သံဃာအပါး တစ်ထောင်ကျော်ရှိတယ်။ ကိုရင်လေးတွေ ဆိုရင်လည်း မိဘမဲ့ ကလေးတွေကိုခေါ်ပြီး မွေးထားတော့ အဲဒီကိုရင်လေးတွေ ရှိတယ်။ သီလရှင်လေးတွေလည်း ရှိတယ်။ ပြီးတော့ ရုပ်ရှင် အစည်းအရုံးက ဟိုးတုန်းက ရခိုင်ပြည်နယ် ကကျောင်းတွေကို လှူတယ်။ အဲဒီ ကျောင်းတွေကို ပြန်ဆောက်ပေး တယ်။ အဲဒီကျောင်းတွေကို လေအေးစက်ကအစ တယ်လီဖုန်း၊ အိုး၊ခွက်၊ပန်းကန်၊ ကိုးကွယ်ဖို့ ဆင်းတုတော်တွေ လှူတယ်။ အဲဒီကျောင်း တွေကိုလည်း ပင့်တဲ့အထဲမှာ ထည့် ထားတယ်။ အဲဒီကျောင်းတွေကို တချို့ ပဒေသာပင်လေးတွေ လှူ မယ်။ နောက်တစ်ခါ သန်လျင်မှာ ရုပ်ရှင်အဖွဲ့တွေ ရုပ်ရှင်ရိုက်နေတဲ့ ကျောင်းတွေရှိတယ်။ အဲဒီကျောင်းတွေကလည်း ၅ ကျောင်းပင့်ထားတယ်။ အဲဒီကျောင်းတွေကိုလည်း ပဒေသာပင်တွေခွဲပေးမယ်။ အဓိကကတော့ နာဂလှိုဏ်ဂူကလေးဝ ကျောင်းမှာ ကထိန်ခင်းမှာပေါ့” လို့ ဦးအေးကြူလေးထံမှ သိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here