မွေထိုင်းဟဲဗီးဝိတ် ချန်ပီယံ ကင်မရွန်းနွယ်ဖွား၊ ဟောင်ကောင် နိုင်ငံသား ဂါလာနီရဲ့ စိန်ခေါ်မှုကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံ အောင်လအန်ဆန်းက မြန်မာ့မြေ ပေါ်မှာ နိုဝင်ဘာ ၁၈ရက်ညက ပထ မတစ်ချီနဲ့တင် အနိုင်ယူကာ ချန်ပီယံခါးပတ်ဆုကာကွယ်နိုင်သွားခဲ့ပါ တယ်။ ပြိုင်ပွဲကျင်းပရာ သုဝဏ္ဏ အားကစားကွင်းမှာလည်း ပရိသတ် အပြည့်အလျှံလာရောက် အားပေး ကြ တဲ့ ပရိသတ်တွေ၊ ရုပ်သံကနေ တစ်ခဲနက်ကြည့်ရှု့ အားပေးကြတဲ့ ပရိသတ်တွေ၊ ဝိတ်တန်းမတူညီတဲ့ အတွက် စိုးရိမ်စိတ်နဲ့ နိုင်မှနိုင်ပ မလားလို့ စိတ်ထင့်နေကြတဲ့ ပရိသတ် တွေအတွက် အောင်လက ပထမပိုင်း တစ်ချီ မိနစ်ပိုင်းအတွင်းမှာပဲ ဂါလာနီ ကို သူ့ရဲ့ ချုပ်ကွက်နဲ့ အနိုင်ယူ ခဲ့တယ်။
“ကျွန်တော့်ကို အားပေးတဲ့ သူတွေကို အများကြီး ကျေးဇူးတင် ပါတယ်။ ကွင်းထဲမှာလာရောက်အား ပေးတဲ့သူတွေလည်း အများကြီးရှိ သလို တီဗီကနေ ကြည်ရှုကြသူတွေ လည်း အများကြီးရှိတယ်။ ဖေ့စ်ဘုတ် ကနေလည်း အားပေးတဲ့ သူတွေ လည်းရှိတယ်။ အရမ်းကျေးဇူး တင် တယ်။ တအားချစ်တယ်။ နောက်ပြီး တော့ မြန်မာနိုင်ငံဆိုတာနဲ့ MMA မှာနာမည်ကြီး နိုင်အောင် ကျွန်တော် ကြိုးစားနေတယ်။ ဒီ့ထက် နာမည်ကြီး နိုင်အောင် ကြိုးစားသွားမယ်။ ကျွန် တော့်ရဲ့ ချန်ပီယံခါးပတ်ကိုလည်း အချိန်တွေ အကြာကြီး ရယူထားနိုင် အောင်ကြိုးစားသွားမယ်လို့ ကျွန် တော် ကတိပေးပါတယ်”လို့ အောင် လအန်ဆန်းက ပြောပါတယ်။ “ပြိုင်ပွဲ မကျင်းပမီ ပထမတစ် ခေါက်တုန်းက လာခဲ့စဉ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အောင်လအန်ဆန်းကို ဒေါ်အောင်ဆန်းစုကြည် က ဘယ် လို မျိုး အားပေးစကားပြော ခဲ့လဲလို့ဆိုတော့…
“သူပြောတာ က အကောင်းဆုံးဆို တာ ဘာမဆို လွယ် လွယ်နဲ့ မရဘူး။ အ ရမ်း ကြိုး စား ရ တယ်။ တစ်ခုခုကို ရည်မှန်းထား တယ်ဆိုရင် ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားရမယ်။ လွယ်လွယ်နဲ့ ရ တယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး ပေါ့” လို့ အောင်လအန်ဆန်းက ပြောပြခဲ့ပါတယ်။
မျိုးမောင်