ကိုယ်တိုင်ရေး စာအုပ်တစ်အုပ် ထွက်ရှိဖို့ အစီစဉ်ရှိတဲ့ မြို့ရွှေမန်းသား ဖိုးချစ်

0
265

မြို့ရွှေမန်းသားဖိုးချစ်က လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ သူ့ရဲ့ အတွေးအမြင်လေးများကို သူ့ရဲ့ပရိသတ်များ ဖတ်ရှုနိုင်ဖို့အတွက် တင်ပေးလေ့ရှိပါတယ်။ အခု လတ်တလောမှာတော့ သူဟာဖေ့စ်ဘုတ် အသုံးပြုမှုကို ခဏရပ်နားထားပေမယ့် စာတွေကတော့ အရင်လိုပဲ ရေးဖြစ်နေပါတယ်လို့ သိရပါတယ်။ တစ်ချိန်မှာတော့ သူ့အနေနဲ့ သူရေးသား ထားတဲ့စာတွေကို စာအုပ်တစ်အုပ်အဖြစ် ထွက်ရှိဖို့အစီစဉ်ရှိတယ်လို့ သူက ပြောပြပါတယ်။

”ဒီကာလတွေမှာ ကျွန်တော့်ရဲ့ ဖီလင်ခံစားမှုတွေ အများကြီးဖြစ်ပါ တယ်။ ဒါကြောင့် စာတွေလည်းရေးဖြစ်ပါတယ်။ ဒါလေးတွေကို စာအုပ် အနေနဲ့လည်းလုပ်ချင်တယ်။ ကျွန်တော့်မှတ်တမ်းလေးပေါ့လေ။ ထိုင် တွေးနေတာ မျိုးမဟုတ်ဘဲနဲ့ အတွေးပေါ်မှာမှုတည်ပြီးတော့ ဖြစ်ဖြစ်လာတဲ့ အရာလေးတွေဆိုတော့လေ။ အဲဒါလေးတွေကို ကျွန်တော်မှတ်တမ်းထား ချင်ပါတယ်။ ပရိသတ်တွေ စာအုပ်အနေနဲ့လည်း ဖတ်ရမှာပါ။ ပြီးတော့ ကျွန်တော်ဖေ့ဘွတ်စ် ပြန်သုံးတဲ့အခါ ပြန်ရေးတဲ့အခါ ဒါလေးတွေကိုလည်း ဖတ်ပေးပါ”လို့ သူ့ရဲ့ပရိသတ်တွေအတွက် ဖိုးချစ်ကပြော ပြပါတယ်။

ဒါ့အပြင်သူ့ရဲ့ဘဝဖြတ်သန်းမှုကိုလည်းရေးသားဖို့ သူ့မှာစိတ်ဆန္ဒ တွေရှိနေပါသေးတယ်။ မြို့ရွှေမန်းသားဖိုးချစ်က လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့ဘွတ်စ်ကိုတော့ သူကသုံး တတ်ရင်ဆေး မသုံးတတ်ရင်ဘေးလို့ယူဆ သတ်မှတ်ပြီး သုံးတတ်ရင် ကုသိုလ်ဖြစ်ကာ အကျိုးများသလို မသုံးတတ်ရင် အကုသိုလ်များပြီး ရန်ပွားကာအကျိုးမရှိဘူးလို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ သူဘာကြောင့် ဖေ့ဘွတ်စ်မသုံးဖြစ်တော့တာလဲဆိုတာကိုတော့သူက…

”ဖေ့စ်ဘုတ် မသုံးဖြစ်တော့ မိသားစုတွေနဲ့ ပရိသတ်တွေနဲ့တော့ စကား ပြောရတာ ဝေးသွားတယ်။ ဒါပေမဲ့ ကျွန်တော်တစ်ခြားအလုပ်တွေ ပိုပြီးတော့လုပ်ဖြစ်တယ်။ တာဝန်ခံမှုမရှိတဲ့ အကောင့်တွေတာ ဝန်ခံမှုမရှိတဲ့ စကားတွေကြောင့် စိတ်မညစ်ချင်ဘူး”လို့ ဖိုးချစ်က ပြောပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်က မြန်မာသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပြီး မြို့ရွှေမန်းသားလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း တည်ထောင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင်ဘောလုံး အသင်းကိုလည်း တည်ထောင်ထားပြီး သူကိုယ်တိုင်လည်း ဝင်ရောက်ကစားနေသူ တစ်ဦးပါ။ ဒီလိုမျိုးအလုပ်တွေ မအားလပ်ရအောင် ဖြစ်နေတဲ့သူ့အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်သလို ရေများများ သောက်ကာ ကျန်းမာရေးကို အထူး ဂရုစိုက်ဖြစ် နေတယ်လို့ပြောပါတယ်။ ဇာတ်သဘင်နဲ့ ပတ်သက်လို့ လည်း ပရိသတ်တွေအနေနဲ့ အသစ်အသစ်သော တင်ဆက်မှုတွေအများကြီး မြင်တွေ့ရဖို့ရှိပါ တယ်လို့ သူကသတင်းပေးခဲ့ပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here