မောင်ကောင်းမြတ်ဆက်နဲ့ အဆိုတော် စုချစ်ဇော်တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ လ ၂၆ ရက်နေ့ မနက် ၉နာရီက Melia Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီမင်္ဂလာ အခမ်းအနားမှာတော့ မင်္ဂလာ မောင်နှံစုံတို့အတွက် အသိသက်သေများအဖြစ် ဗိုလ်မှူး ချုပ် သူရမြင့်သိန်း (ငြိမ်း) နှင့်ဇနီး ဒေါ်ကြည်ဌေး၊ အဆိုတော် R ဇာနည်နဲ့ ဇနီးဝမ်းတို့က ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးရဲ့ ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ချစ်သူသက်တမ်း ၂ နှစ် မပြည့်ခင်မှာ လက်ထပ်ခွင့် တောင်းခဲ့တဲ့ ချစ်သူအကြောင်း ကို စုချစ်ဇော်က “ချစ်သူ သက်တမ်းက ၂ နှစ် ပြည့်ပါ တော့မယ်။ ၂ နှစ်မပြည့် ခင်လေးမှာပဲ သူကညီမကို လက်ထပ်ခွင့် တောင်းလိုက်တာပါ။ သူက စင်ကာပူမှာ အလုပ်လုပ်တယ်။ ညီမက စင်ကာပူကို အလည်လာရင်း စခင်သွားကြပါတယ်။ နောက်ပိုင်း ရည်းစားတွေ ဖြစ်သွားတော့ လည်း သူက စုချစ်ရဲ့ အဝေးမှာဆိုတော့ နားလည်မှု၊ ယုံကြည်မှုတွေ တည်ဆောက် ရတယ်။ သူကအဝေးမှာ အလုပ်လုပ်တော့ သူ့နေထိုင်မှု ပုံစံမှာ ဖျားနာမှာ စိုးရိမ်ပူပန် တာ ကလွဲလို့ သူ့အပေါ်မှာ ယုံကြည်မှု ရှိပါတယ်။ သူ့ကိုလည်း သူငယ်ချင်းတွေနဲ့ Night Out ထွက်တယ်ကအစ ခွင့်ပြုပေး တယ်။
အဝေးမှာဆိုတော့ ဖုန်းနဲ့ပဲ Video Call ခေါ်တယ်။ သူကလည်း စုချစ်စိတ်ချနိုင် အောင် နေတယ်။ ဒီအတွက်ပဲ စုချစ်သူ့ကို လက်ခံလိုက်တာပါ” လို့ ပြောပြပါတယ်။ မောင်ကောင်းမြတ်ဆက်နဲ့ စုချစ်ဇော် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးကိုတော့ အောက် တိုဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာ စုလျား ရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကို ပြုလုပ်ခဲ့ပါ တယ်။ မင်္ဂလာ ညစာစားပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ ပြုလုပ်သွားဦး မယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း