ရန်ကုန်၊ မန္တလေးတို့မှာ အောင်မြင်ခဲ့တဲ့ Back To Millenium ဂီတဖျော်ဖြေပွဲ ထပ်မံကျင်းပမည်

0
72

လက်မှတ်ဈေးနှုန်း တစ်သောင်း ကနေ ခုနစ်သောင်းအထိ သတ်မှတ် ထားတဲ့ Back To Millenium(The Last Chapter) ဂီတဖျော်ဖြေပွဲ ကြီးကို နိုဝင်ဘာလ ၁၈ရက်နေ့၊ ရန်ကုန်မြို့၊ Thuwannabumi Event Park မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ သင်ဟာ ၉ဝခုနှစ်များဆီမှာ မွေးဖွားခဲ့ တဲ့ သူတစ်ယောက်ဆိုရင် Back To Millenium ပွဲမှာ ပါဝင် ဖျော်ဖြေမယ့် အဆိုတော်တွေ၊ ဂီတအဖွဲ့တွေနဲ့ ရင် နှီးကျွမ်းဝင်မယ်ဆိုတာ အသေအချာ ပါပဲ။ ပွဲနဲ့ပတ်သက်လို့ လွမ်းမောဖွယ် ကောင်းတဲ့ စကားတချို့ကို…

” ဒီဖျော်ဖြေပွဲက ပရိသတ်တွေ ကြားမှာ ထင်မှတ်မထားလောက် အောင် အောင်မြင်မှုတွေလည်း ရရှိခဲ့ တယ်။ ပထမဆုံး ရန်ကုန်၊ နောက်ပြီး မန္တလေး၊ အခု ရန်ကုန်ပေါ့။ ဒီတစ် ခေါက်ပွဲမှာတော့ The Last Chapter လို့ခေါင်းစဉ်ပေးထားတယ်။ စင်အောက်က ပရိသတ်ရော၊ စင်ပေါ်က ဖျော်ဖြေမှုတွေရော၊ စင်နောက်မှာ ရော အားလုံးပျော်ရွှင်ကြမယ်။ ဒီပွဲ လေးမှာအားလုံးလာကြည့်ရင်းနဲ့ အရင်တုန်းက အချိန်တွေကို ပြန်သွား ကြမယ်။ သတိရကြမယ်။ အရင်က ဖျော်ဖြေခဲ့ကြတာကတော့ လူပျိုတွေပဲ ပေါ့။ အခုတော့ ဖျော်ဖြေတဲ့လူတွေ လည်း ကလေးအဖေတွေ၊ မိသားစု တွေနဲ့ ဖြစ်ကုန်ကြပြီ။ လာကြည့်တဲ့ သူတွေလည်း မငယ်ကြတော့ဘူးပေါ့” လို့ Acid အဖွဲ့က အနဂ္ဂနဲ့ ရန်ရန်ချန်း က ပြောပါတယ်။ Theory အဖွဲ့က  ဘာဘူက လည်း…

”ဖီးချားရင်းအနေနဲ့ ပြောချင် တာက Back To Millenium ပွဲ(၁) မှာမပါတဲ့ ကိုအဲလက်(စ်) ပြန်ပါမယ်။ သီအိုရီကို ဖီးချားရင်းဝင်ဆိုပေးဖို့ ကိုမျိုးကျော့ မြိုင်ပါမယ်။ စန္ဒီမြင့်လွင်ပါမယ်။ နည်းနည်းဆန်းသစ်သွား အောင်လုပ်ထားတာပေါ့နော်။ ဘယ် အပုဒ်တွေဆိုမလဲဆိုတာကတော့ ရွေး နေကြတုန်းပဲလို့ပြောပြပါတယ်။

Back To Millenium(The Last Chapter) ဂီတဖျော်ဖြေပွဲမှာ တော့ Acid, Theory, Examplez, Too Big Teens, System, ajryJ,dkç OKGßAç Noç Bambino, Kook စတဲ့ ဂီတအဖွဲ့တွေနဲ့ အဆိုတော်များစွာပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here