မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းရုပ်ရှင်များကို ဆက်ရိုက်သွားမည်ဟု စီစဉ်ထုတ်လုပ်သူဆို

0
193

ရန်ကုန်မြို့ ကမ်းနားလမ်းရှိtrand Square အဆောက်အအုံ (ယခင် ၆ ထပ်ရုံး)အစည်းအဝေးခန်းမ တွင် နိုဝင်ဘာ ၁ ရက်နေ့ကပြုလုပ်ခဲ့သော “We Were Kings” သတင်း ရုပ်ရှင်နှင့်ပတ်သက်၍ သီးသန့်စာနယ် ဇင်းမိတ်ဆက်ပွဲတွင် ယင်းသတင်းရုပ် ရှင်ကို စီစဉ်ထုတ်လုပ်သူအလက်စ် ဘက်စ်ကိုဘီက

“We Were Kings” သတင်းရုပ်ရှင်ကိုလဲ မြန်မာစာတန်း ထိုးဖို့စီစဉ်နေပါတယ်။ တိတိကျကျ ဖြစ်အောင် အချိန်နည်းနည်းယူ နေတာပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းရုပ်ရှင်တွေကိုလဲ ဆက်ရိုက်ဖို့ စီစဉ်နေပါတယ်ဟု ပြော ခြင်းဖြစ်သည်။ “We Were Kings” သတင်းရုပ်ရှင်ကိုလဲ မြန်မာစာတန်း ထိုးဖို့စီစဉ်နေပါတယ်။ တိတိကျကျ ဖြစ်အောင် အချိန်နည်းနည်းယူ နေတာပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းရုပ်ရှင်တွေကိုလဲ ဆက်ရိုက်ဖို့ စီစဉ်နေပါတယ်ဟု ပြော ခြင်းဖြစ်သည်။

ယင်းသတင်းရုပ်ရှင်သည် Whicker’s World ဖောင်ဒေးရှင်း၏ “Inaugural Funding Award” ကိုရရှိခဲ့ပြီး လန်ဒန်မြို့ရှိ ဗြိတိသျှစာ ကြည့်တိုက်ကြီးတွင် စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်သော “Open City” သတင်းရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ရာ လူကြိုက်များခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး ဧကရာဇ်ဖြစ်သော သီပေါမင်းနှင့် ပတ်သက်၍ သီပေါမင်း၏ မျိုးဆက်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး၊ သီပေါမင်း ပါတော်မူ သည်မှ ယနေ့အထိ မြန်မာ့သမိုင်း အကျဉ်းကိုပါ ထင်ဟပ်ရိုက်ကူးပြသထားသော သတင်းရုပ်ရှင်တစ်ခု ဖြစ်သည်။ ထင်ရှားသော သမိုင်းသု တေသီတစ်ဦးဖြစ်သည့် ဒေါက်တာ သန့်မြင့်ဦးကို တွေ့ဆုံမေးမြန်းထား ခြင်းတို့လည်း ပါဝင်သေးသည်။

”ပါတော်မူနေ့ကနေ တော်လှန် ရေးနေ့ လွတ်လပ်ရေးနေ့ စသည်ဖြင့် အဲဒီနေ့တွေ ပေါ်ထွက်လာတာပါ။ ဒါကြောင့် ပါတော်မူနေ့ဟာ မြန်မာ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တိုင်း တပါးလက်ရောက်ရတဲ့နေ့ဖြစ်ပြီး အရေးကြီးတဲ့ နေ့တစ်နေ့ပါ။ အဲဒါကို နိုင်ငံကအသိအမှတ်ပြုအောင် ကျွန်တော်ကြိုးစားမယ်။ ပြီးတော့ သီပေါ မင်းရဲ့ သချိုင်းဂူကိုလဲ မြန်မာနိုင်ငံမှာ ရှိလာအောင်လုပ်ချင်ပါသေးတယ်” ဟု We Were Kings သတင်းရုပ်ရှင် တွင် အဓိကပါဝင်ထားသူ ဦးစိုးဝင်း (သီပေါမင်း၏ မြစ်)က ပြောပါသည်။

ယခု သတင်းရုပ်ရှင်ကို ကင်း ဘရစ်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ သင်ယူခဲ့သူ အလက်စ် ဘက်စ်ကော့ ဘီနှင့် ကင်းစတန် တက္ကသိုလ်တင် ရုပ်ရှင်ပညာနှင့် ထုတ်လုပ်ရေးပညာ တို့ကို သင်ယူခဲ့သူ မက်စ်ဂျုန်းစ်တို့က ၃နှစ်ကြာ အချိန်ယူ၍ စီစဉ်ရိုက်ကူး ခဲ့ခြင်းဖြစ်ကာ အခြားကူညီသူ ၈ ဦးမျှ ပါဝင်ကြပြီး Grammer Production က ထုတ်လုပ်ခြင်းဖြစ်သည်။

”ခုဆိုရင် ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာပြည် စစ်မြေပြင်မှာ အမှုထမ်းခဲ့ကြတဲ့ မဟာမိတ်တပ် သားကြီးတွေအနက် ကနေ့အထိ သက်ရှိထင်ရှား ရှိနေသေးတဲ့ စစ် သားဟောင်းကြီးတွေကို တွေ့ဆုံမေး မြန်းပြီးတော့ “Forgotten Allies” ဆိုတဲ့ သတင်းရုပ်ရှင်ကို ထုတ်လုပ်ဖို့ စီစဉ်နေတာ အတော်ခရီးရောက်နေပါပြီ။ စစ်သားဟောင်းကြီး တစ်ယောက်ဆို အသက် ၉၁ နှစ်ရှိနေ ပြီဖြစ်ပေမယ့် သတိလဲကောင်း မှတ် ဥာဏ်လဲ တအားကောင်းသေးတယ် ဗျာ။ သက်ရှိရာဇဝင်ကြီးတွေ မကွယ် လွန်ကြသေးခင် မှတ်တမ်းယူထားရ ပါမယ်။ အဲဒီ စစ်သားဟောင်းကြီးတွေ ရဲ့ ရဲရင့်မှုတွေကို ဗြိတိန်က မေ့နေ တာ ပြန်သတိရအောင်ပေါ့”ဟုလည်း အလက်စ်ဘက်စ်ကိုဘီက ပြောပြခဲ့ပါ သည်။

PN 002


LEAVE A REPLY

Please enter your comment!
Please enter your name here