အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန် တရားတော်ကို ရိုက်ကူးမယ့် ‘အမုန်းစွဲ’ ရုပ်ရှင်ဇာတ်ကား

0
197

7 Sence ရုပ်ရှင်ထုတ်လုပ် ရေးမှ ဒါရိုက်တာ သြရသ ရိုက်ကူး မယ့် ‘အမုန်းစွဲ’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပေးပွဲကို အောက်တိုဘာ လ  ၃ဝရက်နေ့က ရွှေတိဂုံဘုရား အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ အကယ်ဒမီ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်း စတဲ့ သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင် သွားမှာဖြစ်ပြီး အရှင်ဆန္ဒာဓိကရဲ့ ‘အသေ လှတဲ့သူ’ ဖြစ်ရပ်မှန် တရားတော်ကို ရိုက်ကူးမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး ပါဝင်သရုပ်ဆောင်မယ့်  အကယ်ဒမီ နေတိုးက ခုလို့ ပြောပြခဲ့ပါတယ်။

”ဒီဇာတ်ကားက အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန် တရားကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ တကယ့်အဖြစ် အပျက်တွေက တစ်ခါတလေကျရင် ရုပ်ရှင်ထက်  ဆန်းကြယ်တတ်တယ် ဆိုတာအကြောင်းအရာတစ်ခု သံဝေဂယူ စရာတစ်ခု ဒီဇာတ်ကားထဲမှာ တွေမြင်ရမှာပါ။ အစွဲကြောင့် သံသရာလည် တဲ့ အထဲမှာမှ ကျွန်တော်တို့က အမုန်းနဲ့စွဲတဲ့အစွဲက ဘယ်လောက် အထိပူလောင်လဲ၊ ဘယ်လောက် ကြောက်စရာကောင်းလဲ၊ ဘယ်လောက်ထိ လောင်းကျွမ်း စေလဲဆိုတာကိုလည်း ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here