ဝင်းသပြေထွန်း ရဲ့ ငယ်ဘဝ ကထိန်ခံစားမှု

0
257

မကြာခင်မှာတော့ ကထိန်ပွဲရာသီကို ရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ ကထိန်ဆိုတာကတော့ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုရိုးရာ ဓလေ့ပွဲတော် တစ်ခုလည်းဖြစ်ပါတယ်။ သဘင်မင်းသမီး ဝင်းသပြေထွန်းကတော့ ကထိန်ပွဲ ကိုတော့ ငယ်စဉ်ပန်ထျာ ကျောင်းတက်နေစဉ်ကာလ ကတည်းက ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ပန်ထျာ ကျောင်းတက်နေစဉ် မှာတော့ ကျောင်းသား၊ ကျောင်းသူတွေစုပေါင်းပြီး ကထိန်ခင်း အလှူဒါနတွေ ပြုလုပ်လေ့ရှိပြီး ဆိုကြ၊ ကကြနဲ့ ပျှော်ရွှင်စရာ ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ မကြာခင်မှာတော့ ကထိန်ပွဲရာသီကို ရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ ကထိန်ဆိုတာကတော့ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုရိုးရာ ဓလေ့ပွဲတော် တစ်ခုလည်းဖြစ်ပါတယ်။ သဘင်မင်းသမီး ဝင်းသပြေထွန်းကတော့ ကထိန်ပွဲ ကိုတော့ ငယ်စဉ်ပန်ထျာ ကျောင်းတက်နေစဉ်ကာလ ကတည်းက ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ပန်ထျာ ကျောင်းတက်နေစဉ် မှာတော့ ကျောင်းသား၊ ကျောင်းသူတွေစုပေါင်းပြီး ကထိန်ခင်း အလှူဒါနတွေ ပြုလုပ်လေ့ရှိပြီး ဆိုကြ၊ ကကြနဲ့ ပျှော်ရွှင်စရာ ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။  “ကလေးဘဝတုန်းကလည်း ကထိန်သွား ခင်းကြ တယ်။ အဲဒါတွေကတော့ အမှတ်တရပါပဲ။ ပြီးတော့ ဆရာမဒေါ်မမနိုင်တို့နဲ့ နယ်တွေမှာ ကထိန်သွားခင်း ခဲ့တာတွေလည်း ရှိတယ်။အရင်တုန်းကတော့ တော်တော် လေးကိုသွား ဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းတော့ သိပ် မသွားဖြစ်တော့တာ” လို့ ဝင်းသပြေထွန်းက ပြောပါတယ်။

ဝင်းသပြေထွန်းက မန္တလေး ဇာတိဖြစ်တဲ့အတွက်ကြောင့်  လည်း မန္တလေးမြို့ရဲ့ကထိန်ပွဲ အကြောင်းကို “မန္တလေးမှာကထိန် ဆိုရင် ပိုက်ဆံတွေ နဲ့ဘုရားပုံတွေ လုပ်ကြတယ်။ အရုပ်တွေ လုပ်ကြတယ်။ ကိုယ်လှူတဲ့ဟာတွေ အကုန်လုံးကို ပြထားပြီး ထောင်ထားကြတယ်။ ညပိုင်းဆိုရင် တီးဝိုင်းတွေ လုပ်ကြတယ်။ ဆိုကြကကြပေါ့လေ။ ရန်ကုန်မှာကျတော့ နေဖြစ်တယ် ဆို ပေမယ့် ကထိန်ကို သိပ်မမီဘူး။ ဒါပေမဲ့ ကလေးဘဝတုန်းက တော့ ရန်ကုန်ကိုလာရင် ကထိန်ဆိုရင်  ရန်ကုန်မှာက နိဗ္ဗာန် ဈေးလုပ်တယ်လေ။ မန္တလေးက လာခါစဆိုတော့ သိပ်မကြုံ ဖူးဘူးလေ။ ပွဲဈေးတန်း ကြီးကလည်း အရှည်ကြီးပဲ။ ပျော်စရာကြီးပဲ။ မဲလက်မှတ်ကိုင်ပြီး သွားယူကြတာ ပျှော်စရာကြီးပဲ။ အခုအသက်ကြီးလာတော့ ကထိန်ဆို ရင်ပွဲကဖြစ်တာ များတယ်။ အခုကတော့ ကလေး အရွယ်တုန်းကလိုတော့ အများကြီး သိပ်ပျှော် နေရ တယ်လို့တော့ သိပ်မရှိတော့ဘူး”လို့ ဝင်းသပြေထွန်း ကပြော ပါတယ်။

ဝင်းသပြေထွန်းက အငြိမ့်နဲ့ ပတ်သက်ပြီး အကတွေ မှာ ထွင်ချင်တာလေးတွေ ရှိပြီး မြန်မာအကတွေထဲ ကမှနည်း နည်းဆန်းတဲ့ အကမျိုးလေးတွေကို လုပ် ဆောင်သွားဖို့ စဉ်းစားထားတာလေးတွေရှိကြောင်း လည်း သူက ပြောပါတယ်။ သူ့အနေနဲ့ နိုင်ငံ ပေါင်း၂ဝကျော်မှာလည်း မြန်မာအကနဲ့ ပတ်သက် လို့ သွားရောက် ကပြခဲ့ပြီး သူတို့နိုင်ငံတွေ အနေနဲ့ မြန်မာအကရဲ့ သိမ်မွေ့ခက်ခဲမှုကို တအား စိတ်ဝင် တစားနဲ့ ကြည့်ရှုကြပြီး အံ့သြမှုတွေလည်း ရှိကြကြောင်း လည်း သူက ပြောပြပါတယ်။  “ညီမတို့ကတာကို သူတို့က တအံ့တသြနဲ့ကြည့် ကြတယ်။ သူတို့နိုင်ငံတွေမှာ လည်း သူတို့အကနဲ့သူတို့က ရှိပြီးသား ဆိုပေမယ့် ကိုယ်တို့ မြန်မာအကလိုမျိုး မပျော့ ပျောင်းနိုင်တဲ့အတွက် တအားကို ရင်သပ်ရှု မောဖြစ်ကြတယ်” လို့ ဝင်းသပြေထွန်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here