Miss Universe 2017 ပြိုင်ပွဲမှာ ဆုရရှိနိုင်ရန် ကြိုးစားသွားမယ့် အလှမယ် ဇွန်သံစဉ်

0
161

Miss Universe 2017 အလှမယ် ဇွန်သံစဉ် ကတော့ အမေရိကန်နိုင်ငံ Las Vegas မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Universe 2017  ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စား ပြုသွားရောက် ယှဉ်ပြိုင်ရန်အတွက် နိုင်ဝင်ဘာလ ၉ ရက်နေ့က အမေရိ ကန်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ် ပါတယ်။ ပြိုင်ပွဲဝင်ကာလ နိုဝင်ဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက် နေ့အထိ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ နိုင်ငံကိုယ်စားပြု တစ်ယောက် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရမှာနဲ့ ပတ်သက် ပြီးလည်း အခုလို ပြောပြခဲ့ပါတယ်။ “ညီမဘက်က တစ်နှစ်လည် အချိန်ရထားတယ်ဆိုတော့ အတတ် နိုင်ဆုံး ကြိုတင်ပြင်ဆင်မှု လေးတွေတော့ လုပ်ထားပါတယ်။ ပြိုင်ပွဲဝင် ကာလမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ကိုယ်ကို ကိုယ်ယုံကြည်မှုကတော့ အမြဲတမ်း ရှိပါတယ်။ အကောင်းဆုံး ကြိုးစားပြီးတော့ ကံတရားကိုပဲ စောင့် ကြည်ရမှာပါ။ ညီဘက်ကတော့ ရာနှုန်းပြည့် ကြိုးစားသွားမှာပါ။ ညီမကို ပရိသတ်တွေက အများကြီး မျှော်လင့်ထားကြတဲ့ အတွက်လည်း တာဝန်ကြီးတယ် ဆိုတာထက် ဘာဖိအားမှမဖြစ်ဘဲ ညီမအတွက် ခွန်အားတွေဖြစ်ပါတယ်။ ပရိ သတ်တွေ ကလည်း မြန်မာနိုင်ငံအတွက် ညီမကို ဆုကောင်းကောင်းလေး တစ်ခု ရလာစေချင် တယ်။ ညီ ကိုယ်တိုင်ကလည်း ပရိသတ် မျှော် မှန်းတဲ့အတိုင်း မြန်မာနိုင်ငံ အတွက် ဆုတစ် ခုခု ရယူပြီး ပြန်လာချင်တယ်။ ညီမ အဲ့ဒီစိတ် တွေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။

ပရိသတ် စိတ်ဝင်စားမှုများ နေတဲ့သူမရဲ့National Costume နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ . . . “National Costume ကိုဖန် တီးပေးထားတာက တော့ ဒီဇိုင်နာ မသဇင်ခင် ပါ။ သူကတော့  National Costume  တစ်ခုတည်း မဟုတ်ပါဘူး။ ညီမပြိုင်ပွဲ သွားတဲ့ ဝတ်စုံတွေ အစ အဆုံး စပွန်ဆာပေးပါ တယ်။ National Costume ဝတ်စုံကတော့   ရွှေ အသား အစစ်နဲ့ပြု လုပ်ထားပါတယ်။ ရွှေ သားနဲ့ လုပ်ထားတဲ့ အ တွက်လည်း တာဝန် ကြီးတယ်လို့ ဖိအားမရှိဘဲ အလှဆုံးဖြစ်အောင် အ ကောင်းဆုံးပြိုင်သွား မှာ ပါ။ ညီမဘက်က အမှား မယွင်း မရှိအောင်သေသေ ချာချာ ကြိုးစား သွားပါမယ်” လို့  ပြောပြခဲ့ပါ တယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here