အငြိမ့်နဲ့ဇာတ် ကွဲပြားစွာသိရှိစေဖို့ လူရွှင်တော် ပန်းသီး ရှင်းပြ

0
186

မြန်မာတို့ရဲ့ ရိုးရာလို့ပြောရမယ့် ဖျော်ဖြေတင်ဆက်မှုနှစ်ခုကတော့ အငြိမ့်နဲ့ဇာတ်သဘင်ပဲဖြစ်ပါတယ်။ အငြိမ့်ဆိုတာကတော့ မင်းသမီးနဲ့ လူရွှင် တော်တွေပဲ အဓိကအခရာကျပြီး ဇာတ်ဆိုတာကတော့ နှစ်ပါးသွားမှာ မင်း သားဦးဆောင်းကတာမျိုးကိုခေါ်ပြီး လူရွှင်တော်ကတော့ မင်းသားခဏနားတဲ့ အချိန်မှာ ပရိသတ်တွေကို အသုံးတော်ခံကြရပါတယ်။ ဒီလိုအငြိမ့်နဲ့ ဇာတ်ကို ကွဲပြားစွာသိရှိအောင်လို့ လူရွှင်တော်ပန်းသီးက အခုလိုရှင်းပြလာတာက…

”Youtube တို့မှာတစ်ချို့ တင်ထားတာမျိုးတွေရှိတယ်။ ဖိုးချစ် အငြိမ့်တို့ ဟန်ဇာမိုးဝင်းအငြိမ့်တို့ဆိုပြီးတင်ထားကြတယ်။ ကျွန်တော်တို့က တစ်ယောက် ချင်းစီ လိုက်ရှင်းပြရတာလည်း တော်တော်ခက်တယ်။ အဲဒီတော့ အငြိမ့်ဆို တာက မင်းသမီးရယ်လူရွှင်တော်ရယ်ပေါ့။ တစ်ချို့ကြတော့ နောက်က ဆိုင်းပါတယ်။ တစ်ချို့ကြတော့လည်း ဆိုင်းမပါဘူးပေါ့။ အငြိမ့်မှာကြတော့ ဘာက ပါဝါပိုရှိလဲဆိုတော့ လူရွှင်တော်က ပိုပါဝါရှိတယ်။ လူရွှင်တော်မပါတဲ့ အခန်းဆိုတာ မရှိဘူး။ ဇာတ်ကြတော့ အဲဒီလိုမျိုးမဟုတ်တော့ဘူး။ ဖိုးချစ် နှစ်ပါးသွားဆိုရင် ဖိုးချစ်နဲ့ မင်းသမီးတွေကတာကို ပရိသတ်တွေက တာကို ပိုကြည့်ချင်တယ်။ အဲဒီ့အခါ သိပ်နာမည်မကြီးသေးတဲ့ လူရွှင်တော်လေး တွေများ ပြက်လုံးပြက်လိုက်ပြီဆိုရင် အောက်ကနေဟာ..ဘာတွေပြက် နေလဲမသိဘူး။ ငါတို့က ဖိုးချစ်ကြည့်ချင်တာ၊ ဒီကောင်တွေက ဝင်ဝင်ရှုပ်ပြန်ပြီ ဆိုပြီး ပြောကြတယ်။ အဲဒီတော့နှစ်ပါးဆိုတာ မင်းသားနဲ့ မင်းသမီးနဲ့ ကကြတယ်။ လူရွှင်တော်ကတော့ အရန်ပေါ့ဗျာ။ အငြိမ့်ကြတော့ လူရွှင် တော်က နေဦးဆောင်ပြီးသွားရတယ်။ အဲဒီတော့လူရွှင်တော် ကိုယ်ကြိုက်လို့ လာကြည့်တဲ့ အငြိမ့်တွေဖြစ်လာတာပေါ့။ အငြိမ့်နဲ့ နှစ်ပါးနဲ့ အဲဒီလို ကွဲကွဲပြား ပြားလေးတော့ ဖြစ်မှကောင်းမယ်။ အခုဆိုရင် အငြိမ့်ပြိုင်ပွဲတွေလည်း လုပ်နေ သလို နှစ်ပါးသွားပြိုင်ပွဲတွေလည်း လုပ်နေပြီလို့ကြားတယ်။ ဒီတော့ ကျွန်တော် တို့ ပြည်သူလူထုက အငြိမ့်နဲ့ နှစ်ပါးနည်းနည်းကွဲပြားသွားမယ်လို့ ယူဆပါ တယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အငြိမ့်နဲ့ပတ်သက်လို့ ကြိုးစားကြရဦးမှာဖြစ်ပြီး ရုပ် ရှင်ကတော့ နည်းနည်းခရီးပေါက်လာပြီလို့ ယူဆလို့ရကာ အခုဆိုရင် ရုပ်ရှင် ကားတွေကလည်း တစ်ကားပြီးတစ်ကား အဆက်မပြတ် ထွက်လာပြီး ပေါ ကားများရပ် ပေါကားများရပ်ဆိုတဲ့ စကားလုံးက နည်းနည်း အင်းအားနည်း လာတယ်လို့ ပန်းသီးက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

”ဒီဇာတ်ကားကတော့ ကောင်းလိုက်တာ၊ နိုင်ငံခြားက ရိုက်ချက်တွေ အတိုင်းပဲ ဆိုတဲ့အသံတွေ ကြားလာရပြီး ကွာလတီတစ်ခုကတော့ သူတို့တွေပါလာပြီ။ သူတို့ကွာ လတီတစ်ခုပါလာပြီဆိုပေမယ့် ကျွန်တော်တို့ အငြိမ့်ဆိုတဲ့အရွှေ့ အပြောင်းတစ်ခုကတော့ ကွာလတီသိပ် မပါလာသေးဘူး။ အရင်အတိုင်းလေးပဲ ဖြစ်နေသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ လူရွှင်တော်တွေ မင်းသမီးတွေ အငြိမ့်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွန်တော်တို့ကတော့ နည်းနည်း ကြိုးစားဖို့လိုအပ်တယ်လို့ ဝန်ခံပါတယ်”လို့ လူရွှင်တော်ပန်းသီးက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here