ဖေ့စ်ဘုတ် follower တစ်သန်းပြည့်ကျရင် ယောက်ျားလေးတွေပါ ပါလို့ရမယ့် အစီအစဉ်ကို စီစဉ်နေပါတယ် အေးဝတ်ရည်သောင်း

0
257

သရုပ်ဆောင် အေးဝတ်ရည်သောင်းက မုန်းစွဲရုပ်ရှင် ဇာတ်ကား မှာ နေတိုး၊ မင်းသွေး၊ ဖွေးဖွေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ နှစ်ဘဝသ ရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လည်း များစွာလုပ်ထားကြောင်း ပြောပါတယ်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းက မုန်းစွဲရုပ်ရှင် ဇာတ်ကား မှာ နေတိုး၊ မင်းသွေး၊ ဖွေးဖွေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ နှစ်ဘဝသ ရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လည်း များစွာလုပ်ထားကြောင်း ပြောပါတယ်။

“ပထမဘဝက ယောက်ျားကို အရမ်းချစ်တဲ့ ဗိုက်ကြီးသည် မိန်းမ တစ်ယောက် အနေ နဲ့သရုပ်ဆောင်မှာပါ။ ဒုတိယဘဝကတော့ ရဟန်းကို သဘောကျတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ သရုပ်ဆောင် မှာပါ။ ပထမဘဝရဲ့ အစွဲကြောင့် ဒုတိယဘဝမှာ စွဲပြီးလိုက်ပြီးသဘော ကျတဲ့ဇာတ်ရုပ်ကို သရုပ်ဆောင် ရမှာပါ။ ၁၉၆ဝ ကတစ်ဘဝ ၁၉၉၁ က တစ်ဘဝဆိုတော့ ဝတ်ပုံစားပုံ  လည်း ကွာခြားတယ်။ သူ့ကာရိုက် တာနဲ့သူ အဲဒီခေတ်နဲ့ လိုက်လျော ညီထွေတဲ့ အဝတ်အစားတွေ ဝတ် သွားဖို့လည်း ပြင်ဆင်ထားပါတယ်”  လို့  ပြောပါတယ်။ ဒီဇာတ်ကားက ထူးခြားတဲ့အတွက် ပရိသတ်တွေ အကြိုက်တွေ့ နိုင်မယ့် ဇာတ်ကားတစ်ကားလို့ ယုံ ကြည် ကြောင်းကို အေးဝတ်ရည်သောင်းက…. “ဒီဇာတ်ကားကို ကြိုက်မယ် ထင်တယ်။ မြင်နေကျ ပုံစံ မဟုတ်ဘူး။ ဇာတ်လမ်းကလည်း ထူးဆန်းတယ်။ ပေါက်စီ ကိုယ်တိုင်လည်း ဇာတ်လမ်းကိုဖတ်ပြီး ကြက်သီးထတယ်။ အကုန်လုံးကလည်း တကယ့်ကို အားကျိုး မာန်တက်ပြင်ဆင်နေကြတယ်။ ကိုနေတိုး ဆိုလည်း မုတ်ဆိတ်မွေးကို လွန်ခဲ့တဲ့လ ကတည်းက ကြိုထား တယ်။ ဖွေးဖွေးဆိုလည်း ဆံပင်တွေ ရော အကုန်ပြင်ဆင်ထားတယ်။ မင်းသွေးဆိုလည်း ဒီကာရိုက်တာ အတွက် စိတ်လှုပ်ရှားနေတယ်။ ပေါက်စီ ကိုယ်တိုင်လည်း ပြင်ဆင်နေတယ်။ ဗိုက်ကြီးသည် လုပ်မှာဆိုတော့ ဗိုက်အတုလုပ်ဖို့ ဆီလီကွန် ဗိုက်တွေရော အများကြီးပဲ သူ့နေရာနဲ့ သူ ပြင်ဆင်နေတာဆိုတော့ ပရိသတ်ကြီးအတွက် စိတ်တိုင်းကျစေမယ့် ဇာတ်ကားတစ်ကားလို့ ထင်ပါ တယ်”လို့ ပြောပါတယ်။

အေးဝတ်ရည်သောင်းက ဖေ့ ဘုတ်မှာ  Follower 888888 လုံးပြည့်တဲ့ အထိမ်းအမှတ်အဖြစ် မိန်းကလေး ပရိသတ် ၈ဦးနဲ့ အပြင် မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံတဲ့ အခါမှာ အေးဝတ်ရည်သောင်းက မိန်းကလေး ၈ ဦးနဲ့ မြန်မာဝတ်စုံတွေ ဆင်တူဝတ်ဆင်ပြီး အမှတ်တရ ဓာတ်ပုံ တွေရိုက်ကူးခဲ့ကြပါတယ်။ “အမှတ်တရ ဖြစ်ချင်တယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ ကိုယ်ကချည်း လုပ်ပေးလိုက်ရတာမျိုး မဟုတ်ဘဲ သူတို့နဲ့ အပြန်အလှန် ဖြစ်တဲ့ဟာမျိုးဖြစ် ချင်တယ်။ သူတို့နဲ့လည်း အပြင်မှာ တွေ့ချင်တယ်။ မိန်းကလေးတွေ အများကြီးနဲ့ ဆင်တူဝတ်ပြီး ဓာတ်ပုံ ရိုက်ရတာကို ကြိုက်ကိုကြိုက်တာ။  ငယ်ငယ်တုန်း ကလည်းကျောင်းမှာ ပေါက်စီတို့ သူငယ်ချင်း ၉ ယောက် ရှိတယ်။ ၉ ယောက်လုံး ဖိနပ်ဆင်တူ၊ အင်္ကျီ ဆင်တူ၊ လွယ်အိတ်ဆင်တူ ဝတ်ကြတယ်။ အဲဒါကိုလည်း ပြန်သတိရပြီး လုပ် ဖြစ်သွားတာပါ။ ကိုယ်ဝတ်တဲ့အဝတ် အစားတွေ ဆင်ချင်တာကျတော့ ယောင်္ကျားလေး ပရိသတ်တွေ အတွက်က အဆင်မပြေဘူး။ မိန်းကလေး တွေက ပိုလည်းလှမယ် ချစ်ဖို့လည်း ကောင်းမယ်ထင် လို့ပါ။ ဖေ့ဘုတ် တစ်သန်းပြည့်ကျရင်တော့ ယော ကျာ်း လေးတွေပါ ပါလို့ရတဲ့အစီအစဉ်ကို စီစဉ်နေပါတယ်”  လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ ပရိသတ်တွေအားပေးမှု များ ပြားလာတဲ့ အတွက် အနုပညာအလုပ်တွေ ပိုလုပ်လာရ တာကြောင့် ပရိသတ်တွေ ကို အထူးကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေကိုလည်း အင်တိုက်အား တိုက်နဲ့ အကောင်းဆုံး လုပ်ဆောင်သွားပါ့မယ်” လို့  အေးဝတ်ရည်သောင်းက ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here