‘ဂျင်းကောင်’ ကို ဒါရိုက်တာကိုပေါက် ဘယ်လိုပုံဖော်မလဲ

0
313

ဒါရိုက်တာကိုပေါက် ပရိသတ် တွေကြားမှာ အချိန်ကာလ တစ်ခုအထိ ရေပန်းစားခဲ့တဲ့ မြင့်မြတ်ရဲ့ ဂျင်းကောင် ကာရိုက်တာကို ပြန် လည် ထည့်သွင်းပြီး “ဂျင်းကောင်” ဆိုတဲ့ စကား ပေါက်ခဲ့တဲ့ “ဗိုလ် အောင် ချစ်သောမိန်းမများ” ဇာတ်ကားကို မီပါ့မလား ဆိုပြီး ဝေဖန်မှုလေးတွေ လည်း ရှိခဲ့ပါတယ်။

ဂျင်းကောင်ကို ကိုပေါက် ဘယ်လိုပုံဖော်မလဲဆိုတာမေးမြန်းတော့…ဒါရိုက်တာကိုပေါက် ပရိသတ် တွေကြားမှာ အချိန်ကာလ တစ်ခုအထိ ရေပန်းစားခဲ့တဲ့ မြင့်မြတ်ရဲ့ ဂျင်းကောင် ကာရိုက်တာကို ပြန် လည် ထည့်သွင်းပြီး “ဂျင်းကောင်” ဆိုတဲ့ စကား ပေါက်ခဲ့တဲ့ “ဗိုလ် အောင် ချစ်သောမိန်းမများ” ဇာတ်ကားကို မီပါ့မလား ဆိုပြီး ဝေဖန်မှုလေးတွေ လည်း ရှိခဲ့ပါတယ်။ ဂျင်းကောင်ကို ကိုပေါက် ဘယ်လိုပုံဖော်မလဲဆိုတာမေးမြန်းတော့… “ဂျင်းကောင်က ဗီဒီယိုလေးက မမျှော် လင့်လောက်အောင် ပရိသတ်တွေကြားထဲမှာ ပေါက်သွားခဲ့တယ်။ ဒါကို ရုပ်ရှင် ပြန်ရိုက်မယ် ဆို တော့ တချို့ ပရိသတ်တွေက ပြောကြတယ်။ ရှေ့ ဇာတ်ကားကို မီပါ့မလားပေါ့။ ဒါကလည်း ပရိသတ် တွေ လက်ခံမှု အပေါ်မှာပဲ မူတည်တယ်။ ကျွန် တော်တို့ကတော့ မှီဖို့ မမှီဖို့တွေက အဓိက မဟုတ်ပါဘူး။ ဂျင်းကောင်ကို ပရိသတ်တွေက တအား တောင်းဆိုနေကြတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကား အဖြစ်ကြည့်ချင်နေတာ ကြောင့် ပရိုဂျူဆာရော၊ မြင့်မြတ်ရော တိုင်ပင်ပြီးတော့ လုပ် တာပါ။ ရှေ့မှာတော့ “ဗိုလ်အောင်ဒင် ချစ်သော မိန်းမ များ” ပေါ့။ အခု ဇာတ်ကားမှာတော့ ရှေ့ဇာတ် ကားထဲက မြင့်မြတ်ရဲ့ ဂျင်းကောင် ကာရိုက်တာကို ဖန်တီးမှာပါ။ ပထမကားကတော့ ဗီဒီယိုဆိုတော့ ငွေကြေး အကန့် အသတ်နဲ့ ရိုက်ခဲ့တယ်။ အခု ရုပ်ရှင် ဇာတ်ကား ကြီးမှာတော့ သိုက်သိုက်ဝန်းဝန်း မြိုင်မြိုင်ဆိုင် ဆိုင်နဲ့ ကြီးကြီးကျယ်ကျယ်လုပ်ဖို့ စဉ်းစားထား ပါတယ်” လို့ ပြောပြပါတယ်။

ကိုပေါက် ပထမဆုံး ထုတ်လုပ် ရိုက်ကူးတဲ့ “ဆယ်လီ” ရုပ်ရှင် ဇာတ်ကားကအနုပညာ ရော၊ ငွေကြေး အမြတ်အစွန်း ပါရှိခဲ့တယ်ဆိုတဲ့ ကိုပေါက် က…”အစ်ကိုတို့ သော်ဝန်းကြာဖြူ အနေနဲ့လည်း ပထမဆုံး ထုတ်လုပ်တဲ့ ဇာတ် ကားဖြစ်တယ်။ ငွေရေးကြေးရေး အမြတ်အစွန်း အပြင်၊ အနုပညာလည်း ကျန်တဲ့အတွက် မပြော ပြနိုင်လောက်အောင် ဝမ်းသာတယ်။ တချို့ ဆိုရင် ပိုက်ဆံရပေမယ့် အနုပညာ စော်ကားခံ ရတာမျိုးတွေရှိတယ်။ အဲဒီလိုမျိုးလည်း မဟုတ် ဘဲ ပညာပေးလေးပါတော့ ကလေးမိဘတွေ လည်းကြိုက်ကြတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here