ညီအစ်မနှစ်ယောက် တစ်အိမ်တည်းမှာ အတူနေရင်း သီချင်းတွေ တိုက်နေပါတယ် Bambino အဖွဲ့

0
183

၂ဝဝ၁  ခုနှစ်က  သီချင်းတွေ စလုပ်ဖြစ်ခဲ့ပြီး ၂ဝဝ၃ခုနှစ်မှာ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ Girls Band တစ်ဖွဲ့ရှိပါတယ်။ သူမတို့ အဖွဲ့က တော့ Bambino အဖွဲ့ပါ။ သီရိနဲ့ အိနွေတို့ ညီအစ်မ နှစ်ယောက်မှာ သီရိက Melody ဆိုပြီး အိနွေက Rap တွေဆိုတယ်။ ၂ဝဝဝခုနှစ်များ ဆီက ပရိသတ်တွေ ကြိုက်နှစ်သက် ထောက်ခံ အားပေးမှု ရရှိခဲ့တဲ့အ ဖွဲ့လေးပါပဲ။ ၂ဝဝ၇ ခုနှစ်လောက်မှာ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ၂ဝ၁ဝ ခုနှစ် လောက်မှာမှ မြန်မာ နိုင်ငံကို ပြန်လည် ရောက်ရှိလာတာ ကြောင့် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ သီရိနဲ့ အိနွေ ညီအစ်မနှစ်ယောက်ကပြောပါတယ်။ လက်ရှိ အချိန် ဂီတအနုပညာရေစီးမှာ ဖြတ်သန်းနေကြတဲ့ ညီမတွေအပေါ် ဘယ်လိုမြင်သလဲလို့ Bambino အဖွဲ့ကိုမေးတော့…

“မိစန္ဒီတို့ဆိုရင်မအိတို့ သီချင်း ဆိုတုန်းက ကလေးတွေပဲ ရှိသေး တယ်။ သူတို့တွေ မအိတို့ထက် အများကြီးတော်ပါတယ်။ အရင် တုန်းက ဆိုရင် မအိတို့ Bambino ရယ်၊ Noရယ်၊ Blue Burry ရယ် အဲဒီ လောက်ပဲရှိတယ်။ အခုခေတ်ကတော့ ကျယ်ပြန့်လာပြီ။ ကလေးတွေက လည်း အရမ်းတော်ကြ တယ်။ ကိုယ်တွေတောင်မှ တော်လို့ ဆိုပြီးတော့  သူတို့ ဆီကနေ ပြန် လေ့ လာနေ ရပါတယ်”လို့ အိနွေ က ပြောပါတယ်။

နိုဝင်ဘာ ၁၈ရက်နေ့မှာ ကျင်းပမယ့် Back To Millenium (The Last Chapter) ပွဲမှာ ပါဝင် ဖျော်ဖြေမယ့် Bambino အဖွဲ့က…

“သီချင်းတွေကတော့ ပရိသတ် သိပြီးသား သီချင်းတွေပဲ ဖျော်ဖြေ သွားမှာပါ။ ဒါပေမဲ့ Music တွေက တော့ အကုန်လုံး ညီမတို့ ပြန်ပြီး Arrange လုပ်မယ်။ ပြန်ပြီးတော့ တီးရမှာပေါ့။ အခုညီအစ်မနှစ်ယောက် တစ်အိမ်တည်းမှာ အတူနေ တာဆို တော့အတူ သီချင်းတိုက်ဖြစ်တယ်။ Music တွေကိုလည်း Arrange ပြန်လုပ်ဖြစ် တယ်။ ပြီးကျတော့ ပွဲမှာ ဘယ်လိုလေး တွေ ဆိုမလဲဆိုတာ အခု တိုင်ပင်နေ တယ်။ ပြီးတော့ ဒါကို ကိုယ်ကရှိုးပွဲလို့ စိတ်က မခံစားရဘူး။ အကုန်လုံးက မတွေ့ဖြစ်တာကြာပြီဆိုတော့ သူငယ် ချင်းတွေ Family Gathering လို ပြန်တွေ့ရမယ်ဆိုတော့ ပျော်ပါတယ်” လို့  သူမတို့က ပြောပါတယ်။

လက်ရှိအချိန်မှာ ကိုယ့်မိသား စုနဲ့ ကိုယ် ဖြစ်နေကြပြီဆိုတော့ သီ ချင်းတွေ ထပ်လုပ်ဖို့ ရှိဦးမလားလို့ဆို တော့ ညီအစ်မ ၂ ယောက်က… “အခု လောလောဆယ်တော့ အစီအစဉ် မရှိသေးပါဘူး” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here