လူတန်းစားခွဲခြားခံနေရတဲ့ မိန်မလျာတွေအကြောင်းပါမယ့် ရုပ်ရှင်ဇာတ်ကား

0
151

လူစွမ်းကောင်း ရုပ်ရှင်ထုတ် လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ‘တာတေကြီး’ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို နိုဝင်ဘာလ ၃ ရက်နေ့က သမ္မတရုပ် ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ ရွှေသမီး၊ နွဲ့နွဲ့စန်း၊ အိစီကွေးစတဲ့ သရုပ်ဆောင် များက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ပရိသတ်များ စိတ်လှုပ်ရှား ဖွယ် ကြည်ရှုရမယ့် သရဲဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။ ဒီ ဇာတ်ကားနဲ့ ပတ်သတ်ပြီး ဇာတ်ကား ရိုက်ကူးဖန်တီး သူဒါရိုက်တာ ဝိုင်းက အခုလို့ ပြောပြခဲ့တာက

” ဒီ ‘တာတေကြီး’ ဇာတ်ကားက ကျွန်တော် ပြန်ကြားရေးဝန်ကြီးဌာန ကို ဇာတ်လမ်းစတင် စဉ်ကတည်းကဇာတ်ကားမှီငြမ်းပြီးတော့ ရိုက်ခဲ့တာပါ။ ဇာတ်ကားကို သဘောကျတယ် ရိုက်ကူးချင်တယ် နောက်ထပ် ထည့် ချင်တဲ့ အကြောင်းအရာလေးတွ ရှိတဲ့ ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားထဲမှာ လူတန်းစားခွဲခြား ခံနေရတဲ့ မိန်မလျာတွေအကြောင်း ပါတယ်။ နောက်ပြီး နိုင်ငံအတွင်းမှာ ရှိနေတဲ့မြေသိမ်းယာ သိမ်းအကြောင်း တွေကိုလည်း ထည့်ထားတယ်။ ပရိ သတ်အတွက် သေသေချာချာ လုပ်ထားတဲ့ကားလေးတစ်ကားပါ”လို့ ပြောပြခဲ့ပါတယ်။ ဒီရုပ်ရုင်ဇာတ်ကား ကို နိုင်ဝင်ဘာလ (၁၇)ရက်နေ့(သို့) နိုဝင်ဘာလ(၂၄)ရက်နေ့မှာ မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသပေးသွားမှာ ဖြစ်ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here