ရဲတိုက် ဘယ်တော့ လွတ်လာမလဲ…

0
248

၂ဝ၁၃ ခုနှစ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သာသနာ ညှိုး နွမ်းစေမှုတို့နဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ သရုပ်ဆောင် ရဲတိုက် ဟာ ဒီနှစ် အတွင်းမှာ လွတ်လာ တော့မယ်လို့ ဆာတိုရီ ထုတ်လုပ်ရေးပိုင်ရှင် ကိုမျိုးဇော် (ဒါရိုက်တာရီဇော်)က ပြောပါတယ်။

မကြာမီလွတ်မြောက် လာတော့မှာ ဖြစ်ပေမယ့် ရက်အတိ အကျကိုတော့ မသိရသေးကြောင်း ကို ကိုမျိုးဇော်က…၂ဝ၁၃ခုနှစ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သာသနာ ညှိုး နွမ်းစေမှုတို့နဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ သရုပ်ဆောင် ရဲတိုက် ဟာ ဒီနှစ် အတွင်းမှာ လွတ်လာ တော့မယ်လို့ ဆာတိုရီ ထုတ်လုပ်ရေးပိုင်ရှင် ကိုမျိုးဇော် (ဒါရိုက်တာရီဇော်)က ပြောပါတယ်။ မကြာမီလွတ်မြောက် လာတော့မှာ ဖြစ်ပေမယ့် ရက်အတိ အကျကိုတော့ မသိရသေးကြောင်း ကို ကိုမျိုးဇော်က… “ရဲတိုက် လွတ်မယ့်နေ့ကို ကျွန်တော်တို့ သေချာ မသိနိုင်ပါဘူး။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ ဒီလထဲမှာ လွတ်လောက်တယ်။ ဒီ လထဲမှာလွတ်ရင် တတိယပတ် ဒါမှ မဟုတ် နောက်ဆုံးပတ်လောက် ဖြစ် မယ်။ တကယ်လို့ ကျော်သွားရင် လည်း ဒီဇင်ဘာလ ပထမပတ် လောက် ဖြစ်လောက်မယ်။ အတိ အကျ မပြောနိုင်ဘူး။ ကျွန်တော်တို့ ဖုံးကွယ်ထားတာ လည်းမဟုတ် ပါဘူး” လို့ ပြောပါတယ်။

ရဲတိုက်ဟာ သူပြစ်ဒဏ်ကျခံရမယ့် နှစ်စေ့ပြီ ဖြစ်တာကြောင့် လွတ် မြောက်လာတော့မှာ ဖြစ်ကြောင်းကို ကိုမျိုးဇော်က… “သူရဲ့ ပြစ်ဒဏ် နှစ်စေ့သွားလို့ လွတ်လာမှာပါ။ ပြစ်ဒဏ်နှစ်စေ့သွား တယ်ဆိုတာက သာမန် အကျဉ်းသား တွေ ရလေ့ရှိတဲ့ လျော့ရက်တွေပဲပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တာမျိုး မဟုတ်ပါဘူး။ သူ့ကျသွားတဲ့အတိုင်း ပြစ်ဒဏ်စေ့သွားလို့ လွတ်တာမျိုးဖြစ် မှာပါ။ ရဲတိုက်က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဆိုပြီး ထောင် ၆နှစ် ကျခံရတယ်။ အယူခံတက်တော့ ၅နှစ်ဖြစ်သွားတယ်။ တစ်နှစ်လျော့ သွားတယ်။ အဲဒီမတိုင်ခင်က ဖြစ်တဲ့ ဘုရားကျောင်းမှာ ဖြစ်တဲ့ သာသနာ ညှိုးနွမ်းစေမှုနဲ့ ပုဒ်မ ၂၉၄နဲ့ ထောင် ဒဏ်တစ်နှစ်၊ ပုဒ်မ ၂၉၅ နဲ့ထောင် ဒဏ်တစ်နှစ်၊ နှစ်ခုပေါင်းကို တစ် ပေါင်းတည်း ချမယ်ဆိုပြီး တစ်နှစ် ထပ်ကျတယ်။ ဟိုအမှုနဲ့ပေါင်းရင် ၆နှစ် ကျသွားတာပါ။ ဗိုလ်တထောင် တရားရုံးမှာ ချတဲ့ ၂၉၄၊ ၂၉၅အ တွက်က ကျောက်တံခါးမှာ မူးယစ် ဆေးဝါး လက်ဝယ်တွေ့ရှိနဲ့ ချပြီး သွားမှ တောင်ငူထောင်ကနေ အင်း စိန်ထောင်ကို ရွှေ့ပြီး ဗိုလ်တထောင် တရားရုံးမှာ ထပ်စစ်ဆေးပြီး ထပ်ချ တာ။ အမိန့်မှာ စစ်ဆေးနေတဲ့ ကာ လတွေ ချုပ်ရက်တွေ ဖြစ်နေတော့ လျော့ရက်တွေ ခံစားခွင့်ရထားတာ။ ဗိုလ်တစ်ထောင်တရားရုံးက တစ်နှစ် အမိန့် ချသော်လည်းပဲ စစ်ဆေးနေ တဲ့ ကာလအားလုံးက ချုပ်ရက်တွေ အဖြစ်ရတယ်။ ရှေ့က ချုပ်ရက်တွေ လည်း ရှိတယ်။ ချုပ်ရက်တွေကို ပြစ်ဒဏ်ထဲကနေ ထုတ်နှုတ်ခံစား စေဆိုတဲ့ ခံစားခွင့်ရတာပေါ့။ အဲဒါ က သပ်သပ်တစ်မှု၊ အခု အကျဉ်း ထောင်ထဲမှာ နေစဉ်ကာလမှာ သာ မန်အကျဉ်းသားတွေ ရလေ့ရှိတဲ့ လျှော့ရက်တွေက သပ်သပ်တစ်ခု။ အဲဒါတွေကို တွက်ချက်တဲ့အခါမှာ အခုလောက်ကာလမှာ လွတ်မယ်လို့ မျှော်လင့်လို့ ရတာပါ။ ဘာလို့မျှော် လင့်လို့ရတာလဲဆိုရင် လွန်ခဲ့တဲ့ နှစ် လလောက်တုန်းက အကျဉ်းဦးစီးဌာန က အရာရှိတွေဆီက နေသိရတာပါ။ ရဲတိုက်ရဲ့လျှော့ရက်တွေကို နေပြည် တော်ကို တင်ပြရတယ်။ လျှော့ရက်တွေကို အတည်ပြုလိုက်ပြီ ။ လွန်ခဲ့တဲ့ တလလောက်က ကြားရ တာ ပေါ့။ ခန့်မှန်းခြေအားဖြင့် ဒီနှစ်ထဲမှာ လွတ်နိုင်တယ်ပေါ့” လို့ ပြောပါတယ်။  ဆာတိုရီထုတ်လုပ် ရေးပိုင်ရှင် ကိုမျိုးဇော်က ရဲတိုက်ကို ထောင်ဝင်စာ ပုံမှန်သွားတွေ့ လေ့ရှိ ပြီး အခုလက်ရှိမှာလည်း ရဲတိုက်ဟာ ကျန်းမာရေး ကောင်းမွန်လျှက် ရှိတယ်လို့ ပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here