သရုပ်ဆောင် မင်းသား မင်းသမီးကြီးတွေကို လေးစားတယ်လို့ ပြောလာတဲ့ ဆိုဖီယာ

0
190

Myanmar Idol Season -1 သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ် အားပေးမှုနဲ့အတူ ဂီတလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အဆိုတော် Sophia ကတော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ NVM(Never Mine) အခွေထွက်ရှိထားပြီး လက်ရှိမှာ ဒုတိယမြောက်တစ်ကိုယ်တော် တေးစီးရီးထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ သူမရဲ့ ဒုတိယမြောက် တစ်ကိုယ် တော်တေးစီးရီးကတော့ အဆွေးသီချင်းနဲ့ သီချင်းအေးအေးလေးတွေပါဝင်ပြီး မြန်မာပရိသတ်အကြိုက်ဖြစ်စေမယ်လိုလည်း ပြောပြခဲ့ပါတယ်။ သရုပ်ဆာင် တစ်ဦးအနေနဲ့ ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးတဲ့ ‘နောက်ကျောကဓား’၊ ဒါရိုက် တာ မယ်မင်းဘုံရိုက်ကူးတဲ့ ‘နောင်ဘယ်တာ့မှ မမုန်း’စတဲ့ Video ဇာတ်ကား များမှာ ပါဝင်သရုပ်ဆာင်ခဲ့ပြီဖြစ်တဲ့ သူမကို နောက်ထပ်သရုပ်ဆောင်အလုပ်တွေ လုပ်ဖြစ်ဦးမှာလားလို့ မေးမြန်းခဲ့ရာ…

”သရုပ်ဆောင်လုပ်တာက ဆိုဖီတို့ အဆိုပိုင်းထက် ပိုပင်ပန်းပါတယ်။ သရုပ်ဆောင် အလုပ်ကလည်း တကယ်ခက်ခဲတဲ့ အနုပညာတစ်ခုပါ။ သရုပ် ဆောင်မင်းသား မင်းသမီးကြီးတွေကို ဆိုဖီကတော့ တကယ်လေးစားပါတယ်။ အဲ့ဒီလောက် ပင်ပန်းတဲ့ အလုပ်ကို  သူတို့အနုပညာကိုချစ်လို့ လုပ်နိုင်ကြတယ်။ ဆိုဖီကိုယ်တိုင် သရုပ်ဆောင်တဲ့ အခါမှာလည်း အ ရမ်းပင်ပန်းတဲ့ အလုပ်ဆိုတာ သိလာ တယ်။ တခြားလူယောက်ရဲ့ ပုံစံဖြစ်အောင် လုပ်ရတာဖြစ်တဲ့အတွက် တော်တော် ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားတွေ ထွက်လာပြီး ကိုယ်ကားကို ပြန်ကြည်တဲ့ အခါမှာတော့ အရမ်းကျေနပ်ပါတယ်။ အခုလက်ရှိကတော့ ဆိုဖီသရုပ်ဆောင်အလုပ်ကို နားထားပါတယ်။ သီချင်းပိုင်းကိုပဲ အဓိကထားပြီးလုပ်ဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်လုပ် ဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ သီချင်းပိုင်းကိုပဲ အဓိကထားပြီး လုပ်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

Myanmar Idol အစီအစဉ်မှတစ်ဆင့် အဆိုတော်ဖြစ်လာတဲ့ သူမက Myanmar Idol အစီအစဉ်အပေါ် အမြင်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

”Myanmar Idol က ဆိုဖီရဲ့ ကျေးဇူးရှင်လို့ ပြောလို့ရပါတယ်။ Myanmar Idol ကပဲ ဆိုဖီကို ဘဝပြောင်းပေးခဲ့တာပါ။ Myanmar Idol ကကိုယ့်ကို စိတ်ချမ်းသာစေတယ်။ တိုးတက်စေတဲ့နေရာတစ်ခုလည်း ဖြစ်ပါ တယ်။ အဲ့ဒါကြောင့် ကိုယ်မှာတကယ် အရည်အချင်းရှိတယ်ဆိုရင် Myanmar Idol ကို သွားပြိုင်ဖို့ အားလုံးကို တိုက်တွန်းပါတယ်။ ပြိုင်ပွဲဝင်တဲ့ အခါမှာလည်း ကိုယ်လုပ်ရမယ့်အလုပ်ပဲ အာရုံစိုက်ပြီး တစ်စိုက်မတ်မတ် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ အာရုံတွေများနေရင် ကိုယ်အတွက် ဘာမှဖြစ်မလာမှာ စိုးလိုပါ”လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here