အီးတီဖောင်ဒေးရှင်းကို ဆက်လက် လုပ်ဆောင်သွားမယ့် စည်ဖြိုး တို့ မိသားစု

0
387

သရုပ်ဆောင် စည်ဖြိုးတို့ မိသားစုက ကွယ်လွန် သွားပြီဖြစ်တဲ့ အကြားအမြင် ဆရာမ ဒေါ်ဆွေဆွေ ဝင်း (အီးတီ) အားရည်စူးပြီး သင်္ဃန်း ကျွန်းမြို့နယ်မှာရှိတဲ့ မန္တလေး ကျောင်း တိုက်မှာ သုံးထပ်ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ အီးတီ ဖောင်ဒေးရှင်း အတွက်လည်း ဆက်လက်မတည် ပေးနေပါတယ် ဆိုတဲ့ စည်ဖြိုးတို့ မိသားစုရဲ့ လှူဒါန်း မှုတွေက…သရုပ်ဆောင် စည်ဖြိုးတို့ မိသားစုက ကွယ်လွန် သွားပြီဖြစ်တဲ့ အကြားအမြင် ဆရာမ ဒေါ်ဆွေဆွေ ဝင်း (အီးတီ) အားရည်စူးပြီး သင်္ဃန်း ကျွန်းမြို့နယ်မှာရှိတဲ့ မန္တလေး ကျောင်း တိုက်မှာ သုံးထပ်ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။

အီးတီ ဖောင်ဒေးရှင်း အတွက်လည်း ဆက်လက်မတည် ပေးနေပါတယ် ဆိုတဲ့ စည်ဖြိုးတို့ မိသားစုရဲ့ လှူဒါန်း မှုတွေက… “ကျွန်တော်တို့က မဆွေကို ရည်စူးပြီး သုံးထပ်ကျောင်းဆောင် လှူဒါန်းခဲ့ပါတယ်။ အီးတီ ကျောင်း ဆောင် ဆိုပြီးတော့ပဲ နာမည်ပေးခဲ့ တယ်။ ငွေသားလည်း လှူဒါန်းတယ်။ ဒါတွေတင် မဟုတ်ပါဘူး။ မဆွေ ထောင်ထားတဲ့ ဖောင်ဒေးရှင်းကို လည်း ကျွန်တော်တို့ ဆက်လက်ပြီး မတည်သွားမှာပါ။ အမြဲတမ်း မျက်စိ အခမဲ့ပဲ ခွဲစိတ်ပေးသွားမယ်။ လူမျိုး မရွေး၊ ဘာသာမရွေး၊ အသက် အရွယ် မရွေး အကုန်လုံးလာလို့ရတယ်။ ကျွန်တော်တို့ ဖောင်ဒေးရှင်းမှာ တခြား ဘာသာဝင်တွေလည်း လာပါ တယ်။ အကုန်လုံးကို ကျွန်တော်တို့ လစဉ်လတိုင်း အခမဲ့ပဲ မျက် စိခွဲပေး တယ်။ အဲဒီပမာဏကလည်း နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ မဆွေ မရှိတော့ပေမယ့် မဆွေဖောင်ဒေး ရှင်းကို ကျွန်တော်တို့ဆက်ပြီး မတည် လှူဒါန်းသွားဦးမှာပါ” လို့ ပြောပါ တယ်။ အနုပညာ လှုပ်ရှားမှုနဲ့ ပတ် သက်လို့တော့ စည်ဖြိုးရဲ့ ဇာတ်ကား ထွက်ရှိမှုတွေ ကျဲပါးနေတာကို တွေ့ ရပါတယ်။

စည်ဖြိုးရဲ့ ဇာတ်ကား တွေကို စောင့်မျှော်နေတဲ့ ပရိသတ် တွေ အတွက်လည်း စည်ဖြိုးက… “ကျွန်တော်က အခု ဗီဒီယို ဇာတ်ကားတွေ အထွက် နည်းသွား တယ်။ ဒီလိုအထွက် နည်းပေမယ့် အ ခုလည်း ရုပ်ရှင် ဇာာတ်ကားကြီးတွေ ချည်းပဲ ၇ကား၊ ၈ ကားလောက် ရိုက် ကူးပြီးသွားပါပြီ။ အခု ၁၁ လပိုင်း ကုန်လောက်က စပြီး တစ်ကားချင်းစီ ရုံတင်ပြသတော့မှာပါ။ “သတ်ကွင်း” ဇာတ်ကားက စတင်ပြီး ပရိသတ်တွေ လည်း ကျွန်တော်ပါဝင်သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ မြင် တွေ့ရမှာ ပါ” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here