ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းပါတော်မူနှစ် ၁၃၂ နှစ်မြောက် အထိမ်း အမှတ်အနေနဲ့ သီပေါမင်းတရားရဲ့ ဆွေတော်မျိုးတော် များမှ နိုဝင်ဘာ ၁၁ နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ တန့်တော်မူ ကျောင်းတိုက်မှာ အလှူဒါနများ ပြု လုပ်ခဲ့ကြရာ သီပေါမင်းရဲ့ မြစ်တော် စပ်သူ ဒေါ်ဒေဝီသန့်စင်က.. ကုန်ဘောင်ခေတ် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းပါတော်မူနှစ် ၁၃၂ နှစ်မြောက် အထိမ်း အမှတ်အနေနဲ့ သီပေါမင်းတရားရဲ့ ဆွေတော်မျိုးတော် များမှ နိုဝင်ဘာ ၁၁ နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ တန့်တော်မူ ကျောင်းတိုက်မှာ အလှူဒါနများ ပြု လုပ်ခဲ့ကြရာ သီပေါမင်းရဲ့ မြစ်တော် စပ်သူ ဒေါ်ဒေဝီသန့်စင်က.. “လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့တို့ကို အစိုးရက ဦးစီးပြုလုပ်သလို ပါတော်မူနေ့ကိုလည်း ဦးစီး ကျင်းပစေချင်တယ်” လို့ ပြောခဲ့ ပါတယ်။
ဦးနု အစိုးရလက်ထက်က ပါတော်မူနေ့ အခမ်းအနားတွေကို အ စိုးရအိမ်တော်မှာ သီဟာသန ပလ္လင်တော်ပြသကာ ပြည်သူများကြည့် ရှုနိုင်ဖို့ ပြသခဲ့သလို ရေဒီယိုကနေ ပါတော်မူနေ့ အကြောင်းကို ပြောခွင့်ရခဲ့ တယ်လို့ မြစ်တော် ဒေါ်ဒေဝီသန့်စင်ကဆိုပါတယ်။ ဒါပေမဲ့ တပ်မတော် အစိုးရ လက်ထက်မှာတော့ ကျင်းပဖို့ခွင့်ပြုခြင်း မရှိတော့ ဘူးလို့လည်းပြောပါတယ်။ “ပါတော်မူနေ့ဟာ ဦးနုလက်ထက်က အစိုးရကြီးမှူးပြီး ကျင်း ပခဲ့တာလေ။ အစိုးရက ပါတော်မူမှတ်တိုင်ကို ဖျောက်ဖို့မကောင်းဘူး။ အ မျိုးသားနေ့တို့ လွတ်လပ်ရေးနေ့တို့ ဆိုတာ ပါတော်မူသွားတဲ့ တိုင်းပြည်ကျွန်ဖြစ်သွားတဲ့ အပေါ်မှာ ပေါက်ဖွားလာတဲ့ သခင်စိတ်ဓာတ်တွေ၊နောက်တော့ ဗိုလ်ချုပ်တို့ဟာ မလွတ်လပ်သေးတဲ့ နယ်ချဲ့လက်အောက်က တိုင်းပြည်ကို အသက်ပေးပြီး လွတ်လပ်ရေးယူသွားတယ်။ ဒီဟာက ပါတော်မူကနေ မြစ်ဖျားခံလာတာ။ ဘု ရင်စနစ်ကို ပြန်တောင်းခံနေတာ မ ဟုတ်ဘူး။ ပါတော်မူမှတ်တိုင်ကို ကျွန်မတို့က သင်ခန်းစာယူဖို့ ထားကို ထားရမှာ” လို့ ဒေါ်ဒေဝီသန့်စင်ကပြောပါသေးတယ်။
လက်ရှိအချိန်မှာ သီပေါမင်း တ ရားရဲ့ ဆွေတော်မျိုးတော်များဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်ခံနေရတဲ့ အပေါ်လည်း မဖြစ်သင့် ဘူးလို့ ဒေါ်ဒေဝီသန့်စင်က ဆက်ပြောပါတယ်။ မင်းတုန်းမင်း တရားနဲ့ မိဖုရားတို့ အသုံးမကျလို့ တိုင်းပြည်ပါသွား တယ်လို့ နောက်ပိုင်း လူငယ်တွေ ဝေဖန်နေကြတယ်လို့ သူမက ဆက်ပြောပါတယ်။ ဒါတွေဟာ အင်္ဂ လိပ် အစိုးရရဲ့သွေးခွဲခဲ့မှုတွေကြောင့် ဖြစ်ပြီးတော့ နောက်ဆုံးဘုရင်မင်း မြတ်ကိုလေးစားသင့်ကြောင်း ဆိုပါ တယ်။ ညပိုင်းမှာလဲ ရွှေတိဂုံစေတီတော်ပေါ်မှာ ပါတော်မူနေ့အထိမ်း အမှတ်အနေနဲ့ ဆီမီးပူဇော်ခဲ့ကြပါ သေးတယ်။
AF-245
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)